အမေရိကန် ပြင်ပဖုန်းခေါ် ဆိုမှုတွေလည်း စောင့်ကြည့် ခံနေရ

အမေရိကန် ပြင်ပဖုန်းခေါ် ဆိုမှုတွေလည်း စောင့်ကြည့် ခံနေရ

သတင်းအချက်အလက် ထောက်လှမ်း နိုင်ဖို့အတွက် သံသယဖြစ်ဖွယ်ခရီး သွားလာမှုပုံစံတွေ
ဒါမှမဟုတ် အချင်းချင်းချိတ်ဆက်ဆောင်ရွက်မှုတွေကို ရှာဖွေဖို့ ကြိုးပမ်းရာမှာ အမေရိကန်နိုင်ငံ
ပြင်ပမှာရှိတဲ့ သိန်းထောင်နဲ့ ချီရှိ တဲ့ ဆဲလ်ဖုန်းတွေရဲ့ တည်နေရာနဲ့ ဆက်သွယ်ပြောဆိုမှုတွေကို
အမျိုးသားလုံခြံုရေးကောင်စီ (အင်န်အက်စ်အေ)က ခြေရာခံစောင့်ကြည့်နေတယ်လို့ အင်န်အက်စ်
အေ ကန်ထရိုက်တာဟောင်း အက်ဒ်ဝပ်ဂျေစနိုးဒန်ကြောင့် ပေါက်ကြားခဲ့တဲ့ လျို့ဝှက်စာရွက်စာ
တမ်းတွေအရ သိရပါတယ်။

သတင်းအချက်အလက်တွေ ရရှိဖို့ အတွက် ခြေရာခံရာမှာ အင်န်အက်စ်အေ ဟာ ဖန်မျှင်ဆက်
သွယ်ရေးကြိုးတွေနဲ့ တခြားဆက်သွယ်ရေးကြိုးတွေကနေ သတင်းကြားဖြတ်ရယူခြင်းနဲ့ အမေရိ
ကန်နိုင်ငံပြင်ပမှာရှိတဲ့ ဆဲလ်ဖုန်းတွေ ရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်း ငါးဘီလျံနီး ပါးလောက်ကို နေ့စဉ်
စုဆောင်းရရှိ တယ်လို့ အထောက်အထားစာရွက် တွေမှာ ဖော်ပြထားပါတယ်။

ဖုန်းတွေ ကို လိုတဲ့အခါ ခြေရာခံဖို့အတွက် ဒီအချက်အလက်တွေကို သိမ်းဆည်း ထားပါတယ်။
အင်န်အက်စ်အေဟာ အမေရိကန် ပြည်တွင်းမှာရှိတဲ့ အမေရိကန်ဆဲလ် ဖုန်းတွေရဲ့ တည်နေရာနဲ့
ပတ်သက်တဲ့ သတင်းအချက်အလက်ပေါင်းမြောက်မြားစွာကို ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်အတွင်း မှာ
စုဆောင်းဖို့ လျှို့ဝှက်စမ်းသပ်စီမံ ကိန်းတစ်ခုကို ဆောင်ရွက်ခဲ့တယ်လို့ အောက်တိုဘာလမှာ
နယူးယောက် တိုင်းမ်က ဖော်ပြထားပါတယ်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ရဲ့ ဒါရိုက်တာ
ဂျိမ်းစ်အာရ်ကလပ်ပါ ဂျူနီယာက ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီး ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပြီး
လက်တွေ့အကောင်အထည်မဖော်ဖြစ် ခဲ့ပါဘူးလို့ ပြောပါတယ်။

အင်န်အက်စ်အေရဲ့ ပြည်ပနိုင်ငံတွေအပေါ် သူလျှိုလုပ်ထောက်လှမ်း တဲ့နယ်ပယ်ဟာ ကျယ်ပြန်
့လာပုံရနေ တဲ့အတွက် အင်န်အက်စ်အေရဲ့ ဖုန်းခေါ် ဆိုမှု မှတ်တမ်းစုဆောင်းမှုနဲ့ပတ်သက် တဲ့
သတင်းတွေပေါ်ထွက်လာတာဟာ နိုင်ငံခြားသားတွေကို မကျေမနပ်ဖြစ်စေမှာတော့ သေချာပါ
တယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေအရ အင်န်အက်စ် အေဟာ
တည်နေရာပြသတင်းအချက် အလက်တွေကို အရင်က စိတ်ကူးလို့ တောင်မရခဲ့တဲ့ နှုန်းထား
(တစ်ရက်ကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူဦးရေသန်း ပေါင်းများစွာရဲ့ သတင်းအချက်အလက်
တွေကိုစုဆောင်းခြင်း) နဲ့ စုဆောင်း နေတယ်ဆိုတဲ့အချက်ကတော့ ထင်ရှား နေပါတယ်။

(အင်န်ဝိုင်တိုင်းမ်စ်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်