စပေါ်တီဖိုင်က အခမဲ့သီချင်း ၀န်ဆောင်မှု တိုးချဲ့ပေးပြီ

စပေါ်တီဖိုင်က အခမဲ့သီချင်း ၀န်ဆောင်မှု တိုးချဲ့ပေးပြီ

ဒစ်ဂျစ်တယ်ဂီတဝန်ဆောင်မှု စပေါ်တီဖိုင် (Sportify) ဟာ ပန်ဒိုရာ (Pandora) လို ပြိုင်ဘက်
တွေကို ယှဉ်ပြိုင်ဖို့ ကြိုးပမ်း မှုကို မြှင့်တင်တဲ့အနေနဲ့ သူ့ရဲ့ အခမဲ့ဂီတ ၀န်ဆောင်မှုကို စမတ်ဖုန်း
နဲ့တက်ဘ လက်တွေအတွက် ဒီဇင်ဘာလ ၁၁ ရက် နေ့ကစပြီး တိုးချဲ့ဝန်ဆောင်မှုပေးလိုက် ပါပြီ။

ဆွီဒင်အခြေစိုက်ကုမ္ပဏီရဲ့ သီချင်း ပေါင်းချုပ် (music library) က သီချင်း တွေကို အက်ပဲလ်
ဒါမှမဟုတ် အန်ဒရွိုက် စနစ်သုံးမိုဘိုင်းပစ္စည်းတွေကို အသုံးပြု နေတဲ့သုံးစွဲသူတွေ ရယူနားဆင်နိုင်
စေမယ့် အက်ပလီကေးရှင်းတွေကို စပေါ်တီဖိုင်က စီစဉ်ပေးထားပါတယ်။ အစပိုင်းတုန်းကတော့
သုံးစွဲသူတွေ က လစဉ်ကြေးမပေးရင် စပေါ်တီဖိုင်ရဲ့ အခမဲ့သီချင်းဝန်ဆောင်မှုကို လက် တော့ပ်
ဒါမှမဟုတ် ဒက်စ်တော့ပ် ကွန်ပျူတာတွေကပဲ ရယူနိုင်ပါတယ်။

"အခုတော့ စမတ်ဖုန်းနဲ့ တက်ဘ လက်တွေရဲ့ သမိုင်းမှာ အကောင်းဆုံး အခမဲ့ သီချင်းဝန်ဆောင်မှု
ကို သုံးစွဲသူတွေအတွက် ကျွန်တော်တို့ ၀န်ဆောင် မှုပေးနေပါပြီ"လို့ စပေါ်တီဖိုင်ရဲ့ အမှု ဆောင်
အရာရှိချုပ်ဒယ်နီရယ်လ်အက် က ပြောပါတယ်။ စပေါ်တီဖိုင်ဟာ သူ့ရဲ့ဝန်ဆောင်မှု ကို ဈေးကွက်
သစ်နေရာ၂၀ ဆီလည်း ဖြန့်ကြက်ပေးနိုင်ခဲ့ပြီး နိုင်ငံပေါင်း ၅၅ နိုင်ငံမှာ ဒီဝန်ဆောင်မှုကို ရယူခံစား
နိုင်ပါပြီ။ စပေါ်တီဖိုင်ရဲ့ သီချင်းဝန်ဆောင်မှု ကို အမြဲတမ်းရယူသုံးစွဲသူ ၂၄ သန်းရှိပြီး ကြော်ငြာမပါ
သီချင်းဝန်ဆောင်မှုဖြစ် တဲ့ စမနာငကာ ေိ်မနန ျနမလငခန ကို တစ်လ ၁၀ ဒေါ်လာ လစဉ်ကြေး
ပေးပြီး သီချင်းတွေ ရယူကြတဲ့ သုံးစွဲသူခြောက်သန်းကျော်ရှိတယ်လို့ သိရပါတယ်။ အခမဲ့ သီချင်း
၀န်ဆောင်မှုတွေကို တော့ ကယ်လီဖိုးနီးယားအခြေစိုက် သီချင်းဝန်ဆောင်မှုလုပ်ငန်း ပန်ဒိုရာ က
အသုံးပြုတဲ့ အလားတူပုံစံ ကြော်ငြာ တွေရဲ့ထောက်ပံ့မှုနဲ့ စီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။

"စပေါ်တီဖိုင်ရဲ့ အပြောင်းအလဲဟာ မိုဘိုင်းပစ္စည်းတွေနဲ့ အခမဲ့သီချင်းဝန်ဆောင်မှုကို ရယူခံစား
စေခြင်းဖြင့် အစပိုင်းမှာ အခမဲ့သီချင်းဝန်ဆောင်မှု ကို စမ်းကြည့်ကြပြီး နောက်ပိုင်းမှာ လစဉ်
ကြေးပေးပြီး သီချင်းတွေ ရယူကြမယ့် နောက်ထပ်ဖောက်သည်ခြောက်သန်း လောက်ရလာဖို့
ကုမ္ပဏီက မျှော်မှန်းထားတဲ့ သဘောကို ပြရာလည်း ရောက်ပါတယ်" လို့ နည်းပညာနဲ့ ဈေးကွက်
သုတေသနကုမ္ပဏီ Forrester က ကျွမ်းကျင်သူ ဂျိမ်းစ် မက်ကီဗေး (Jam-es McQuivey) က
ပြောပါတယ်။

အခမဲ့ဝန်ဆောင်မှုမှာ သီချင်းတွေကို သီချင်းအမျိုးအစားပေါင်းစုံ ရောနှော နေတာမျိုးကိုပဲ
ပေးထားပြီး အွန်လိုင်းပေါ် မှာ လက်ရွေးစင်သီချင်းအမျိုးအစား တစ်ခုတည်းကို ရွေးပြီးနားထောင်
လို့ မရပါဘူး။ ဆွီဒင်နိုင်ငံသားနှစ်ဦး က ၂၀၀၆ ခုနှစ် မှာ စတင်ခဲ့တဲ့ စပေါ်တီဖိုင် ဟာ ကမ္ဘာပေါ်
မှာ လူကြိုက်အများဆုံးအင်တာနက် ဂီတဝန်ဆောင်မှု ဖြစ်နေပေမယ့်လည်း သူ့ရဲ့ ပြိုင်ဘက်
အမေရိကန်ကုမ္ပဏီ ပန် ဒိုရာနဲ့မတူတဲ့အချက်ကတော့ ကုမ္ပဏီ မှာ အမြတ်မရသေးတာပဲ
ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ သီချင်းရောင်းရငွေ ဟာ ယူရို ၄၃၄ ဒသမ ရ သန်း ( ဒေါ်လာ ၅၉၄သန်း)ရှိပြီး
ယူရို ၅၈ ဒသမ ရ သန်း အရှုံးပေါ်နေပါတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။
အက်ပဲလ်၊ အမ်မဇွန်၊ ဂူးဂဲလ်နဲ့ မိုက် ခရိုဆော့ဖ်လို ကုမ္ပဏီကြီးတွေက ကလောက်ဒ်နည်းပညာနဲ့
သီချင်းဝန် ဆောင်မှုတွေ ပေးနေတဲ့ ဈေးကွက်ထဲ မှာ သုံးစွဲသူတွေရဲ့ အချိန်နဲ့ အာရုံစိုက်မှု အတွက်
ကြိုးပမ်းနေတယ်လို့ မက်ကီဗေး ကပြောပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်