အားကစားကွင်း နေရာခြောက်နေရာတွင် ၀ိုင်ဖိုင်အသုံးပြုမှုအဆင်မပြေပါက အကြောင်းကြားနိုင်

အားကစားကွင်း နေရာခြောက်နေရာတွင် ၀ိုင်ဖိုင်အသုံးပြုမှုအဆင်မပြေပါက အကြောင်းကြားနိုင်

Redlink ကုမ္ပဏီက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အင်တာနက်အသုံးပြုရာတွင်
အဆင်ပြေစေရန် အားကစားပြိုင်ပွဲကျင်းပရာ နေရာခြောက်နေရာတွင် ၀ိုင်ဖိုင်အင်တာနက်ကို
အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိရာ အဆင်ပြေမှုမရှိပါက ဆက်သွယ်မေးမြန်းနိုင်ကြောင်း
သိရသည်။

"ကျွန်တော်တို့ကို ကစားကွင်းရဲ့ သက်ဆိုင်တဲ့သူတွေက Information Center တွေ ထားခွင့်
မပေးတဲ့အတွက်ကြောင့် ဒီလို ံသအ ူငညန နဲ့ ဆက်သွယ် အကြောင်းကြားနိုင်အောင် စီစဉ်ထား
တာပါ" ဟု ကုမ္ပဏီ၏ Sale and Marketing Department မှ လက်ထောက် အထွေထွေ
မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။

"တချို့ VIP လမ်းကြောင်းရှိရင် Jumper ချိုးတာတွေ ရှိတယ်။ အဲဒါကြောင့် ဖုန်းလိုင်းတွေ
ပျက်သွားတာတွေရှိ တယ်။ အဲဒီလိုအချိန်ဆိုရင် အင်တာ နက်လိုင်းတွေ ကျသွားတာမျိုး ရှိတယ်။
ကျွန်တော်တို့လက်ရှိတော့ သုံးစွဲသူတွေအနေနဲ့ ဆက်သွယ်ပြီးအကြောင်း ကြားတာတော့ မရှိသေး
ဘူး" ဟု ၎င်းက ပြောသည်။

၀ိုင်ဖိုင် သုံးစွဲသူများအနေဖြင့် အခက်အခဲကြံုတွေပါက Hotline နံပါတ် ၀၁-၅၄၀၆၉၆ နှင် ့
၀၁-၈၆၀၃၅၃၅ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။ ၀န်ဆောင်မှုပေးထားသော ခြောက် နေရာမှာ
သုဝဏ္ဏမိုးလုံလေလုံကွင်း၊ သုဝဏ္ဏဘောလုံးကွင်း၊ သိမ်ဖြူကွင်း၊ မင်းဓမ္မလမ်း MCC ခန်းမ၊ မြောက်
ဒဂုံ သေနတ်ပစ်ကွင်းနျင့် ငွေဆောင်တို့ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်