မောင်ထော်လေး အိတ်ချိန်း အင်တာနက်မကြာခဏရပ်

မောင်ထော်လေး အိတ်ချိန်း အင်တာနက်မကြာခဏရပ်

ရန်ကုန်မြို့တွင်း မကြာခဏမီးပျက်ချိန် ၌ အင်တာနက်အသုံးပြုမှုပါ ပြတ် တောက်သွားကြောင်း
မြို့တွင်းရှိ ADSL, Wi-max, Fiber အင်တာနက်အသုံး ပြုသူများက ပြောသည်။ မီးပျက်သွား
သည်နှင့် တစ်ပြိုင်နက် မောင်ထော်လေး အိတ်ချိန်းတွင် ရတနာပုံတယ်လီပို့မှ လာရောက်တပ်
ဆင်ထားသော အင်တာနက်ဆက်စပ် Hardware Device သည်လည်း ရုတ်ခြည်း ရပ်တန့်
သွားခဲ့သည်။

ထို့နောက် အနည်းဆုံး မိနစ် ၄၀ ခန့်အကြာမှသာ ပြန်လည်စတင်နိုင် ကြောင်း၊ တစ်ခါတစ်ရံ
နောက်တစ်နေ့ အထိပင် ကြာမြင့်ကြောင်း အသုံးပြုသူ များက ဆိုသည်။

"မီးက တစ်နေ့ကိုနှစ်ခါ အနည်းဆုံး ပြတ်တယ်ဗျာ။ မီးပြတ်တာနဲ့ မောင်ထော် လေးမှာ ရတနာ
ပုံလာတပ်ထားတဲ့ ဒစ္စစ လန်ဆိုလား အဲဒီဟာဒေါင်းသွားတယ် တဲ့။ မီးပြန်လာပေမယ့် အနည်းဆုံး
နာရီဝက်၊ တစ်နာရီလောက် ပြန်စောင့် ရတယ်လို့ ပြောတယ်။ ရတနာပုံကို ဖုန်းဆက်ရင်လည်း
သူတို့က စောင့်သုံး ပါဆိုတာပဲ ပြောတယ်။ ကျွန်တော်တို့ ပေးနေတဲ့ လစဉ်ကြေး၊ နှစ်စဉ်ကြေး
တွေ နဲ့ အဲဒီဒစ္စစလန်ဆိုတဲ့ ဟာလေးကို UPS တို့ မီးစက်တို့နဲ့ ကူပေးလို့ မရဘူး လားဗျာ" ဟု
ရန်ကုန်မြို့တွင်းကုမ္ပဏီ တစ်ခုမှ ကွန်ပျူတာကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ရန်ကုန်မြို့တွင်း မီးမကြာခဏပျက်သည့်အပြင် အင်တာနက်ဆက်သွယ်မှုပါ မကြာခဏ
ပြတ်တောက် သည့်အတွက် နိုင်ငံတကာသို့ အင်တာ နက် အဆက်အသွယ်ရယူကာ လုပ် ဆောင်
နေရသော လူမှုရေး၊ စီးပွားရေး လုပ်ငန်းများမှာ လွန်စွာအခက်အခဲ ကြုံရလျက်ရှိကြောင်း၊ အထူး
သဖြင့် ဆီးဂိမ်းအားကစားပြိုင်ပွဲကာလတွင် ယခုကဲ့သို့ မဖြစ်သင့်ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်