စိန်ခေါ်မှုများကို ပူးပေါင်း အဖြေ ရှာရန် Tech Camp ကျင်းပမည်

စိန်ခေါ်မှုများကို ပူးပေါင်း အဖြေ ရှာရန် Tech Camp ကျင်းပမည်

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် ဒေသတွင်း နည်းပညာနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်
ကို အသိပေးစည်းရုံးသော အဖွဲ့အစည်းတစ်ခုဖြစ် သည့် ဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့
(Myanmar ICT for Development Organization - MIDO) တို့ပူးပေါင်း ပြီး နည်းပညာဖြင့်
သာတူညီညာစုစည်း ရာ ခေါင်းစဉ်ဖြင့် TechCamp တစ်ခုကို ရန်ကုန်မြို့၌ ဇန်နဝါရီလ ၁၄ နှင့်
၁၅ ရက်နေ့တို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

Tech Campများသည် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နည်းပညာဖြင့်
မည်သို့ အသုံးပြုရမည်ကို နည်းပညာကျွမ်းကျင်သူများနှင့် လူထုအခြေပြုအဖွဲ့ အစည်းများကို
အမေရိကန်အစိုးရ၏ ဦးဆောင်မှုဖြင့် စုဝေးဖိတ်ကြားပြီး အတူတကွ ပူးပေါင်းဆွေးနွေးညှိနှိုင်း
အဖြေရှာနိုင်ရန်အတွက် ပြုလုပ်ပေး သော ပွဲများဖြစ်သည်။

ယခုကျင်းပမည့် Tech Camp တွင်လည်း အဖွဲ့အစည်းအသီးသီးမှ ကိုယ် စားလှယ် ၁၀၀ မှ ၁၅၀
၀န်းကျင်ခန့်နှင့် အတူ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ကျွမ်းကျင် သူများနှင့် နည်းပညာကျွမ်းကျင်သူများ က
မြန်မာနိုင်ငံအတွင်းရှိ နည်းပညာ အရင်းအမြစ်များအကြောင်း လေ့လာခြင်း၊ လူထုအခြေပြုအဖွဲ့
အစည်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို စူးစမ်းရှာဖွေခြင်းနှင့် စိန်ခေါ်မှုများကို ဖြေရှင်းကျော်
လွှားနိုင်မည့် နည်းလမ်း များ အကောင်အထည် ပေါ်ပေါက်လာ စေရေးအတွက် ၀ိုင်းဝန်းဆွေးနွေး
ကြ မည် ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအသီးသီး တွင် လုပ်ဆောင်နေကြ
သော၊ ပြဿနာ ရပ်များကို ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်း အသစ်များကိုသင်ယူရန် စိတ်အား
ထက်သန်ကြသော အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များ အားလုံးကို တက် ရောက်ကြရန်
ဖိတ်ကြားထားပြီး လူထု အခြေပြု အဖွဲ့အစည်းတစ်ခုစီမှ အများ ဆုံး ကိုယ်စားလှယ်နှစ်ဦးထိ
ရွေးချယ် သွားမည် ဖြစ်သည်။

နိုင်ငံတွင်းမှ ကွဲပြားခြားနားသော ဒေသန္တရနှင့် လူမှုဝန်းကျင်အသီးသီး ကို ကိုယ်စားပြု၍ တက်
ရောက်ဆင်နွှဲ မည့်သူများကို ရှာဖွေထည့်သွင်းရွေး ချယ်မည်ဖြစ်ကာ ရန်ကုန်ပြင်ပမှ တက် ရောက်
လာမည့် သူများအတွက် ခရီး စရိတ်နှင့် နေထိုင်စရိတ်တို့ကို ပွဲစီစဉ် သူများက ပြန်လည်ပေးချေ
ပေးမည် ဖြစ်သည်။

Tech Camp သို့ တက်ရောက်ပါ၀င် ဆင်နွှဲနိုင်ရန် [email protected] သို့ အီးမေးလ်ဖြင့်
လည်းကောင်း၊ အမှတ် (၂၀) အခန်း (၂) ဒုတိယထပ်၊ ထီးတန်း(၁)လမ်း၊ ကြည့်မြင်တိုင်မြို့ နယ်၊
ရန်ကုန်သို့စာတိုက်မှ တဆင့် လည်းကောင်း၊ (သို့မဟုတ်) ဖုန်းနံပါတ် ၉၅၉၄၅၀၀၂၅၆၁၆ သို့ ဒီဇင်
ဘာလ ၂၀ ရက်နေ့ထက် နောက်မကျဘဲ လျှောက် ထားနိုင်သည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်