ကိုယ်တိုင်ရိုက်ဓာတ်ပုံတွေနဲ့ အပြောင်းအလဲဖြစ်သွားတဲ့ခေတ်

ကိုယ်တိုင်ရိုက်ဓာတ်ပုံတွေနဲ့ အပြောင်းအလဲဖြစ်သွားတဲ့ခေတ်

National Geographic က ဓာတ်ပုံဆရာတစ်ဦး ဖြစ်တဲ့ ဂျင်မီချင်းဟာ အိုမန်က ပေ ၃,၀၀၀
အမြင့် ရှိတဲ့ ချောက်ကမ်းပါးကြီးကို တွယ်တက်နေစဉ် မှာ ကျောက်စွန်းတွေကြောင့် သူ့ကိုယ်
မှာချိတ် ထားတဲ့ကြိုးက နှစ်ပိုင်းပြတ်ထွက်သွားတဲ့အတွက် လမ်းခုလတ်မှာပဲ ကျောက်စွန်းကို
တွယ်ကပ်ပြီး နေနေရပါတယ်။

ဒီလို အကျပ်အတည်းနဲ့ ကြံုတွေ့နေရချိန်မှာ သူဟာ ဘယ်သူ မှ လုပ်ဖြစ်မှာမဟုတ်တဲ့ လုပ်ရပ်
တစ်ခုကို သူလုပ် ချလိုက်ပါတယ်။ အဲဒါကတော့ သူ့ကိုယ်သူ ဓာတ်ပုံရိုက် လိုက်တာပါ။ "ကျွန်
တော်ဘာလုပ်ရမလဲဆိုတာကို စဉ်းစား ဖို့ အချိန်သိပ်မရဘူးဗျ" လို့ Straits of Hormuz က
ကျောက်တောင်တွေပေါ်တက်ပြီး ရိုက်ထား တဲ့ သူ့ရဲ့ဓာတ်ပုံတွေကို ဇန်နဝါရီလထုတ် National
Geographic မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံထားရတဲ့ ချင်းက ပြောပါတယ်။

"အဲဒီအချိန်အတောအတွင်းမှာ ကျွန်တော်စဉ်းစားမိတာက အင်း ငါက Nat Geo ရဲ့ ဓာတ်ပုံ
ဆရာပဲ။ ငါဒါကို မှတ်တမ်းတင်ရမယ်။ ဒါက တော်တော်လေး ထူးခြားတယ်ဆိုပြီးတော့ပေါ့။
ဒါကြောင့် ကျွန်တော် ကိုယ်ဘာသာကိုယ် ဓာတ်ပုံ ရိုက်လိုက်ပါတယ်" လို့ သူက အေအက်ဖ်ပီကို
ပြောပါတယ်။

အခုလိုမျိုး ကိုယ့်ဘာသာကိုယ် ဓာတ်ပုံရိုက် လို့ရတာကတော့ နှစ်ပေါင်း ရာနဲ့ ချီနေပါပြီ။ ဒါပေမဲ့
(ဆိုရှယ်မီဒီယာတွေမှာ ဓာတ်ပုံတွေ ချက်ချင်းတင်နိုင်တဲ့) ဒစ်ဂျစ်တယ်ကင်မရာပါ စမတ်ဖုန်းတွေ
ကမ္ဘာအနှံ့တစ်ဟုန်ထိုး တိုးပွား လာနေတဲ့အတွက် ကိုယ့်ဘာသာကိုယ်ဓာတ်ပုံ ရိုက်တဲ့ နည်းလမ်း
ကလည်း အဆင့်အတန်းတစ်ခုကို ရောက်လာပါတယ်။

ကိုယ့်ဘာသာကိုယ် ဓာတ်ပုံရိုက်တာကို selfie လို့ အခု အသုံးပြုနေကြပါပြီ။ ဒါကြောင့်
အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်ပြုစုသူတွေက selfie ဆိုတဲ့ စကားလုံးဟာ သူတို့အဘိဓာန်ရဲ့
ဒီနှစ်အတွက် စကားလုံးလို့ ၂၀၁၃ ခုနှစ်ကုန်ခါနီး မှာ ကြေညာခဲ့ပါတယ်။

Yahoo ကလည်း ၂၀၁၄ ခုနှစ်မှာ ဓာတ်ပုံ ပေါင်း ၈၈၀ ဘီလျံလောက် ရှိလာလိမ့်မယ်လို့
ခန့်မှန်းထားပါတယ်။ ဒီပုံတွေဟာ ကမ္ဘာပေါ်က အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့
ပုံတွေဖြစ်ပြီးအများစုဟာ ကိုယ့်ဘာသာကိုယ် ရိုက်ထားတဲ့ ဓာတ်ပုံတွေဖြစ်မယ်လို့ ခန့်မှန်း ထား
ပါတယ်။ဗြိတိန်မှာ ဆမ်ဆောင်းက ပြုလုပ်ခဲ့တဲ့ စစ်တမ်း တစ်ခုအရ အမျိုးသားပုံတွေရဲ့ ၁၇ ရာခိုင်
နှုန်းနဲ့အမျိုးသမီးပုံတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကိုယ့်ဘာသာ ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေဖြစ်တာ
ကိုတွေ့ရှိ ခဲ့ရပါတယ်။ သူတို့တွေ ခုလို ကိုယ့်ဘာသာကိုယ်ဓာတ်ပုံရိုက်ကြတဲ့ အကြောင်းရင်းက
တော့ သူတို့ ဓာတ်ပုံလှလှလေးကို ကိုယ်တိုင်ရိုက်ယူရတာကို ကြိုက်တဲ့အတွက်ကြောင့်ပါတဲ့။

"ကျွန်မအထင်ပြောရရင် selfie ဆိုတဲ့ စကားလုံး ကတော့ ကိုယ်ကိုယ်တိုင်အတွက် ချစ်စနိုးပြော
တဲ့ အသုံးအနှုန်းလေးပါ။ တကယ်တော့ အဲဒါက ကိုယ့်ကိုယ်ကိုယ် အထူးသဖြင့် ကိုယ့်ရုပ်ကို နှစ်
သက်မှု တစ်မျိုးလိုပါပဲ" လို့ ၀ါရှင်တန်က National Gallery of Art ပြခန်းတာဝန်ခံ ဆာရာကယ်
နဲလ် က အေအက်ဖ်ပီကို ပြောပါ တယ်။ သူကိုယ်တိုင်လည်း ကိုယ့်ပုံကိုယ်ဓာတ်ပုံ ရိုက်လေ့ရှိ
တယ်လို့ သူက ပြောပါတယ်။

တောင်အာဖရိကမှာ ပြုလုပ်တဲ့ နယ်လ်ဆင်န် မင်ဒဲလားရဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာ
ဒိန်းမတ်ဝန်ကြီးချုပ် Helle Thorning Schmid-t နဲ့အတူ ကိုယ့်ဘာသာကိုယ် ဓာတ်ပုံရိုက်ခဲ့ကြ
တဲ့အတွက် အမေရိကန် သမ္မတဘာရက်အိုဘားမားနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် တို့
လည်း လူတွေကြား အတင်းအဖျင်းပြောဆိုတာကို ခံခဲ့ရပါတယ်။

"ဒါကတော့ ဒီခေတ်ကာလရဲ့ မယုံနိုင်စရာ ထူးခြားတဲ့ အမှတ်သညာတစ်ခုပါပဲ။ ကိုယ့်ပုံ ကိုယ်
ဓာတ်ပုံရိုက်ယူတဲ့ အလေ့အထကတော့ ဒီခေတ်ကာလကို ကိုယ်စားပြုတဲ့ အရာတွေထဲ မှာ
ထည့်သွင်းဖော်ပြလို့ရပါတယ်" လို့ How to Take the Best Selfie ကို ရေးသားခဲ့သူ
ကလေးဓာတ်ပုံဆရာ Sarah Sloboda က အေအက်ဖ်ပီကို ပြောပါတယ်။


 

ဈာပနအခမ်းအနားမှာ ကိုယ့်ဘာသာကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေ အထူးသဖြင့် လူငယ်တွေရဲ့
ပုံတွေကို စုစည်းဖော်ပြထားတဲ့ Selfies at Funerals နဲ့ ပတ်သက်ပြီး အိုဘားမားနဲ့ သူ့မိတ်ဆွေ
တွေ သိရဲ့လားဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။

"ဆယ်ကျော်သက်ကလေးတွေ ဈာပနအခမ်းအနားမှာ ကိုယ့်ပုံကိုယ်ရိုက်ပြီး တွစ်တာမှာ တင်
ထားရင်တော့ သူတို့အပေါင်းအသင်းတွေက သူတို့ကို ဝေဖန်ပြစ်တင်တာမျိုး မလုပ်ကြပါ ဘူး"
လို့ Selfies at Funerals ကို စီစဉ်ပေးခဲ့ သူ Jason Feifer က ဗြိတိန်ရဲ့ ဂါးဒီးယန်းသတင်း စာ
မှာ ရှင်းပြထားပါတယ်။

"စကားလုံးနဲ့ ဖော်ပြလို့မရနိုင်တဲ့ သူတို့ရဲ့ ခံစားချက်ကို ဒီလိုနည်းနဲ့ ဖော်ပြတာလို့ သူတို့ သူငယ်
ချင်းတွေက နားလည်ပေးကြပါတယ်။ ဒီဓာတ်ပုံက ခံစားချက်ကို ရုပ်ပုံနဲ့ ဖော်ပြတာမျိုး ပါ။
ကျွန်တော်တို့လို ၃၀ ကျော်တွေတောင် စကား နဲ့ မဖော်ပြတတ်ကြပါဘူး" လို့ သူက ရှင်းပြထား
ပါတယ်။

မိုင်လေဆို-င်ရပ် ကိုယ်တိုင်ရိုက်ပြီး တင်ထားတဲ့ဓာတ်ပုံ။

တိုင်းမ်မဂ္ဂဇင်းရဲ့ '၂၀၁၃ ခုနှစ်အတွင်း အမှတ် တရအဖြစ်ဆုံး selfie ဓာတ်ပုံ' တချို့ကို ကိုးကား
ပြီး ပြောရမယ်ဆိုရင် ဗာတီကန်နန်းတော်မှာ ဆယ်ကျော်သက် ကလေးတွေနဲ့အတူ ပုပ်ရဟန်း
မင်းဖရန်စစ်လည်း ၂၀၁၃ ခုနှစ်ထဲမှာ ကိုယ့်ဘာသာ ကိုယ် ဓာတ်ပုံရိုက်တာကို ခံယူခဲ့ဖူးပါတယ်။
ပေါ့ပ် အဆိုတော် ဘီယွန်စေးလည်း ဩစတြေးလျမှာ သူ့ရဲ့ပရိသတ်နဲ့အတူ selfie ဓာတ်ပုံအရိုက်
ခံ ထားတဲ့ပုံကိုတွေ့ရပါတယ်။

Lil' Kim ရဲ့ ဟောလိုးဝင်းဝတ်စုံ မလုံ့တလုံ ၀တ်ဆင်ထားပြီး ပန်းရောင်ဆံပင်နဲ့ပုံအပြင် မိုင်လေ
ဆိုင်ရပ်က ကိုယ်တိုင်ရိုက်ပြီးတင်ထားတဲ့ ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်အတွင်း နာမည်ကျော်တွေ
ရဲ့ selfie ပုံပေါင်းများစွာထဲက အကြိုက်ဆုံးပုံပါ လို့ လော့ဆန်းဂျလိစ်က အတင်းအဖျင်း
ဘလော့ဂါ ဏနမနဖ ံငူအသည က အလေးအနက် ဖော်ပြထား ပါတယ်။ ဒါပေမဲ့ selfie
ဓာတ်ပုံတွေကြား လူသိများ ဖို့အတွက် နာမည်ကျော်ဖြစ်စရာ မလိုပါဘူး။ selfie နဲ့ တခြား
ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်တွေကြောင့် အိုရီဂွန်ပြည်နယ်က အသက် ၂၅ နှစ် ၀န်းကျင် ဖခင်
တစ်ဦးဟာ သူ့ရဲ့ မွေးကာစသမီး လေးရဲ့ မျက်နှာကို တုပပြီး ရိုက်ထားတဲ့ ပုံလေး ဟာ ညတွင်း
ချင်းပဲ လူသိများသွားခဲ့ရပါတယ်။

"ကင်မရာစကရင်ကိုကြည့်ပြီး သမီးလေးလုပ် တဲ့ မျက်နှာအမူအရာအတိုင်း လိုက်လုပ်ပြီး
ဓာတ်ပုံရိုက်ထားတာ" လို့ Eddie Wheeler က သူ့ရဲ့ Reddit အကောင့်က မိတ်ဆွေတွေကို
ရှင်းပြထားပါတယ်။

နော်ဝေနိုင်ငံက ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ နာမည်ကြီးဘလော့မှာ Caroline Berg Eriksen ဟာ
ကလေးမွေးပြီး လေးရက်အကြာ မှာ သူ့ရဲ့ ချပ်ရပ်တင်းရင်းနေတဲ့ ဗိုက်သားကို ပြဖို့ အတွက် ဘရာ
နဲ့ဘောင်းဘီတိုလေး ၀တ်ပြီး မှန်ရှေ့ မှာ သူကိုယ်တိုင်ရိုက်ထားတဲ့ ပုံကို တင်ထား ပါတယ်သူ့ရဲ့
ကိုယ်တိုင်ရိုက်ဓာတ်ပုံဟာ အမျိုး သမီးထုအတွက် အကျိုးမဲ့တဲ့လုပ်ရပ်ပဲလို့ ဝေဖန် သူတွေက
ပြစ်တင်ထားကြပါတယ်။ဒါပေမဲ့ Eriksen က 'ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်မှာ လို ရင်ဆိုင်ရတဲ့
အခက်အခဲမျိုးတွေရှိတဲ့ အရာမျိုး တွေအတွက် ကျွန်မကိုယ်ကျွန်မရော၊ ကျွန်မရဲ့ ခန္ဓာကိုယ်
အတွက်ရော ဂုဏ်ယူတဲ့အတွက် ဒီဓာတ်ပုံကိုရိုက်ပြီး တင်ပေးထားတာပါ' လို့ ဝေဖန်မှုတွေကို
ပြန်လည်တုံ့ပြန်ထားပါတယ်။ နယူးယော့ခ်က မိန်းကလေးတစ်ယောက် ကတော့ ဘရွတ်ကလင်း
တံတားကနေ ခုန်ချပြီး သတ်သေဖို့ ကြံစည်နေတဲ့ပုံကို နောက်ခံထား ထားတဲ့ ကိုယ်တိုင်ရိုက်
ဓာတ်ပုံကို တင်ထားပါ တယ်။ ဒီဓာတ်ပုံကို နယူးယော့ခ်ပို့စ်ရဲ့ စာမျက်နှာ (၁) မှာ ဖော်ပြလိုက်
တဲ့အခါ အုတ်အော် သောင်းတင်း ဖြစ်သွားခဲ့ရပါတယ်။

"ကိုယ့်ဘာသာကိုယ် ဓာတ်ပုံရိုက်တာဟာ ပုံမှန်အခြေအနေကနေ ပြောင်းလဲသွားတဲ့ အနေ အထား
တစ်မျိုးပါ။ ပြီးတော့ လူမှုရေးစစ်စစ်နီးပါး နယ်ပယ်တစ်ခုအတွင်းမှာ နေရာယူမှုတစ်မျိုး ပါ" လို့
mac and photo   ၀က်ဘ်ဆိုက်ကို ဖွင့်ထား တဲ့ ပါရီအခြေစိုက် နယ်လှည့်ဓာတ်ပုံဆရာ
Jean- Francois Vibert က ပြောပါတယ်။

"ကိုယ်ဘာသာကိုယ် ရိုက်ထားတဲ့ ဓာတ်ပုံ တွေကို ကံအားလျော်စွာပဲ အခုခေတ်ကြီးမှာ
လက်ခံနေကြပါတယ်"လို့ Vibert က ပြောပါ တယ်။ ပေါ့ပ်စတား နစ်ကီမီနာ့ချ်ကို ကိုယ်တိုင်
ရိုက်ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး အရမ်းကို အပေါ စားဆန်းသလို ကိုယ့်ကိုယ်ကိုယ် လူအထင်
အမြင်သေးစရာဖြစ်အောင် လုပ်တာမျိုးလို့ လည်း သူက ပြောထားပါတယ်"လို့ သူက ပြောပါ
တယ်။

ဓာတ်ပုံကို ကိုယ်တိုင်ရိုက်ယူတဲ့အလေ့အထ ဟာ ဓာတ်ပုံပညာစတင်ထွက်ပေါ်လာကတည်း က
ရှိပါတယ်လို့ Kennel က ပြောပါတယ်။

National Gallery မှာ လက်ရှိပြသထားတဲ့ ၁၉ ရာစုက ပြင်သစ်ဓာတ်ပုံဆရာ Charles Marville
ရဲ့ လက်ရာတွေဟာ သူ့ခေတ်သူ့အခါ က ဆိုရှယ်ကျတဲ့ ပါရီသားသူကြွယ်တစ်ယောက် ရဲ့ စတိုင်
အတိုင်း ကိုယ့်ဘာသာကိုယ် ရိုက်ထား တဲ့ ဓာတ်ပုံတွေပါ။ ကိုယ်တိုင်ဓာတ်ပုံရိုက်တဲ့ အလေ့အထ
နဲ့ပတ်သက်ပြီး ပြန်လည်အကဲဖြတ်မှုတွေ ပြုလုပ်ဖို့ What Makes a Good Selfie ဆိုတဲ့
ခေါင်းစဉ်နဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ဖို့ လန်ဒန်က  National Portrait
Gallery က ကြေညာထားပါတယ်။

ဒီဆွေးနွေးပွဲ ကျင်းပမယ့်အကြောင်းကို ကြေညာရာမှာ ဆွေးနွေးပွဲကမကထပြုတဲ့သူ တွေဟာ
ရုရှားဇာဘုရင့်သမီးတော် Anastasia ကို ကိုယ်ပုံကိုယ် ဓာတ်ပုံရိုက်တဲ့ ပထမဦးဆုံး ဆယ်ကျော်
သက်အဖြစ် ဖော်ပြထားပါတယ်။ အဲဒါကတော့ သူ့အသက် ၁၃ နှစ်အရွယ် ၁၉၁၄ ခုနှစ်မှာ ရိုက်
ခဲ့တဲ့ပုံပါ။ သူ့အတွက် စိတ်မ ကောင်းစရာကတော့ အဲဒီအချိန်တုန်းက အခု လိုမျိုး ကိုယ့်ရဲ့ ပုံလှ
လှလေးကို ပြစရာ ဖေ့စ် ဘွတ်ခ်တို့ တွစ်တာတို့ မရှိသေးတာပါ။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်