ငါးကြိမ်မြောက်ဖြစ်သည့် BarCamp Yangon 2014 ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့
အထိ MICT Park တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။
ရန်ကုန်ဘားကမ့်ကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကျင်းပလာခဲ့ခြင်း ဖြစ်ကာ ဘားကမ့်၏ထုံးစံနှင့်အညီ
အကြောင်းအရာတစ်ခုကို စိတ်အားထက်သန်စွာ စိတ်ပါ၀င်စား ၍ လွတ်လပ်ပွင့်လင်းစွာဝေမျှဆွေး
နွေးလိုသည့် မည်သူမဆို ပါ၀င်ဆွေးနွေးနိုင်ပြီး အသိပညာ အတတ်ပညာလိုလားသူများ၊ အတွေး
အမြင်ဗဟုသုတ လိုလားသူများ တက်ရောက်လေ့လာနိုင်မည် ဖြစ်သည်။
ငါးကြိမ်မြောက် ရန်ကုန် ဘားကမ့်တွင် နည်းပညာ (Technology)၊ ဖန်းတီးမှု (Creative) ၊
စွန့်ဦးတီထွင် (Entrepreneur)နှင့် အထွေထွေ (General) ဟူ၍အကြောင်းအရာ လေးမျိုးဖြင့်
တင်ဆက်သွားမည် ဖြစ်ပြီး တက်ရောက်လိုသူများ အနေဖြင့် မိမိစိတ်ပါ၀င်စားသည့် ကဏ္ဍကို
ရွေးချယ်တက်ရောက် လေ့လာနိုင်သလို ပါ၀င်ဆွေးနွေး သူများအနေဖြင့်လည်း ကဏ္ဍတူ
အကြောင်းအရာများ စုစည်းနေမည်ဖြစ်သဖြင့် ရှေ့နောက် ဆက်စပ်ဆွေးနွေးနိုင်မည် ဖြစ်သည်။
တက်ရောက်ပါ၀င်ဆွေးနွေးခြင်း အားဖြင့် အသိပညာဗဟုသုတ များတိုးပွားကြပြီး ဘက်စုံဖွံ့ဖြိုး
ရေးအတွက် တစ်ထောင့် တစ်နေရာမှ အထောက်အကူဖြစ် စေရန် ရည်ရွယ်ပြီး လွတ်လပ်
ပွင့်လင်းခြင်း၊ အဆင့်အတန်း မခွဲခြားခြင်း၊ မတူကွဲပြားမှုနှင့် အတူပူးပေါင်းဆောင်ရွက်ခြင်း
အလေ့အထများကိုလည်း ရရှိစေရန်လည်း ရည်ရွယ် ထားသည်ဟု ဆိုသည်။
ယခုကျင်းပမည့်ရန်ကုန် ဘားကမ့်သို့ ယခင်နှစ်များနည်းတူ နိုင်ငံတကာမှ ဘားကမ့်သမားများ
လည်း တက််ရောက်ဆွေးနွေးကြမည်ဖြစ်သည်။
ပါ၀င်ဆွေးနွေး လိုသူများအနေဖြင့် www.barcampyangon.org ၌ ဇန်နဝါရီလ ၁ ရက်နေ့မှ
စတင် ၍ မှတ်ပုံတင်နိုင်ပြီဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်က စတင် ကျင်းပခဲ့သည့် ရန်ကုန်ဘားကမ့်
သို့ တက်ရောက်သူ ၃,၀၀၀ ခန့် ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၄,၀၀၀ခန့်၊ ၂၀၁၂ ခုနှစ်တွင် ၅,၀၀၀
ခန့်ရှိခဲ့သည်။ ၂၀၁၃ ခုနှစ်က စတုတ္ထအကြိမ် ရန်ကုန်ဘားကမ့်သို့ ၆,၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
















