ဘန့်ပ်နှင့် ဖလော့ အက်ပ်စ်များကို လကုန်၌ ရပ်ဆိုင်းတော့မည်

ဘန့်ပ်နှင့် ဖလော့ အက်ပ်စ်များကို လကုန်၌ ရပ်ဆိုင်းတော့မည်

စမတ်ဖုန်းများအတွက် File sharing apps များ ၀န်ဆောင်မှုပေးနေသည့် Bump Technologies
ကုမ္ပဏီသည် ၎င်း၏ အက်ပလီကေးရှင်းနှစ်ခုဖြစ် သည့် Bump နှင့် Flock တို့ကို ဇန်နဝါရီ လ
အကုန်ပိုင်းတွင် ရပ်ဆိုင်းတော့မည် ဟု သတင်းထုတ်ပြန်ထားသည်။

အမေရိကန်ဒေါ်လာ သန်း ၃၀ နှင့် သန်း ၆၀ ကြားတန်ဖိုးရှိသည်ဟု ပြော နေကြသည့် အရောင်း
အဝယ်သဘောတူညီမှုတစ်ခုကို အမေရိကန်အင်တာနက်ကုမ္ပဏီကြီးဂူးဂဲလ်က Bump
Technologies နှင့် စက်တင်ဘာလ တွင် ပြုလုပ်ခဲ့သည်။

"ဂူးဂဲလ်နဲ့ ပြုလုပ်ထားတဲ့ ကျွန်တော်တို့ရဲ့ စီမံကိန်းသစ်တွေအပေါ်မှာ ကျွန်တော်တို့ အခု
အလေးအနက်ထား အာရုံစိုက် ဆောင်ရွက်နေပါတယ်။ ဒါကြောင့် Bump နဲ့ Flock ကို
ရပ်ဆိုင်း လိုက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါ ပြီ" ဟု Bump ကုမ္ပဏီ ပူးတွဲတည်ထောင်
သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေးဗစ်လီအက်က ၎င်းဘလော့တွင် အင်္ဂါနေ့ညပိုင်းက
ရေးတင်ထားသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှစပြီး Bump နှင့် Flock ကို App Store နှင့် Google Play တို့မှ
ဖယ်ရှားတော့မည်ဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါအက်ပ်စ်နှစ်ခု စလုံး လည်ပတ်မှုမရှိတော့
ကြောင်းနှင့် ၎င်းရှိ သုံးစွဲသူများ၏ ဒေတာများအားလုံး ကို ဖျက်ပစ်တော့မည်ဖြစ်ကြောင်း
သတင်းထုတ်ပြန်ထားသည်။

လာမည့်ရက်သတ္တပတ်များတွင် သုံးစွဲသူများသည် အဆိုပါ အက်ပ်စ်များ မှ တစ်ခုခုကို ဖွင့်၍
ဖြစ်စေ၊ ညွှန်ကြား ချက်အတိုင်းဆောင်ရွက်၍ ဖြစ်စေ ၎င်းတို့၏ ဒေတာအချက်အလက်များ
ကို အခြားနေရာသို့ ပြောင်ရွှေ့သိမ်းထားနိုင်သည်ဟု သိရသည်။ ထိုသို့ဆောင်ရွက်ပါက သုံးစွဲ
သူများ ၏ ဓာတ်ပုံ၊ ဗီဒီယို နှင့် အခြားအချက် အလက်များ ပါ၀င်သည့် ူငညု တစ်ခု ကို အီးမေးလ်
မှတစ်ဆင့် ပေးပို့ပေးမည် ဟု သိရသည်။

နှစ်ပေါင်းများစွာ ၎င်း၏ ၀န်ဆောင် မှုအပေါ် သုံးစွဲမှု၊ တုံ့ပြန်မှုများနှင့် အားပေးမှုများအတွက် သုံးစွဲ
သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး သုံးစွဲသူများ၏ အားပေးမှုသည် ၎င်းတို့ ၏ လုပ်ငန်း
ကို အဓိပ္ပာယ်ရှိစေကြောင်း လည်း ပြောကြားထားသည်။

ထိုအပလီကေးရှင်းသည် စမတ်ဖုန်း သုံးစွဲသူများက ၎င်းတို့၏ မိုဘိုင်းပစ္စည်း များကို လက်ထဲတွင်
ကိုင်ထားရင်း လက်ခေါက်ဖြင့် အသာအယာခေါက် ပြီး ဒေတာအချက်အလက်များကို အလွယ်
တကူပေးပို့နိုင်စေသည့် ၀န်ဆောင်မှုတစ်ခုဖြစ်သည်။

Flock ဆော့ဖ်ဝဲသည် မိတ်ဆွေ အချင်းချင်း အနီးအနားတွင် ရှိနေသည့် အခါ ဖော်ပြနိုင်ရန် စမတ်
ဖုန်း၏ တည် နေရာအာရုံခံနည်းပညာနှင့် ချိတ်ဆက် ပေးသည့်အပြင် ဂီတပွဲ၊ သို့မဟုတ် အားက
စားပွဲကဲ့သို့ နေရာများမှ ဓာတ်ပုံ များကို စုစည်းကာ မိသားစုဝင်၊ သို့မဟုတ် မိတ်ဆွေများဆီသို့
ပို့ပေးသည့် ၀န်ဆောင် မှုတစ်ခု ဖြစ်သည်။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်