မိုဘိုင်းဖုန်း အပြန်အလှန်ယူဆောင် အသုံးပြုနိုင်ရန် နိုင်ငံ ၃၃ နိုင်ငံနှင့် Roaming စနစ် ချိတ်ဆက်

မိုဘိုင်းဖုန်း အပြန်အလှန်ယူဆောင် အသုံးပြုနိုင်ရန် နိုင်ငံ ၃၃ နိုင်ငံနှင့် Roaming စနစ် ချိတ်ဆက်

မြန်မာနိုင်ငံ၏ အရန်ဆက်သွယ်ရေး အော်ပရေတာအဖြစ် ရွေးချယ်ခြင်းခံထားရသည့် ပြင်သစ်
အခြေစိုက် ဥမညေါန ကုမ္ပဏီသည် အင်တာနေရှင် နယ် Roaming ၀န်ဆောင်မှုကို မြန်မာ နိုင်ငံ
တွင် ၀န်ဆောင်မှုပေးနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းလုပ်ဆောင်ရန်
တရားဝင်စာချုပ် ကို ဒီဇင်ဘာလတွင် ချုပ်ဆိုထားပြီးဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Roaming ၀န်ဆောင်မှုဆိုသည်မှာ ပြည်တွင်းမှ မိုဘိုင်းဖုန်းဆင်းကတ်များ ပြည်ပနိုင်ငံများသို့
ယူဆောင်အသုံးနိုင် မည်ဖြစ်သလို ပြည်ပက ဆင်းကတ်များကိုလည်း ပြည်တွင်၌ သုံးနိုင်မည့်
၀န်ဆောင်မှုဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်
ကပြောသည်။

ပထမဦးဆုံးအနေဖြင့် အာဆီယံနိုင်ငံ များအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာ ၆၄
ဦးတို့ဖြင့် ချိတ်ဆက်ပြီးဖြစ်ကာ ၎င်းမှရရှိသောအကျိုးအမြတ် ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်
Orange ကုမ္ပဏီတို့ မျှဝေခံစားမည်ဖြစ်သည်ဟု ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သဘောတူ စာချုပ်
ချုပ်ဆိုခဲ့သည်။

"ကျွန်တော်တို့ ဒီဝန်ဆောင်မှုအတွက် Orange ကုမ္မဏီနဲ့ လက်မှတ်ရေးထိုးပြီး သွားပါပြီ။ ဒီဝန်
ဆောင်မှုကို ဆီးဂိမ်းမှာ စတင်အသုံးပြုနေပါပြီ။ Orange အနေ နဲ့ တခြားနိုင်ငံတွေကိုလည်းချဲ့
ထွင်သွား မှာပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာ အထိ ချဲ့ထွင်သွားမှာပါ" ဟု ဦးအောင် မော်က
ပြောသည်။

SingTel ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် နိုင်ငံတကာနှင့် စာတိုပို့စနစ်(SMS) အတွက် သီးသန့်
Roaming ၀န်ဆောင် မှုပေးရန် ပြီးခဲ့သည့် နို၀င်ဘာလက ကြေညာထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်