သမဝါယမဘဏ် (စီဘီဘဏ်)၏ မိုဘိုင်းဘဏ်စနစ်ဝန်ဆောင်မှု (Mobile Banking) မှတစ်ဆင့်
မိုဘိုင်းဖုန်းများကို အသုံးပြုကာ ဘဏ်အကောင့်မှတစ်ဆင့် ငွေလွှဲခြင်းများကို ဆောင်ရွက်နိုင်တော့
မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးဝန်ဆောင်မှုပေးသည့် အဆိုပါမိုဘိုင်းဘဏ် စနစ်ဝန်ဆောင်မှုကို အင်
တာနက်ဝက်ဘ်ဘက်ဆိုက်မှ သာမက မိုဘိုင်းအက်ပလီ ကေးရှင်းအသွင်ဖြင့်လည်း အသုံးပြုနိုင်
ရန် EASI Mobile Banking အက်ပလီ ကေးရှင်းကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ စီဘီ
ဘဏ်ရုံးချုပ်၌ မိတ်ဆက်ခဲ့သည်။
ထိုမိုဘိုင်းဖုန်းအပလီကေးရှင်းဖြင့် စီဘီဘဏ်အကောင့်တစ်ခုမှ တစ်ခုသို့ ငွေအပြောင်းအရွှေ့
လုပ်နိုင်ခြင်း၊ စီဘီဘဏ်အကောင့်ရှိသူတစ်ဦးက အခြား စီဘီဘဏ် အကောင့်ရှိသူတစ်ဦးထံသို ့
ငွေလွှဲပေးနိုင်ခြင်း၊ ဘဏ်အကောင့်ရှိသူက ဘဏ်အကောင့် မရှိသူများထံသို့ ငွေလွှဲပေးနိုင်ခြင်း၊
မိမိဘဏ်အကောင့်ရှိ ငွေ လက်ကျန်များကိုလည်း စစ်ဆေးနိုင်ခြင်း၊ ငွေလဲနှုန်းများကြည့်ရှုနိုင်ခြင်း
များကို လည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။
"မိုဘိုင်းဘဏ်စနစ်ကို ဆောင်ရွက်ရခြင်းမှာဘဏ်ကို လာစရာမလိုဘဲ အင်တာနက်ရှိရုံဖြင့် အချိန်
ကုန်လူပင်ပန်းသက်သာအောင် ဘဏ်ရဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုနိုင်ဖို ့ဆောင်ရွက်ပေးထား
တာ ဖြစ်ပါတယ်။ ၀န်ဆောင်မှုကို ညသန်းခေါင် လည်း သုံးလို့ ရတယ်။ အိမ်မှာလည်း သုံးလို့ရ
တယ်။ ရုံးမှာလည်း သုံးလို့ရတဲ့ အနေအထားကို ကျွန်တော်တို့ စီဘီဘဏ်က ဆောင်ရွက်ပေးထား
ပါတယ်။ အဲဒီအတွက်ကြောင့်လည်း အားလုံးအဆင်ပြေမှာပါ" ဟု ဘဏ်မှ Executive Vice
Chairman ဖြစ်သူ ဦးကျော်လင်းက ပြောသည်။
"ဘဏ်ခွဲမဖွင့်နိုင်တဲ့ နယ်မြေဒေသတွေမှာ ကိုယ်စားလှယ်တွေကို ခန့်ထား ပြီး ၀န်ဆောင်မှု
ပေးသွားပါမယ်" ဟု ဦးကျော်လင်းက ပြောသည်။
စီဘီဘဏ်အနေနှင့် အနယ်နယ်အရပ်ရပ်တွင် ကိုယ်စားလှယ်များထားရှိ နိုင်အောင် စီစဉ်သွားမည်
ဖြစ်ပြီး လက်ရှိတွင် Easi Mobile Agent ကိုယ်စားလှယ် အဖြစ်လုပ်ကိုင်လိုသူများကို ဖိတ်ခေါ်နေ
သည်။
ထို့အပြင် စီဘီဘဏ်ခွဲများတည်ရှိရာနေရာများ၊ အေတီအမ်စက်များ၊ နိုင်ငံခြား ငွေလဲလှယ်ရေး
ကောင်တာ နေရာများကိုလည်း ၎င်းအက်ပလီကေးရှင်းတွင် အသေးစိတ်ဖော်ပြပေးထားသည်။
မိမိစာရင်းမှ ပေးချေလိုသောသူများအားပေးချေရမည့်ရက်မတိုင်မီ ကြိုတင်ငွေပေးချေထားမှုများ
ကြည့်ရှုနိုင်ခြင်းကိုလည်း အဆိုပါအက်ပလီကေးရှင်တွင် ကြည့်ရှုနိုင်သလို ချက်လက်မှတ်များ
အားစစ်ဆေးနိုင်ခြင်း၊ ချက်စာအုပ်အသစ်တောင်းဆိုခြင်းနှင့် ငွေပေးအမိန့်များဆောင်ရွက်ခြင်း
များကိုလည်း လုပ်ဆောင် နိုင်သည်။
ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Temonas Banking Software ကုမ္မဏီ၏ နောက်ဆုံးပေါ်နည်း
ပညာကိုအသုံး ပြုထားခြင်းကြောင့် လုံခြံုရေး အဆင့်မြင့်မားကာ လျှို ့ဝှက်ကုဒ် (PIN) နံပါတ်ဖြင့်
ငွေစာရင်းကိုအလွယ်တကူ အသုံးမပြု နိုင်အောင် ကာကွယ်မှုအပြည့်အဝ ပေးထားသည်ဟု
ဆိုသည်။

















