အိုင်အိုအက်စ်၊ အန်းဒရွိုက်တို့နှင့် ပြိုင်မည့် Tizen

အိုင်အိုအက်စ်၊ အန်းဒရွိုက်တို့နှင့် ပြိုင်မည့် Tizen

ဂူးဂဲလ်၏ အန်းဒရွိုက်နှင့် အက်ပဲလ်၏အိုင်အို အက်စ်ကို ဈေးကွက်တွင်း ယှဉ်ပြိုင်မည့် ရည်ရွယ်
ချက်ဖြင့် ကမ္ဘာ့နည်းပညာကုမ္ပဏီများ ပူးပေါင်း ထားသည့် အဖွဲ့အစည်းက တီထွင်ဖန်တီးထား
သော စမတ်ဖုန်းအိုအက်စ်အသစ်တစ်ခုကို မကြာခင်ဈေးကွက်ထဲ တွေ့မြင်ရတော့မည်ဟု
ဂျပန်မိုဘိုင်းဖုန်းကုမ္ပဏီ NTT Docomo က ဇန်နဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထား
သည်။

Linux အိုအက်စ်စနစ်ကို အခြေခံထားသော Tizen အမည်ရှိ အိုအက်စ်ကို မတ်လအကုန်ပိုင်း မှ
စတင်ရောင်းချမည့် တယ်လီဖုန်းများတွင် တပ်ဆင်ပေးနိုင်မည်ဖြစ်ကြောင်း NTT Docomo မှ
ပြောခွင့်ရပုဂ္ဂိုလ် Jun Otori က အေအက်ဖ်ပီကို ပြောသည်။

"မတ်လမှာကုန်မယ့် ဘဏ္ဍာနှစ်အတွင်း မှာ Tizen စမတ်ဖုန်းတွေကို ရောင်းချပေးနိုင်ဖို့ မျှော်မှန်း
ထားတယ်လို့ ကျွန်တော်တို့ ဥက္ကဋ္ဌက ပြောထားပါတယ်။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှု တွေ ပြုလုပ်
ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိ နေတဲ့အတွက် စတင်ရောင်ချပေးမယ့်ရက်အတိအကျကို ကျွန်
တော်တို့ မပြောနိုင်သေးပါ ဘူး" ဟု ၎င်းက ပြောသည်။

Tizen အိုအက်စ်သည် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ဥရောပနှင့် အမေရိကန်နိုင်ငံ မှ နည်း
ပညာကုမ္ပဏီများ ပူးပေါင်းဖွဲ့စည်းထား သည့် အဖွဲ့အစည်းတစ်ခု၏ ထုတ်ကုန်တစ်ခု ဖြစ်ပြီး
အာရှနိုင်ငံများအကြား ရေပိုင်နက်နယ်မြေနှင့် ပတ်သက်ပြီး တင်းမာမှုများရှိနေသော်လည်း
အဆိုပါအိုအက်စ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ပူးပေါင်းလုပ်ငန်းကြီးတွင် အမေ ရိကန် ကုမ္ပဏီကြီး အင်တဲလ်၊ ဂျပန်ကုမ္ပဏီ ဖူဂျစ်ဆု၊
တောင်ကိုရီးယားကုမ္ပဏီ ဆမ်ဆောင်း နှင့် အယ်လ်ဂျီ၊ တရုတ်ကုမ္ပဏီဟွာဝေးနှင့် ဥရောပ မိုဘိုင်း
ကုမ္ပဏီများဖြစ်သည့် Vodofone နှင့် Orange တို့ ပါ၀င်သည်။


 "အန်းဒရွိုက်နဲ့ အိုင်အိုအက်စ်တို့နဲ့မတူတာကတော့ Tizen ဟာ ကျွန်တော်တို့ကို ကျွန်တော် တို့
လိုချင်တာဘာမဆို လွတ်လွတ်လပ်လပ် ရယူ နိုင်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက
open source အိုအက်စ်ဖြစ်နေလို့ပါပဲ" ဟု Otori က ပြောသည်။

Open Source အိုအက်စ်ဆိုသည်မှာ ကုမ္ပဏီ တိုင်း လွတ်လပ်စွာ သုံးစွဲနိုင်ရန် ဖွင့်ပေးထား
သည့် အိုအက်စ်မျိုးဖြစ်သည်။ ဂျပန်မိုဘိုင်းဖုန်းများသည် ကမ္ဘာ့ပထမဦးဆုံး မိုဘိုင်းဝက်ဘ်ဆိုက်
၀န်ဆောင်မှုဖြစ်သည့် Galapagos Syndrome ကဲ့သို့ အဆင့်မြင့်နည်းပညာများနှင့် အီလက်
ထရွန်းနစ်ငွေပေးချေမှု စနစ်အပါအဝင် ဆော့ဖ်ဝဲများဖြင့် ကမ္ဘာကို တစ်ချိန်က ဦးဆောင်ခဲ့သည်။

သို့သော် ယင်း၏ ထင်ပေါ်ကျော်ကြားမှုများ သည် အက်ပဲလ်၏ အိုင်ဖုန်း ထွက်ပေါ်လာသည့်
အခါ အလျင်အမြန် ပျောက်ကွယ်သွားသည်။ ပြည်တွင်းသုံးစွဲသူများအတွက် လိုအပ်သည် များ
ကို ဖြည့်ဆည်းပေးရန် အာရုံထားသည့် အချက်က အဆိုပါ ဂျပန်မိုဘိုင်းဖုန်းများကို အခြားနိုင်ငံ
များမှ ကွဲပြားသွားစေသည့်အတွက် ယခုကဲ့သို့ ကျဆုံးသွားရခြင်း ဖြစ်သည်။ယင်းဖြစ်စဉ်ကို
Galapagos Syndrome ဟု အမည်ပေးထားသည်။

"Tizenအိုအက်စ်ဟာ ဂျပန်ရဲ့ ခေတ်မီ တိုးတက်တဲ့ ၀န်ဆောင်မှုတွေကို ပြန်လည် အသက်သွင်း
ပေးနိုင်ပြီး ၀န်ဆောင်မှုအသစ် တွေကိုလည်း ပိုပြီး လွတ်လွတ်လပ်လပ် ဖန်တီးပေးနိုင်မယ်လို့
ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" ဟု ဥအသမင က ပြောသည်။

Tizen အိုအက်စ်သည် ယခုနှစ်အတွင်း ထွက်ပေါ်လာမည့် စမတ်ဖုန်းအိုအက်စ်လက်တစ်ဆုပ်စာ
ထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဈေးကွက်တွင်း လူသုံးများနေသည့် အိုအက်စ် နှစ်ခုဖြစ်သည့်
အန်းဒရွိုက်နှင့် အိုင်အိုအက်စ် ကို ယှဉ်နိုင်မည်ဟု စိန်ခေါ်ထားသည်။

အန်းဒရွိုက်နှင့် အက်ပဲလ်သည် တစ်ဟုန် ထိုး တိုးတက်နေသည့် စမတ်ဖုန်းဈေးကွက်တွင် ဈေး
ကွက်နေရာ ၉၀ ရာခိုင်နှုန်းကျော် ရရှိထားပြီး ဘလက်ခ်ဘယ်ရီနှင့် မိုက်ခရိုဆော့ဖ်၏ ၀င်းဒိုးဖုန်းများ
က တတိယနေရာကို ရရှိရန် ယှဉ်ပြိုင်နေကြသည်။

လွတ်လပ်စွာ သုံးစွဲရန် ဖွင့်ပေးထားသည့် အိုအက်စ်ပလက်ဖောင်း Linux ကို အခြေခံ သည့်
အိုအက်စ်စနစ်သုံးဖုန်းများ နှင့် Mozilla ၏ firefox ဘရောက်ဆာတို့သည် ယခုနှစ်တွင်
ဈေးကွက်တွင်း အထူးသဖြင့် လူသုံးများသည့်အရာများ ဖြစ်လာနိုင်မည်ဖြစ်ပြီး အထူးသဖြင့်
ဖွံ့ဖြိုးဆဲဈေးကွက်များတွင် အများဆုံးလူသုံး များလာဖွယ်ရာ ရှိသည်။

ဆမ်ဆောင်း၏ Tizen အိုအက်စ်သုံး စမတ် ဖုန်းများကို စပိန်နိုင်ငံ ဘာစီလိုနားတွင် ကျင်းပ မည့်
Mobile World Congress ပြပွဲကျင်းပ မည့်အချိန် နောက်လတွင် ပွဲထုတ်ပြသဖွယ်ရာရှိသည်ဟု
ဂျပန်နေ့စဉ်ထုတ် သတင်းစာ Mainichi Shimbun တွင် ဇန်နဝါရိလ ၈ ရက်နေ့တွင် ဖော်ပြထား
သည်။

ဆမ်ဆောင်းသည် Tizen စမတ်ဖုန်းကို ယခု နှစ်နွေဦးတွင် စောနိုင်သမျှစောစော ဈေးကွက် တွင်း
ရောင်းချပေးမည်ဖြစ်ကြောင်း အမည် မဖော်သူ သတင်းရင်းမြစ်၏ ပြောကြားချက် ကို ကိုးကားပြီး
အဆိုပါ သတင်းစာတွင် ဖော်ပြ ထားသည်။

NTT Docomo၊ တရုတ်နိုင်ငံ၏ နံပါတ်နှစ် ကုမ္ပဏီကြီးဖြစ်သည့် China Mobile နှင့် တောင်ကိုရီး
ယား၏ ဒုတိယအကြီးဆုံးကုမ္ပဏီ ုွှ တို့သည် ၎င်းတို့၏ စီးပွားရေးကို နိုင်ငံအချင်းချင်း ပူးပေါင်း
ဆောင်ရွက်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် မြန်နှုန်းမြင့် LTE နည်းပညာ ကို အသုံးပြုခြင်းအားဖြင့်
၎င်းတို့မိုဘိုင်းကွန်ရက် များကို မျှဝေသုံးစွဲရန် စီစဉ်နေသည်ဟုလည်း Mainichi Shimbun
သတင်းစာတွင် ဖော်ပြ ထားသည်။

နိုင်ငံဖြတ်ကျော် ပြုလုပ်သည့် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးမြင့်လာနေသည့် အချိန်တွင်
အဆိုပါကြိုးပမ်းမှု ထွက်ပေါ်လာ ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု ကြောင့် အာရှဈေး
ကွက်ကို လှုပ်ရှားသက်ဝင် လာနိုင်စေမည်ဟု Docomo က မျှော်လင့်ထား သည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်