ယခုလကုန်ခန့်တွင် ပြည်တွင်းဖုန်းကတ် များ ပြည်ပသယ် ဆောင်နိုင်ဖွယ်ရှိ

ယခုလကုန်ခန့်တွင် ပြည်တွင်းဖုန်းကတ် များ ပြည်ပသယ် ဆောင်နိုင်ဖွယ်ရှိ

ပြည်ပနိုင်ငံ ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်း တွင် အသုံးပြုနိုင်နေပြီဖြစ်သော်လည်း ပြည်တွင်း
မှ မိုဘိုင်းဖုန်းများမှာမူ ဇန်နဝါရီလကုန်ခန့်မှ ပြည်ပသို့ သယ်ဆောင်အသုံးပြုနိုင်ဖွယ်ရှိသည် ဟု
ပြင်သစ်အခြေစိုက် Orange ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ပထမဦးဆုံးအနေနဲ့ ပြည်တွင်းဆင်းကတ် တွေဖြစ်တဲ့ ကျပ် ၁၅ သိန်းတန် GDM/WCDMA
ဆင်းကတ်တွေကို အပြည်ပြည်ဆိုင်ရာ ျွသောငညါ ၀န်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
က ပေးမယ်လို့ ထင်ပါတယ်။ ဒီ ၁၅ သိန်းတန် ဆင်းကတ်တွေကို ၀န်ဆောင်မှုပေးပြီး သိပ်မကြာ
ခင်မှာ ကျပ် ၁,၅၀၀ တန် ဆင်းကတ်တွေကို ဆက် ပြီးဝန်ဆောင်မှု ပေးသွားနိုင်ပါတယ်။ ပထမဦး
ဆုံး အနေနဲ့ ပြည်တွင်းဆင်းကတ်တွေကို ဇန်နဝါရီ လကုန်လောက်မှာ ပေးနိုင်မယ်လိုထင်ပါတယ်"
ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

အရန်ဆက်သွယ်ရေးအော်ပရေတာအဖြစ် ရွေးချယ်ခြင်းခံထားရသည့် Orange ကုမ္ပဏီ သည်
အပြည်ပြည်ဆိုင်ရာ အသံနှင့် သတင်းတို စာပို့စနစ်ဝန်ဆောင်မှုကို Roaming စနစ်ဝန်ဆောင်မှု
ပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက သဘောတူ
လက်မှတ်ရေးထိုးခဲ့သည်။

Orange ကုမ္မဏီအနေဖြင့် အခြားနိုင်ငံများ သို့ ချဲ့ထွင်သွားမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်း
အတာအထိ ချဲ့ထွင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြား
ရေးမှူး ဦးအောင်မော်က ပြောကြား ခဲ့ဖူးသည်။ ယင်းဝန်ဆောင်မှုကို ဆီးဂိမ်းကာလအတွင်း မှ
စတင်ကာအသုံးပြုနိုင်နေပြီဖြစ်သည်။

သို့ရာတွင် ပြည်တွင်းမိုဘိုင်းဖုန်းများမှာမူ ပြည်ပ တွင် အသုံးမပြုနိုင်သေးပေ။ ထို့ပြင် ယခုနှစ်
အတွင်းတွင်လည်း Data Roaming ၀န်ဆောင် မှုများကို ဆက်လက်ပေးနိုင်အောင်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်