မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုများနှင့် လိုင်းအရည်အသွေး တိုးတတ်ကောင်းမွန်စေ ရန်
Optimization လုပ်ငန်းများဖြစ်သည့် စက်ချိန်ညှိခြင်းလုပ်ငန်းနှင့် တိုင်းတာစမ်းသပ်ခြင်းလုပ်ငန်း
များကို ဇန်နဝါရီလ ၃၁ ရက်နေ ့ အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ထားသည်။
"ကျွန်တော်တို့က အခုဇက်တီအီးပစ္စည်းတွေကို ဟွာဝေးပစ္စည်းတွေနဲ့ လဲလှယ်ပြီး ပြန်တပ်နေရ
တော့ အချိန်လည်း တော်တော် ကုန်တယ်၊ လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေလည်း များတယ်။
ကျွန်တော်တို့ ခန့်မှန်းထားတာတော့ စက်ချိန်ညှိတဲ့ လုပ်ငန်းနဲ့ တိုင်တာစမ်းသပ်တဲ့ လုပ်ငန်းတွေ
ကို ယခုလ ၃၁ ရက်နေ့အထိ ဆက်လက် လုပ်ဆောင်သွားမှာပါ။ အဲဒီရက်ပြီးရင်တော့ ဖုန်းဆက်
သွယ်မှု ပိုမိုကောင်းမွန် သွားမယ်လို့ မျှော်လင့်ပါတယ်။ ဖုန်းဆက်သွယ် ရေး ကောင်းမွန်တဲ့အထိ
ကို ပြုပြင်လုပ်ဆောင် သွားမှာပါ" မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာတစ်ဦးက
ပြောသည်။
ပြည်သူများအနေဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ပြောဆိုမှု အခက်အခဲရှိပါက Call Center ၁၈၇၆
သို့ မိမိတို့ ဖြစ်ပေါ်နေသော အခက်အခဲများကို နေ့ရက်၊ အချိန်၊ နေရာများကိုအတိအကျပြော ၍
အကူအညီတောင်းနိုင်သည်။ နေပြည်တော်နယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ GSM/
WCDMA မိုဘိုင်း နက်ခ်ဝါ့တွင် Vendor နှစ်ခု ရှိနေသဖြင့် မိုဘိုင်း ဖုန်း ခေါ်ဆိုမှုအခက်အခဲရှိခြင်း၊
အသံအရည် အသွေး ကောင်းမွန်မှု မရှိခြင်းတို့ကို ပြုပြင်ရန် အတွက် စက်ပစ္စည်းများတိုးချဲ့တပ်
ဆင်ခြင်းနှင့် အတူ ဒေသတစ်ခုအတွင်း Vendor တစ်ခုတည်း ရှိအောင် စက်ပစ္စည်းများ လဲလှယ်
တပ်ဆင်ခြင်း တို့ကို တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ရာ နေပြည်တော်နယ်မြေတွင်၂၀၁၃ ခုနှစ်၊ နိုဝင်
ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဒီဇင်
ဘာ လ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ လည်းကောင်း တိုးချဲ့လဲလှယ်တပ်ဆင်ခဲ့ခြင်း
ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
လက်ရှိကာလတွင် ဖုန်းများဆက်သွယ်ရာ တွင်အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရ ကြောင်း
အသုံးပြုသူများက ပြောသည်။
ဂျီအက်အမ်မိုဘိုင်းဖုန်း အသုံးပြုသူ ဒေါ်စိုး စိုးက "အခုရက်ပိုင်းအတွင်း ဖုန်းတွေကခေါ်လို့ မရဘူး။
ခေါ်လို့ရရင်လည်း ပြောရတာ အဆင်မ ပြေဘူး၊ လိုင်းမကြည်ဘူး။ ရသွားရင်လည်း ခဏ ပဲ၊ ပြန်
ပြုတ်ကျသွားတယ်" ဟု ပြောသည်။
















