မသန်စွမ်းအားကစားပြိုင်ပွဲ၏ အားကစားနည်းငါးမျိုးကို တိုက်ရိုက်ထုတ်လွှင့်မည်

မသန်စွမ်းအားကစားပြိုင်ပွဲ၏ အားကစားနည်းငါးမျိုးကို တိုက်ရိုက်ထုတ်လွှင့်မည်

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ၏ အားကစားနည်း ငါးမျိုးကို မြန်မာ့ရုပ်မြင်သံ ကြားရုပ်သံ
လိုင်းမှသာ ထုတ်လွှင့်ပေးနိုင်သည် ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းထုတ် ပြန်ရေးအဖွဲ့
ခေါင်းဆောင်၊ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ယခုလ ၁၃ ရက်နေ့က မြန်မာတိုင်း(မ်)ကို
ပြောသည်။

"လောလောဆယ်သေချာတာက အမ်အာရ် တီဗီကပဲ ထုတ်လွှင့်ပေးမယ်။ တစ်ရက်ကို တစ်မျိုး၊
အားကစားနည်း ငါးမျိုးကို ကစားနေ တဲ့ အချိန်မှာ တိုက်ရိုက် ထုတ်လွှင့်ပေးမှာပါ။ တကယ်လို့
တခြားရုပ်သံလိုင်းတွေမှာ လွှင့်မယ် ဆိုရင် တောင်သူလယ်သမား၊ တိုင်းရင်းသားနဲ့ လွှတ်တော်
စတဲ့ ဒစ်ဂျစ်တယ်ရုပ်သံလိုင်းတွေ ကနေ လွှင့်ပေးမှာပါ" ဟု ၎င်းက ပြောသည်။

အဆိုပါထုတ်လွှင့်ပေးမည့် အားကစားနည်း ငါးမျိုးမှာ ပြေးခုန်ပစ်၊ ခုနစ်ယောက်(သို့) ငါးယောက်
ဘောလုံး၊ ထိုင်လျက်ဘောလီ ဘော၊ ဘီးတပ်ဘတ်စကက်ဘောနှင့် ဂိုးလ်ဘော (Goal Ball )
စသည့် ပွဲစဉ်များဖြစ်ပြီး ဖွင့်ပွဲနှင့် ပိတ်ပွဲများကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပေး မည် ဖြစ်သည်။

အားကစားပွဲများ ရိုက်ကူးထုတ်လွှင့်ရာတွင် လည်း ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် (၂၇)ကြိမ်
မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ထက် ကုန်ကျစရိတ်အားဖြင့် သက်သာမည်ဖြစ်
ကြောင်းနှင့် ယင်းဆီးဂိမ်းကျင်းပစဉ်က ၀ယ်ယူ ထားသည့် ပြင်ပရိုက်ကူးရေးသုံးကား
(OutBroadcasting Van) များနှင့် ကင်မရာအနည်းဆုံး ရှစ်လုံးခန့်ကို အသုံးပြုသွားမည်
ဟုလည်း ဦးဝင်း ကြည်က ပြောသည်။

"အခု ပြိုင်ပွဲက ပြီးခဲ့တဲ့လက လုပ်ခဲ့တဲ့ ဆီးဂိမ်း လို စက်ပစ္စည်းနဲ့ ပတ်သက်ပြီး သီးသန့်စိုက်ထုတ်
စရာ မလိုတဲ့အတွက် ကုန်ကျစရိတ်သက်သာနိုင် တယ်'' ဟု ၎င်းက ပြောသည်။ နှစ်ပေါင်း ၄၄နှစ်
အကြာတွင် ပထမဆုံးအဖြစ် (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ
က အိမ်ရှင်အဖြစ် ဇန်နဝါရီလ ၁၄ ရက်မှ ၂၀ ရက်အထိ လက်ခံကျင်းပ နိုင်ခြင်းဖြစ်ပြီး မြားပစ်၊ ပြေး
ခုန်ပစ်၊ စစ်တုရင်၊ ဘိုစီယာ၊ ခုနစ်ယောက်ဘောလုံး၊ ငါးယောက် ဘောလုံး၊ ဂိုးလ်ဘော၊ အလေးမ၊
ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘောလီဘောနှင့် ဘီးတပ်ဘတ်စကက်ဘောစသည့် အား
ကစား နည်း ၁၂ မျိုးကိုကျင်းပသွားမည်ဖြစ်သည်။

(၆)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့စဉ်က မြန်မာနိုင်ငံမှ အားကစားနည်းခြောက်မျိုး ခန့်ကိုသာ အား
ကစားသမား ၆၀ ကျော်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုပြိုင်ပွဲ၌ အားကစားနည်း ၁၂
မျိုးကို အားကစားသမား ၂၁၃ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်