နော်တန်က Norton Mobile Security ဆော့ဖ်ဝဲလ်ဖြန့်ချိ

နော်တန်က Norton Mobile Security ဆော့ဖ်ဝဲလ်ဖြန့်ချိ

အင်တာနက် လုံခြံုရေးဆော့ဖ်ဝဲများ ထုတ်လုပ် လျက်ရှိသော နော်တန်ကုမ္ပဏီသည် အန်ဒရွိုက်
ဖုန်းများနှင့်တက်ဘလက်ကွန်ပျူတာများတွင် ဗိုင်းရပ်စ်များ ၀င်လာနိုင်ခြင်း မရှိစေရန် Norton
Mobile Security ဆော့ဖ်ဝဲသစ်ကို ဇန်နဝါရီလ ဒုတိယပတ်မှစတင်ကာ မြန်မာနိုင်ငံ တွင်
ရောင်းချပေးသွားမည် ဖြစ်သည်။

"ကျွန်မတို့ ဆော့ဖ်ဝဲကို ဇန်နဝါရီ ၁၅ ရက်နေ့ ကမှစပြီး ရောင်းပါမယ်။ ဆော့ဖ်ဝဲကို ကျပ် ၅,၀၀၀
နဲ ့တစ်နှစ်စာရောင်းချပေးသွားမှာပါ" ဟု KMD ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ထို့ပြင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အခြားသူများမသိစေ ရန် အကာ
အကွယ်ပေးနိုင်သည့်အပြင် လက်မခံ လိုသော တယ်လီဖုန်းခေါ်ဆိုမှုများကို သီးခြားခွဲ ထားပေးနိုင်
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်