ဆွဲဆောင်အားကောင်းတဲ့ စွမ်းဆောင်ရည်မြင့် ပြိုင်ကားတွေ

ဆွဲဆောင်အားကောင်းတဲ့ စွမ်းဆောင်ရည်မြင့် ပြိုင်ကားတွေ

ချွေတာရေးဆိုတဲ့စကားကတော့ နိဂုံးချုပ်သွားပြီ လို့ ပြောရတော့မှာပါ။ Detroitမှာ ကျင်းပတဲ့
မော်တော်ကားပြပွဲမှာ မော်တော်ကားကုမ္ပဏီတွေ ဟာ အရမ်းကိုမြန်တဲ့ ပြိုင်ကား Corvette၊
ခိုင်ခံ့ ကောင်းမွန်တဲ့ Mustang အသစ်နဲ့ အကြမ်းခံ တဲ့ WRX စတဲ့ အမြန်နှုန်းနဲ့ အင်ဂျင်အားမှာ
အကောင်းဆုံးဖြစ်တဲ့ အလန်းစားမော်တော်ကား သစ်တွေကို ပွဲထုတ်ပြသခဲ့ပါတယ်။

ပေါ့ပါးသွက်လက်ပြီး စတိုင်ကျသလို အင်ဂျင် အား အရမ်းကောင်းတဲ့ကားတွေနဲ့ ကားမောင်း မကြမ်း
တတ်တဲ့သူတွေကိုတောင် ကားမောင်း ကြမ်းသွားစေမယ့် စွမ်းဆောင်ရည်မြင့်ကား တွေကို ဈေးကွက်
အတွက် ထုတ်လုပ်ထားတဲ့ ကားတွေနဲ့အတူ နမူနာပုံစံကားတွေကိုပါ ဒီတစ်ပတ်မော်တော်ကားပြပွဲ
မှာ မိတ်ဆက်ပေး ထားပါတယ်။

နှစ်စဉ်ကျင်းပတဲ့ ဒီမော်တော်ကားပြပွဲက တော့ ဘာပဲဖြစ်ဖြစ် အမေရိကန်ဈေးကွက်ကြီး ပြန်ကောင်း
လာတာကို ပြပါတယ်။ ပြီးတော့ ကားတွေကို အရမ်းမြန်မြန်မောင်းပြီး စိတ်လှုပ်ရှား ရတဲ့အရသာကို
ခံစားကြဖို့လည်း အဆင်သင့်ဖြစ် နေတာကို ပြပါတယ်။

ဒီပြပွဲမှာ အထင်ပေါ်ဆုံး ကားတွေကတော့Corvette Stingray က ထုတ်လုပ်ပေးလိုက်တဲ့ ကား
သစ်နှစ်မျိုးပါ။ ပထမတစ်မျိုးကတော့ Chevrolet ရဲ့ CR 7 ပြိုင်ကားပါ။ ဒီပြိုင်ကားကို ဒီလအကုန်
ပိုင်းကျ ရင် Daytona မြို့မှာကျင်းပမယ့် အမေရိကန် နိုင်ငံရဲ့ နှစ်သစ်မှာ ပထမအကြိမ်ကျင်းပမယ့်
ကားပြိုင်ပွဲကြီးဖြစ်တဲ့ Rolex 24 hour race မှာ ပွဲထုတ်ပြသမှာဖြစ်ပြီး ပြင်သစ်က LeMans မှာ
နှစ်ကုန်ပိုင်းမှာကျင်းပမယ့်ပွဲမှာလည်း ၀င်ရောက် ယှဉ်ပြိုင်ပြီး အစွမ်းပြဖွယ်ရာ ရှိပါတယ်။

နောက်ထပ် ကားသစ်တစ်မျိုးကတော့ 'အမေ ရိကန် စူပါကား' လို့ အမည်ရပြီး မြင်းကောင်ရေ
၏၆၂၅ ကောင်အားရှိတဲ့ အိမ်စီးကားလေးပါ။ CR 7 ပြိုင်ကားလိုပဲ ကားဘော်ဒီကို အလူမီနီယံ
သတ္တုနဲ့ တည်ဆောက်ထားပြီး အမြန်နှုန်းက လည်း 'အမြန်ဆုံး Vette ကား' လို့ ပြောရလောက်
အောင် ဃျွ.၇လို အမြန်နှုန်းမျိုးနဲ့ မောင်းလို့ ရပါတယ်။ဒီကားကိုတော့ ၂၀၁၅ ခုနှစ်ကျရင် ဈေးကွက်
ထဲ ရောင်းချပေးမယ်လို့ သိရပါတယ်။

"ကားပြိုင်ပွဲတွေမှာ ၀င်ပြိုင်ပြီး အနိုင်ရခဲ့တယ် ဆိုတဲ့ အချက်ကတော့ ကျွန်တော်တို့ ကုမ္ပဏီက
ဘာလဲဆိုတာကို ဖော်ပြတဲ့ အချက်တွေထဲမှာ ပါ၀င်ပါတယ်" လို့ General Motor ကားကုမ္ပဏီ
ကားသစ်ထုတ်လုပ်ရေးဌာန ခေါင်းဆောင် Mark Reuss က အမေရိကန်ကားပြိုင်ပွဲတွေ မှာ အရင်
Corvetteပြိုင်ကား ရရှိခဲ့တဲ့ အောင်မြင် မှုတော်တော်များများကို ရည်ညွှန်းပြီး သူက ပြောကြားခဲ့
ပါတယ်။ ကားပြပွဲမှာ သမင်လည်ပြန်လှည့်ကြည့်ချင် စရာ ကောင်းလောက်အောင်ဆွဲဆောင်မှု
ကောင်းလွန်းတဲ့ ကားသစ်တစ်စီးကတော့ တိုယိုတာရဲ့ FT-1 နမူနာပုံစံကားလေးပါ။ သူ့ရဲ့ ဒီဇိုင်း
ကတော့ ဗီဒီယိုဂိမ်းမှာပါတဲ့ ပြိုင်ကားပုံစံ လေးပါ။ ဒါပေမဲ့ ဒီပြိုင်ကားလေးဟာ အမေရိကန် နိုင်ငံမှာ
မတွေ့ရတာ ကြာလှပြီဖြစ်တဲ့ တိုယိုတာ Supra ပြိုင်ကားရဲ့့ အရိုက်အရာကိုဆက်ခံမယ့် ပြိုင်ကား
လေး တစ်နေ့နေ့ကျရင် ဖြစ်လာနိုင် ပါတယ်။

ဒီပြိုင်ကားလေးရဲ့ ကိုယ်ထည်မှာ ထောင့်ချိုး တွေ မသိမသာ ပါ၀င်ပြီး သူ့မှာ ပါ၀င်တဲ့ လေထွက်
ပေါက်တွေကလည်း အပူပေးစနစ်တစ်ခုထက် ပိုများပါတယ်။ ဒီကားလေးကို အားရပါးရ ၀ိုင်းဝန်း
ချီးမွမ်းထားကြပြီး ဈေးကွက်ထဲရောင်းချဖို့အတွက် ထုတ်လုပ်ပေးဖို့ တောင်းဆိုကြသူတွေလည်း
ရှိပါတယ်။

တောင်ကိုရီးယား ကားကုမ္ပဏီ Kia ကလည်း သူ့ရဲ့ သာမညောင်ည ဂုဏ်သတင်းကို မာန်ပါ
တောက်ပလှတဲ့ GT4 Stinger နမူနာကားပုံစံနဲ့ မြှင့်တင်ပေးလိုက်တာကို တွေ့ရပါတယ်။
သူ့ရဲ့ပုံစံကတော့ ပေါ်ရှေး ဒါမှမဟုတ် Maserati လို ကောက်ကြောင်းတွေပါပြီး ၂ ဒသမ ၀
လီတာအင်ဂျင်မှာ မြင်းကောင်ရေ ၃၁၅ ကောင်အားပါ တာဘိုချာဂျာပါ၀င်ပါတယ်။

ဂျပန်ကုမ္ပဏီ Subrua ကလည်း ပြိုင်ကားမောင်းသမားတွေ အကြိုက်တွေ့မယ့် WRX ဗားရှင်း
အသစ်ကို ဒီကားပြပွဲမှာ ပြသပေးထား ပါတယ်။ ဒီကုမ္ပဏီကတော့ ရိုးရှင်းတဲ့ ကားပုံစံ လေးတွေ
သာ အခုအချိန်အထိ ထုတ်လုပ်ဆဲပဲ လို့ ပြောရပေမယ့် အသစ်ထပ်ထုတ်လိုက်တဲ့ WRX ပြိုင်ကား
ကတော့ အကြမ်းခံပြီး ကွေ့တဲ့ အခါမှာလည်း ပိုတည်ငြိမ်သလို ဘရိတ်ကလည်း ပိုပြီးမြဲပါတယ်။

ဒီပြပွဲမှာ ပြသထားတဲ့ တခြားပြိုင်ကားသစ်တွေထဲမှာ ဘီအမ်ဗလျူရဲ့ 2 Serues ၊ M3 နဲ့ M4 ၊
ပေါ်ရှေးရဲ့ 911 Targa၊ နီဆန်ရဲ့ Maxma အသစ် လို့ ပြောရမယ့် ပြိုင်ကားပုံစံနမူနာကား၊ မာဇဒါ
ရဲ့ Club Sport 3 ပြိုင်ကားနမူနာပုံစံ နဲ့ Jaguar ရဲ့ F-type copue ကားတွေလည်း ပါ၀င် ပါ
တယ်။

ပြိုင်ကားအသစ်တွေ လိုတာထက်ပိုပြီး ထုတ်လုပ်နေကြတာဟာ မော်တော်ကားကုမ္ပဏီတွေ
အတွက် အကျပ်အတည်းဖြစ်ခဲ့တဲ့ကာလဖြစ်တဲ့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ
ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို လွှတ်ပေး လိုက်သလို ဖြစ်နေတာကိုပြတယ်လို့ ကျွမ်းကျင်
သူတချို့က သုံးသပ်ထားပါတယ်။

ဈေးကွက်အချက်အလက်ဆိုင်ရာဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ JD Power က မော်တော်
ကားထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Dave Sargent က
နမူနာပုံစံကားတွေ အများအပြားထွက်လာတာ ဟာ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း အခြေ
အနေ နည်းနည်းပြန်ကောင်းလာနေတဲ့ လက္ခဏာ ဖြစ်တယ်လို့ ပြောပါတယ်။

"အထူးသဖြင့် ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ ကားနမူနာပုံစံတွေကို မော်တော်ကားပြပွဲမှာ သိပ်
မတွေ့ရပါဘူး။ ထုတ်လုပ်ပေးခဲ့တဲ့ ကားတွေ ကလည်း လူအများကြိုက်ပုံစံတွေပဲဖြစ်ပြီး လက်တွေ့
အသုံးဝင်မယ့်ပုံစံမျိုးတွေပဲ အဓိက ဦးစားပေး ထုတ်လုပ်ထားပါတယ်" လို့ သူက ပြောပါတယ်။
မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ဟာ အကြမ်းခံပြီး ဆီစားသက်သာတဲ့ ကားမျိုး တွေကို
ထုတ်လုပ်နိုင်ဖို့ ကြိုးစားလာကြတဲ့အတွက် မော်တော်ကားပြပွဲမှာ ပြသထားတဲ့ ကားတချို့မှာ
နည်းပညာတွေကို အသုံးပြုထား ပါတယ်။

ဒါပေမဲ့ ပြိုင်ကားနမူနာပုံစံတွေကတော့ ယေဘုယျအားဖြင့် ကုမ္ပဏီရဲ့ အမည်ကို လူသိ ထင်ရှားဖြစ်
စေပေမယ့် ဈေးကွက်ထဲကိုတော့ စီးပွားဖြစ်ရောင်းချပေးဖို့တော့ ရောက်လာလေ့ မရှိပါဘူးလို့
Edmunds.com က မော်တော်ကား ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ Jessica
Caldwell က သတိပေးပြောကြားထား ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပြန်ကောင်း
လာတာကို တွေ့ရတဲ့အတွက် တိမ်ငုပ်နေတဲ့ဝယ်လိုအားတချို့တော့ ဈေးကွက်ထဲမှာ ရှိနေပါတယ်
လို့ သူက ပြောပါတယ်။

" ပြိုင်ကားတွေကို ၀ယ်ချင်တဲ့သူတွေ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုများလာနေပါပြီ" လို့ သူက
မှတ်ချက်ချ ပြောဆိုထားပါတယ်။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်