
မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်းကို အသွင် တစ်မျိုးဖြင့် ဆန်းသစ်သည့် ဇာတ်ကောင်ရုပ် ကလေး
များ ဖန်တီးကာမိုဘိုင်းဂိမ်းအဖြစ် Total Game Play Studio က ဇန်နဝါရီလ ၂၀ ရက်နေ့က ကနဦး
စတင်ဖြန့်ချိလိုက်သည်။
အင်ဒရိုက်ဗားရှင်းစနစ်သုံးဟန်းဆက်အသုံးပြုသူများအတွက် Google Play Store တွင် ရယူနိုင်
ပြီဖြစ်ကာ နှစ်ပတ်ခန့်အကြာတွင် အိုင်အိုအက်စ်အတွက် ဆက်လက်ဖြန့်ချိမည် ဖြစ်ပြီး ကွန်ပျူတာ
များအတွက်လည်း ဆက်လက် ထုတ်လုပ်သွားမည် ဖြစ်သည်။
"စစ်တုရင်ဂိမ်းမှာ မူလစစ်တုရင် အရုပ်တွေ အပြင်၊ အပြင်မှာတကယ်စစ်တိုက်တဲ့ ပုံစံအတိုင်း မြန်
မာဘုရင်၊ စစ်သူကြီး၊ စစ်သားတွေ ကို ဗါန သ် နာစငမန ထဲကလို ကစားနိုင်မှာဖြစ်ပါတယ်။ မြန်မာ
တပ်၊ ယိုးဒယားတပ်တွေအပြင်၊ ရာမ၊ ဒဿာဂီရိလို မြန်မာလူမျိုးတွေ သဲခြေခိုက် ဇာတ်ကောင်တွေ
နဲ့ ယူဆော့ရမှာ။ ဒါကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်" ဟု Total Game Play Studio ၏
Chief Technical Officier ကိုမြင့်ကျော်သူက ပြောသည်။
"မြန်မာရိုးရာ စစ်တုရင်ဂိမ်းကို စပြီးဖန်တီး ခဲ့တာကတော့ တစ်နှစ်ကျော်ရှိပါပြီ။ အဓိက ကြာနေတာ
ကတော့၊ ပထမဖန်တီးတဲ့ 2D version ကို မကြိုက်ပါဘူး။ မြန်မာစစ်တုရင်ဆို တော့ ပေါ့ပေါ့တန်
တန်လုပ်လို့ မရပဲ၊ အကောင်း ဆုံးဖြစ်အောင် ဖန်တီးနေတာရယ်၊ မြန်မာ့စစ်တုရင် AI (Artificial
Intelligent) ကို အစအဆုံးရေးဖို့ လေ့လာနေတာရယ်ကြောင့် မူလစီစဉ်ထားတဲ့ရက်ထက်
အတော်နောက်ကျပြီးမှ ထုတ်နိုင်ခဲ့ပါ တယ်" ဟု ၎င်းကပြောသည်။
"အွန်လိုင်းမှာလည်း နယ်နယ်အရပ်ရပ်မှ စစ်တုရင်ပညာရှင်များနဲ့ ချိတ်ပြီးဆော့ကစား နိုင်အောင်
လည်း ဆောင်ရွက်ထားပြီး အခြား ဆော့ကစားမည့်သူမရှိရင်တောင်မှ AI (Artificial Intelligent)
နဲ့ဆော့ကစားလို့ ရပါတယ်။ စစ်တုရင် AI ကိုလည်း ခက်ခက်ခဲခဲအစအဆုံး ဖန်တီးထားပါတယ်။
မြန်မာ့စစ်တုရင်ဂိမ်းက အနောက်တိုင်းစစ်တုရင်ဂိမ်းနဲ ့မတူတဲ့အတွက် အနောက်တိုင်းစစ်တုရင် AI
ကိုအသုံးချလို့ မရပါဘူး။ ဒါကြောင့်ကိုယ်တိုင် ဖန်တီးယူထား ပါတယ်။ ဒါ့ပြင် AI ကိုလည်း ကောင်း
သထက် ကောင်းအောင် ဆက်လက်ဖန်တီးသွားမှာပါ" ဟု ဦးမြင့်ကျော်သူက ပြောသည်။
စစ်တုရင်ကစားနည်းကိုခုံမင်သူ ကိုပြည့်ဖြိုး က "ကျွန်တော်က စစ်တုရင်ထိုးရတာကို ကြိုက်တယ်။
အားတဲ့အချိန်ဆိုရင် စစ်တုရင်ထိုး ဖြစ်တယ်။ စစ်တုရင်ကို သူငယ်ချင်းတွေနဲ့ ချိန်း ပြီး ထိုးတယ်။
ပိုက်ဆံကြေးတော့မထိုးဘူး။ နိုင်တဲ့ ခံစားချက်ကိုပဲ ဂုဏ်ယူတာပါ။ စစ်တုရင်ထိုးဖို့ သူငယ်ချင်း
မရှိဘူးဆိုရင် ကွန်ပျူတာမှာရှိတဲ့ စစ်တုရင်ထိုးတယ်။ အခုလို မြန်မာ့ရိုးရာစစ် တုရင်ဂိမ်းကို ဖန်တီး
လိုက်တယ်ဆိုတော့ မြန်မာ့ ရိုးရာစစ်တုရင်ဂိမ်းက အင်တာနေရှင်နယ်ဂိမ်း နဲ့ ကစားနည်းဘာတွေ
ကွာခြားသလဲဆိုတာ ဒီဂိမ်း က တစ်ဆင့်လေ့လာရမှာပါ" ဟု ပြောသည်။
"Chess ကိုကစားတတ်ပါတယ်။ မြန်မာစစ်တုရင်ကို မကစားတတ်ပါဘူး။ ကစားလည်း မစား ဖူးဘူး။
မိုဘိုင်းခေတ်မှာ၊ တစ်နေရာတည်း တစ်ချိန်တည်းမှာ ကစားဖော်တစ်ယောက်တည်း နဲ့ အချိန်ပေး
ယှဉ်ပြိုင်ဆော့စရာမလိုတော့ပါ ဘူး။ ဆက်သွယ်မှု ကွန်ရက်ထဲမှာရှိနေသမျှ၊ အချိန်ခွာပြီး၊ ကိုယ်ရွှေ့
မယ့်အလှည့်ကို အချိန် မရွေး၊ နေရာမရွေးစဉ်စားပြီးတဲ့အချိန်မှာ အကွက် ရွှေ့လို့ရပါတယ်။
ပြိုင်ဘက်ကစားဖော်အများ ကြီးနဲ့လည်း တစ်ပြိုင်နက်တည်း၊ ပွဲတွေအများ ကြီး ကစားနိုင်ပါတယ်။
သမာရိုးကျကစားနည်း မှာလို ဘေးပြောတွေမရှိတော့ဘူး" လို့ Zwen exsys Company မှ
မန်နေးဂျင်းဒါရိုက်တာနှင့် Chief Software Engineer ကိုသာထက်က ပြောသည်။
"မြန်မာ့ရိုးရာစစ်တုရင်ကစားနည်းက တကယ် တော့ ဘယ်မှာမှမရှိတဲ့ ကျွန်တော်တို့လူမျိုးတွေ ရဲ့
ကိုယ်ပိုင်ကစားနည်းဖြစ်ပါတယ်။ ကျွန်တော် တို ့ကိုယ်တိုင် ဖန်တီးကြည့်တဲ့အခါမှ တော်တော်လည်း
နက်နဲတဲ့ ကစားနည်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာကစားတဲ့ သူနဲ့ သွားပြီး၊ ဘယ်လို
ကစားရတယ်ဆိုတာတောင် သိပ်မသိ ကြတော့ပါဘူး။ စစ်တုရင်အရုပ်တွေဝယ်ဖို ့ အပြင်မှာမေးဖို့
ကျတော့လည်း သိပ်မလွယ်ဘူး လေ။ ဒါကြောင့်ကျွန်တော်တို့ ကွန်ပျူတာဂိမ်း ကို ကစားမယ်ဆို
ရင် ကိုယ့်လူမျိုးရဲ့ နက်နဲတဲ့ ကစားနည်းတစ်ခုကို ကိုယ်တိုင်အလွယ်တကူ လေ့လာနိုင်မှာပါ။
နောက်ပြီးစစ်တုရင်ဂိမ်းကို နိုင်ငံတကာဈေးကွက်ကိုရောင်းလို့ရတဲ့ အဆင့်ထိ ဖြစ်အောင် ကြိုးစား
ဖန်တီးထားတာဖြစ်တဲ့ အတွက် နိုင်ငံတကာထိ ပေါက်မြောက်အောင်ပါ ကြိုးပမ်းနိုင်မှာဖြစ်ပါတယ်"
ဟု ဦးမြင့်ကျော်သူ က ပြောသည်။
Total Game Play Studio က မြန်မာရိုးရာ ဂိမ်းများကို ဖန်တီးလျက်ရှိရာ ၂၀၁၃ ခုနှစ်၊ အောက်
တိုဘာလ ၂၅ ရက်နေ့ကလည်း ဇတနညနထျပျ ကုမ္ပဏီနှင့် ပူးပေါင်းပြီး မြန်မာ့ရိုးရာခြင်းလုံးမိုဘိုင်း
ဂိမ်းကို ဖြန့်ချိခဲ့သည်။ ထို့ပြင် ယခုနှစ်အတွင်း ဆိုက်ကားနင်းရသည့် ပျော်စရာဂိမ်းတစ်ခုဖြစ် သော
ဆိုက်ကားဆရာ ငပိန်ဆိုသည့်ဂိမ်းကို လည်း ထုတ်လုပ်သွားမည် ဖြစ်သည်။

















