ကွန်ပျူတာလောက အပြောင်းအလဲဖြစ်စေခဲ့တဲ့ မက်ကင်တော့ရှ်

ကွန်ပျူတာလောက အပြောင်းအလဲဖြစ်စေခဲ့တဲ့ မက်ကင်တော့ရှ်

အိုင်ဖုန်းတွေ၊ အိုင်ပက်တွေနဲ့ ကမ္ဘာပေါ်မှာ အပြောင်းအလဲတွေမဖြစ်ခင် ဆယ်စုနှစ်ပေါင်း များစွာ
မတိုင်ခင်မှာ အက်ပဲလ်ဟာ မက်ကင်တော့ရှ်ကွန်ပျူတာနဲ့ အိမ်သုံးကွန်ပျူတာလောကကို ပြောင်း
လဲပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ လူတိုင်းနီးပါး စမတ်ဖုန်း ဒါမှ မဟုတ် တက်ဘလက်တွေနဲ့ touch screen တွေ
ကို အလွယ်တကူအသုံးပြုနိုင်ကြသလိုမျိုး ကွန်ပျူတာသမား မဟုတ်တဲ့သူတွေကို ကွန်ပျူတာ
သုံးစွဲဖြစ်အောင် မက်ကင်တော့ရှ်ဒက်စတော့ (မက်လို့လည်း ခေါ်ကြတဲ့)က လမ်းဖွင့်ပေးခဲ့ပါ
တယ်။

မက်ကြောင့် လူတိုင်းဟာ မောက်စ်ကို အသုံးပြုပြီးစကရင်ပေါ်က အိုင်ကွန်လေးတွေ ကို
ကလစ်ပေးလိုက်တာနဲ့ ကွန်ပျူတာကို အလွယ် တကူ အသုံးပြုနိုင်သွားကြပါတယ်။ လွန်ခဲ့တဲ့
နှစ်ပေါင်း ၃၀ လောက်က အိမ်သုံး ကွန်ပျူတာလောကထဲကို ရောက်လာတဲ့ မက်ကင် တော့ရှ်
ကွန်ပျူတာဟာ သွားလေသူ အက်ပဲလ် ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့နဲ့ မိုက်ခရိုဆော့ဖ်ဥက္ကဋ္ဌ
ဘီလ်ဂိတ်စ်တို့ကြား အထင်ကရ ပြိုင်ဆိုင်မှုကြီးတစ်ခုလည်း ဖြစ်ပါတယ်။

အက်ပဲလ်ရဲ့ ထောင်ပေါင်းများစွာသော သစ္စာရှိဖောက်သည်တွေဟာ ကူပါတီနိုမြို့က အက်ပဲလ်
ဌာနချုပ်ရုံးနဲ့ သိပ်မဝေးတဲ့ ဆီလီကွန် ဗယ်လီက အခမ်းအနားကျင်းပရာနေရာတစ်ခု မှာ ဒီတစ်
ပတ်အတွင်း မက်ကင်တော့ရှ်မွေးနေ့ ပါတီကျင်းပပေးဖို့ မျှော်လင့်နေကြပါတယ်။

အကြီးအကျယ် တိုးတက်ပြောင်းလဲသွားခြင်း
"မက်ကတော့ အကြီးအကျယ်တိုးတက် ပြောင်းလဲခဲ့ပါတယ်" လို့ အက်ပဲလ်ရဲ့ အစောပိုင်း ၀န်ထမ်း
တစ်ဦးဖြစ်တဲ့ Randy Wiggintonက အေအက်ဖ်ပီကို ပြောပါတယ်။

" ကျွန်တော်တို့ အရာအားလုံးကို မဖန်တီးခဲ့ ပါဘူး။ ဒါပေမဲ့ အရာအားလုံးကို အဆင်ပြေချောမွေ့
စေမယ့် အရာကိုတော့ ကျွန်တော်တို့ ဖန်တီးပေးခဲ့ပါတယ်။ အဲဒါကတော့ လူတွေက အသုံးပြုပြီး
'ကောင်းလိုက်တာ' လို့ ပြောကြရတဲ့ ပထမဦးဆုံး ကွန်ပျူတာပဲ ဖြစ်ပါတယ်" လို့ သူက ပြောပါ
တယ်။ သုံးစွဲသူနဲ့ ကွန်ပျူတာစက်ကို ဆက်သွယ်ပေး ထားတဲ့ ကြားခံစနစ်ဖြစ်တဲ့ Graphic User
Interface (ဂျီယူအိုင်) နဲ့အတူ 'မက်' ထွက်ပေါ် လာခဲ့တဲ့ ၁၉၈၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့
မတိုင်ခင်မှာတော့ ကွန်ပျူတာတွေဟာ ဆော့ဖ်ဝဲ ပရိုဂရမ်မာသမားမဟုတ်တဲ့သူတွေအတွက်
နိုင်ငံခြားဘာသာစကားတစ်ခုလို့ ထင်ရတဲ့ စာသားတွေကို ရိုက်နှိပ်ပြီး ကွန်ပျူတာကို အသုံးပြုကြ
ရပါတယ်။

ကွန်ပျူတာမောက်စ်ကို ၁၉၆၀ ပြည့်လွန်နှစ် တွေမှာ တီထွင်ပေးခဲ့တဲ့သူ စတန်းဖို့ဒ်သုတေသန ဌာန
Doug Engelbart  ကိုလည်း ချီးကျူး ဂုဏ်ပြုထိုက်ပါတယ်။ သူကတော့ ပြီးခဲ့တဲ့နှစ် သူ့အသက်
၈၈နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ ပါပြီ။ "မက်ရဲ့ ထိရောက်မှုကတော့ အက်ပဲလ်က ပြောနေကျ
အတိုင်း ကျွန်တော်တို့အားလုံး အတွက် ဂျီယူအိုင်ကို ဆောင်ကြဉ်းလာပေးခဲ့တာ ပါ" လို့ ဆီလီ
ကွန်ဗယ်လီက ကွန်ပျူတာသမိုင်း ပြတိုက် ဌာနအကြီးအကဲဖြစ်တဲ့ Dag Spicer က အေအက်ဖ်ပီ
ကို ပြောပါတယ်။

"မက်ရဲ့ ဂျီယူအိုင်ဟာ မိုက်ခရိုဆော့ဖ်ကြောင့် ပိုကောင်းလာပါတယ်" လို့ သူက ပြောပါတယ်။
မိုက်ခရိုဆော့ဖ်ကတော့ အဲဒါကို ၀င်းဒိုးလို့ အမည်ပေးထားပါတယ်။ ဈေးကွက်မျက်လှည့်ဆရာ
အဖြစ် ကနေ့ အမှတ်ရနေကြရတဲ့သူကတော့ မက်ကိုဈေးကွက် ထဲ ဖြန့်ချိပေးဖို့ စင်ပေါ်တက်
လာတဲ့အချိန်မှာ ၂၇ နှစ် အရွယ်ရှိတဲ့သူတစ်ဦးပါလို့ အက်ပဲလ်ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း
 John Sculley က စတိဗ်ဂျော့နဲ့ ပတ်သက်ပြီး နည်းပညာဝက်ဘ် ဆိုက်တစ်ခုဖြစ်တဲ့ CNET မှာ
ဖော်ပြထားတဲ့ ပို့စ်တစ်ခုမှာ ပြောထားပါတယ်။ "သူက အကြိမ်ကြိမ် လေ့ကျင့်ခဲ့ပါတယ်။ အမူအရာ
တိုင်း၊ စကားလုံးတိုင်းနဲ့ မျက်နှာအမူ အရာက အစပေါ့။ ဒါပေမယ့် သူစင်ပေါ်ရောက် လာတဲ့အခါမှာ
ဒါတွေအားလုံး သူ့အလိုအလျောက် ဖြစ်နေတဲအတိုင်း သူလုပ်ပြသွားနိုင်ခဲ့ပါတယ်။"


 

Orwellian Super Bowl  ကြော်ငြာ
အက်ပဲလ်ဟာ Orwellian ကွန်ပျူတာယဉ်ကျေး မှုကို အကျိုးဖြစ်စေတဲ့ ပေါ်လွင်ထင်ရှားထိမိတဲ့
ပြကွက်တွေပါတဲ့ ရုပ်သံကြော်ငြာကနေ မက် အကြောင်း လူတွေကို အသိပေးခဲ့တာပါ။ ဒီစီးပွားရေး
ကြော်ငြာကို ၁၉၈၄ ခုနှစ်မှာRidley Scott က အိုင်ဘီအမ်မှာ ရိုက်ကူးခဲ့ပြီး အမေရိကန် စူပါဘောင်းလ်
ဘောလုံးချန်ပီယံပွဲ မှာ ကျင်းပနေတဲ့အချိန်ဖြစ်တဲ့ ဈေးအကြီးဆုံး အချိန်မှာ ပြသခဲ့တာလို့ မူလမက်
ထုတ်လုပ်ရေး အသင်းက Daniel Kottke က အေအက်ဖ်ပီ ကို ပြောပါတယ်။

"အက်ပဲလ်ရဲ့ ဘုတ်အဖွဲ့အခန်းထဲမှာ ဒါကို လုပ်သင့်မလုပ်သင့် အကြီးအကျယ်ဆွေးနွေးခဲ့ ကြပါ
တယ်။ ကံကောင်းချင်တော့ စတိဗ်ဂျော့နဲ့ သူ့ရဲ့အဖွဲ့ဟာ ကြော်ငြာလွှင့်တဲ့နေ့မှာ အောင်မြင် မှုရ
ခဲ့ပြီး ဒီကြော်ငြာကို မြင်ခဲ့ရသူတိုင်းကလည်း စွဲစွဲမြဲမြဲကို မှတ်မိနေခဲ့ကြပါတယ်" လို့ Kottke က
ပြောပါတယ်။

ကွန်ပျူတာတစ်လုံးရဲ့ ဈေးနှုန်းဟာ ပုံမှန် ဒေါ်လာ ၁၀ယဝဝ၀ နဲ့ အထက်ရှိတဲ့ ဈေးကွက်ထဲ မှာ
မက်ရဲ့ ဈေးနှုန်းကို လူတွေသုံးစွဲနိုင်တဲ့အနေ အထားဖြစ်အောင် ကြိုးပမ်းခဲ့ရတာလည်း ရှိပါ တယ်။
အဲဒီအချိန်တုန်းကတော့ ဖိုင်တစ်ဖိုင်ကို ဖွင့်ဖို့ အတွက် စကရင်ပေါ်က အိုင်ကွန်ကို မောက်စ် နဲ့
ကလစ်ပေးလိုက်တဲ့အခါ ရိုးရိုးပဲ ပွင့်လာပြီး ကွန်ပျူတာရဲ့ လုပ်ဆောင်နိုင်စွမ်းမှာလည်း မန်မိုရီပိုင်းနဲ့
လုပ်ငန်းစဉ်ပိုင်းမှာ လိုအပ်ချက် တွေ အများကြီး ရှိနေခဲ့ပါတယ်။

အဲဒီတုန်းကတော့ RAM ၆၄ ကီလိုဘိုက်ပါ မက်ကင်တော့ရှ်တစ်လုံးကို ဒေါ်လာ ၁,၀၀၀ ဈေးနှုန်း
သတ်မှတ်ထားပြီး RAM ၁၂၈ ကီလိုဘိုက်ပါ မက်ကင်တော့ရှ်ကတော့ ဒေါ်လာ ၂,၅၀၀ ပေးရပါ
တယ်။

"စတိဗ်ဟာ အသေးစိတ်အချက်အလက်တွေအတွက် တော်တော်လေးကို ဂရုစိုက်ပါတယ်။
အရာအားလုံးကို မှန်မှန်ကန်ကန်ဖြစ်နေစေချင် တယ်။ အဲဒီအချိန်တုန်းက အိုင်ဘီအမ်ပီစီတွေ နဲ့
ယှဉ်လိုက်ရင် တော်တော်ကြီးကို ကောင်းပါ တယ်" လို့ Wigginton က ပြောပါတယ်။ ၀င်းဒိုး
နဲ့ အက်ပဲလ် ပြိုင်ဆိုင်မှု မက်တွေကို အစပိုင်းမှာ အသင့် အတင့် ရောင်းချနိုင်ခဲ့ပေမယ့် ၀င်းဒိုးစက်
တွေကတော့ အသုံးစရိတ်ကို ချိန်ဆနေရတဲ့ ၀ယ်လက်တွေ အတွက် ဈေးပိုချိုတဲ့ အားသာချက်နဲ့
ဈေးကွက် ထဲ အသာစီးရရှိခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ သူ့ရဲ့ပထမဦးဆုံး ၀င်းဒိုးကွန်ပျူတာကို
၁၉၈၅ ခုနှစ်နောက်ပိုင်းမှာ ထုတ်လုပ်ပေးခဲ့တာပါ။

"စတိဗ်ဂျော့ဟာ ၀င်းဒိုးနဲ့ မက်တို့ရဲ့ ပြိုင်ဆိုင် မှုကို မျိုးစေ့ချပေးခဲ့တယ်လို့ ကျွန်တော်ထင်ပါ တယ်"
လို့ Kottke က ပြောပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ ဆော့ဖ်ဝဲကို အာရုံစိုက် ထုတ်လုပ်ပြီး အိမ်သုံး
ကွန်ပျူတာဈေးကွက်ထဲ မှာ ဦးဆောင်နေခဲ့သလို သူ့ရဲ့ အစုစပ်လုပ်ငန်းရှင် တွေကလည်း မက်ထက်
ဈေးလျှော့ရောင်း နိုင် အောင်ဝင်းဒိုးစနစ်သုံးစက်တွေကို ထုတ်လုပ် ခဲ့ကြပါတယ်။ "အမှန်တကယ်
တော့ အက်ပဲလ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်းမှာ ဈေးကွက်ထဲကနေ ပျောက်သွားမလိုတောင်
ဖြစ်ခဲ့ပါတယ်။ ဒါပေ မယ့်လည်း လူတွေအတွက် အ့ံဩစရာမဖြစ် ခဲ့ပါဘူး" လို့ သူက ပြောပါတယ်။
မိုက်ခရိုဆော့ဖ်နဲ့ အက်ပဲလ်ကြား ပြိုင်ဆိုင် မှုဟာ မိုဘိုင်းခေတ်မှာလည်း ပါလာခဲ့ပါတယ်။ ဂူးဂဲလ်နဲ့
သူ့ရဲ့ အန်းဒရွိုက်စနစ်ဟာ စမတ်ဖုန်း နဲ့ တက်ဘလက် ကွန်ပျူတာတွေကို အဓိကထား တဲ့ နေထိုင်
မှုပုံစံမှာလည်း ယှဉ်ပြိုင်မှုတွေ ဆက်ပြီးဖြစ်ပေါ်နေပါတယ်။

ဒေတာစီ floppy အတွက် စကရင်ရဲ့ အောက်ဘက်မှာ ပါးစပ်နဲ့ဆင်တူတဲ့ အကွဲရာ လေးပါတဲ့
မူလလေးထောင့်ပုံ မက်ကင်တော့ရှ် ဟာ အခုတော့ ပါးလွှာပြီးစွမ်းဆောင်မှုအား ကောင်းတဲ့
လက်ပ်တော့ပ်တွေနဲ့ ဆလင်ဒါပုံ ြခေ ဏမသ ဒက်စ်တော့ပ်တွေအဖြစ် ပြောင်းလဲ သွားပါပြီ။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်