တရုတ်နိုင်ငံရဲ့ အင်တာနက်လိုင်း ချွတ်ယွင်းပြတ် တောက်မှုကြီးဟာ တရုတ်အာဏာပိုင်တွေ
အသုံးပြုနေတဲ့ ၀က်ဘ်ဆိုက်လိပ်စာအပိုင်စီးတဲ့ စနစ်ကြောင့်ဖြစ်ရတာလို့ ဆင်ဆာဖြတ်တောက်
မှု ရှောင်တိမ်းတဲ့နည်းပညာကို အထူးဆောင်ရွက် ပေးနေတဲ့ ကုမ္ပဏီတစ်ခုက ဇန်နဝါရီလ ၂၂ ရက်
နေ့မှာ အပြစ်တင်ထားပါတယ်။
"တရုတ်အစိုးရဟာ ၀က်ဘ်ဆိုက်တွေကို ပိတ်ဖို့ အတွက် ဒိုမိန်းနိမ်းဆာဗာ(ဒီအင်န်အက်စ်)ကို
ထိန်းချုပ်လို့ရတဲ့နည်းပညာတစ်မျိုးကို ၂၀၀၂ ခုနှစ်မှာစပြီး အသုံးပြုခဲ့ပါတယ်" လို့ တရုတ်အစိုးရ
ရဲ့ အင်တာနက် ဆင်ဆာကို ရှောင်ကွင်းနိုင်ဖို့ ထုတ်လုပ်ထားတဲ့ Free Gate ဆိုတဲ့ဆော့ဖ်ဝဲ ကို
လည်ပတ်ပေးနေတဲ့ အမေရိကန် အခြေစိုက် Dynamic Internet Technology (ဒီအိုင်တီ)က
ပြောပါတယ်။
" ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ တရုတ် နိုင်ငံက အင်တာနက်ပြတ်တောက်မှုကြီးဟာ
ဒီအင်န်အက်စ်ကို ထိန်းချုပ်တဲ့စနစ်ကြောင့် ဖြစ်ရ တာပါ " လို့ ဒီကုမ္ပဏီက ပြောပါတယ်။ အင်တာ
နက်သုံးစွဲသူတွေကို Dynamic Internet Technology က လည်ပတ်ပေးနေတဲ့ IP address
တစ်ခုစီပေးပို့လိုက်ပါတယ်။ အဲဒီဝက်ဘ်ဆိုက်ကို Wyoming က လိပ်စာတစ်ခုနဲ့ အမည်ခံကုမ္ပဏီ
တစ်ခုမှာ မှတ်ပုံတင်ထားပါတယ်လို့ ဒီအိုင်တီက ပြောပါတယ်။
ဒီ IP address ကို Falun Gong အဖွဲ့သားတွေအသုံးပြုရာ တနဘ စသမအေူ တစ်ခုဖြစ်တဲ့
dongtaiwang.com ၀က်ဘ်ဆိုက်နဲ့ ချိတ်ဆက်ထား ပါတယ်လို့ ဆိုက်ဘာစောင့်ကြည့်ရေးအဖွဲ့
တစ်ခုဖြစ်တဲ့ Greatfire.org က ပြောပါတယ်။
FalunGong အဖွဲ့ဟာ ၁၉၉၉ ခုနှစ်မှာ တရုတ် အစိုးရက မိစ္ဆာအဖွဲ့အဖြစ် ကြေညာပြီး တားမြစ်
ပိတ်ပင်ခြင်းခံထားရတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးအဖွဲ့တစ်ဖွဲ့ပါ။ တရုတ်နိုင်ငံမှာရှိတဲ့
လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ တခြားအဖွဲ့အစည်းတွေနဲ့အတူ ဒီအဖွဲ့ကိုလည်း
ဒီအိုင်တီက သူ့ရဲ့ဝက်ဘ်ဆိုက် Epoch Times မှာ သုံးစွဲသူအဖြစ် စာရင်းသွင်း ထားပါတယ်။
Greatfire.org က တရုတ်အစိုးရရဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်မှုကြောင့် အင်တာနက်
လိုင်းပြတ်တောက်မှု ဖြစ်ရ ကြောင်း ပြစ်တင်ပြောကြားထားပြီး ဒီအိုင်တီက လည်း သူ့ရဲ့ဝက်ဘ်
ဆိုက်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်မှာ ဒီထင်မြင်ချက်ကို ထောက်ခံ ပြောကြားထားပါတယ်။
ဒီအင်န်အက်စ်ဆိုတာ အင်တာနက်ပေါ်မှာရှိ တဲ့ ၀က်ဘ်ဆိုက်တွေကို ကွန်ပျူတာတွေက ရှာဖွေ
သိရှိနိုင်စေတဲ့ နည်းစနစ်တစ်ခုပါ။ အစိုးရက တားမြစ်ထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုခုကို အင်တာ
နက်သုံးစွဲသူတစ်ဦးဦးက ရှာဖွေလိုက်တဲ့ အချိန်မှာ ဒီအင်န်အက်စ်ကို ထိန်းချုပ်တဲ့ ဆော့ဖ်ဝဲ ဟာ
ကွန်ပျူတာအချင်းချင်းကြား ဆက်သွယ်မှု ကို ကြားဖြတ်ရယူကာ လိပ်စာအမှားကို ပြန်ပို့ပေး
လိုက်ပါတယ်။ "ဒီလိုမျိုး ကြားဖြတ်ဝင်ပြီး လိပ်စာလမ်းကြောင်း ပြောင်းပေးနိုင်ဖို့အတွက် အင်တာ
နက်သုံးစွဲသူအားလုံးကို စောင့်ကြည့်နေဖို့လိုသလို အချက်အလက်တွေအားလုံးကို လည်ပတ်ပေး
နိုင်ဖို့ အတွက်လည်း CPU resources တွေလည်း ရှိဖို့ လိုပါတယ်" လို့ ဒီအိုင်တီက ပြောပါတယ်။
အင်တာနက်အသုံးပြုမှုကို တင်းကျပ်ထားတဲ့ နိုင်ငံအတွင်းမှာရှိတဲ့ ၀က်ဘ်ဆိုက်အသုံးပြုသူ တွေ
ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ၀က်ဘ်ဆိုက် အတော်များများကိုဝင်ဖို့ အခက်အခဲဖြစ်ခဲ့ရ တယ်
လို့ Great firewall လို့ လူသိများတဲ့ တရုတ် အစိုးရရဲ့ အွန်လိုင်းဆင်ဆာစနစ်ကို ခြေရာခံနေ တဲ့
Greatfire.org က ပြောပါတယ်။ နိုင်ငံပိုင်သတင်းဌာန ရှင်ဟွာက အင်တာနက် လိုင်းတွေ ပြတ်
တောက်သွားရတာဟာ ဟက်ကာ တွေကြောင့် ဖြစ်နိုင်ကြောင်းဖော်ပြထားပြီး တရုတ်အင်တာနက်
ကွန်ရက်ပြန်ကြားရေးဌာန (China Internet Network Information Centre)ကလည်း
အင်တာနက်လိုင်း ပြတ်တောက်သွားမှုဟာ top level domain names တွေအတွက် ပင်မဆာဗာ
တွေ ချွတ်ယွင်း သွားတာကြောင့် ဖြစ်ရတာလို့ ယူဆထားပါ တယ်။
(အေအက်ဖ်ပီ)
















