ဒုတိယအကြိမ် Apps Expo မတ်လတွင် ကျင်းပမည်

ဒုတိယအကြိမ် Apps Expo မတ်လတွင် ကျင်းပမည်

Yangon Heartz Media ကုမ္ပဏီက ဒုတိယ အကြိမ် Apps Expo 2014 ကို Myanmar ICT
Park တွင် မတ်လ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။ ၎င်းပြပွဲတွင် ကွန်ပျူ
တာအသုံးပြုသူများ၊ အင်တာနက်အသုံးပြုသူများ၊ မိုဘိုင်းဖုန်း အသုံးပြုနေသူများအတွက် လက်
တွေ့အသုံးချ နိုင်မည့် လူမှု၊ စီးပွားဆိုင်ရာ အက်ပလီကေးရှင်း များ ဖြစ်ပေါ်တိုးတက်နေပုံများ၊
ဈေးကွက်တွင် ရရှိနိုင်ပြီဖြစ်သည့် အက်ပလီကေးရှင်းများ၊ စီးပွားရေထုတ်လုပ်ငန်းသုံး Software
Application များ ဖန်တီးထုတ်လုပ်ပေးသူများ၊ နည်းပညာကို လေ့လာနေသည့်သူများအတွက်
အသုံးချနည်း ပညာဆိုင်ရာများကို စုံစုံလင်လင် လေ့လာနိုင်မည်ဖြစ်သည်။

"ကျွန်တော်တို့ဆီမှာဆို အခုဆိုရင် မိုဘိုင်းနဲ့ သုံးတဲ့အက်ပလီကေးရှင်း ဆော့ဖ်ဝဲနဲ့ သုံးတဲ့ အက်
ပလီကေးရှင်းအများ ရှိပါတယ်။ ကျွန်တော် တို့ အားလုံးမြင်ကြတာက အက်ပလီကေးရှင်းဆို ရင်
မိုဘိုင်းအက်ပလီကေးရှင်းလို့ပဲ မြင်ကြပါ တယ်။ ဒါတွေကလည်း ကွဲပြားခြားနားသွား အောင်၊
နောက်ပိုင်းဆော့ဖ်ဝဲကဏ္ဍတွေ ဖွံ့ဖြိုး တိုးတက်အောင် ဒီပွဲကိုကျင်းပပေးခြင်းဖြစ်ပါ တယ်" ဟု
Yangon Heartz Media မှ CEO ဖြစ်သူ ဦးဇော်ဇော်မျိုးလွင်က ပြောသည်။

ယင်းပြိုင်ပွဲ၏ထူးခြားချက်မှာ လာရောက် ကြည့်ရှုသည့်သူများအတွက် Products seminar များ၊
အလုပ် အကိုင်အခွင့်အလမ်းနှင့် တီထွင် ဖန်တီးမှုများအတွက် အော်ရီဒူးမြန်မာက နည်းပညာ စီး
ပွားရေးစတင်ပုံလုပ်ထုံးလုပ်နည်း များ ရှင်းလင်းပြောကြားခြင်း၊ Start up talks၊ Presentation
Workshop ၊ ကျွမ်းကျင်မှုနှင့် ပျော်ရွှင်စရာ နည်းပညာရပ်ဖြစ်တဲ့ ဂိမ်းပြိုင်ပွဲ၊ The Best App in
Myanmar 2013 Award ကိုလည်းချီးမြှင့်သွားမည် ဖြစ်သည်။ ပထမဦးဆုံး Apps Expo ပြပွဲကို
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်