ဘားကမ့်မှတ်ပုံတင်ရန် နောက်ကျသူများအတွက် သီးခြားအစီအစဉ်ရှိ

ဘားကမ့်မှတ်ပုံတင်ရန် နောက်ကျသူများအတွက် သီးခြားအစီအစဉ်ရှိ

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ရန်ကုန် မြို့လှိုင်တက္ကသိုလ်နယ်မြေ MICT Park တွင်
ကျင်းပမည့် ငါးကြိမ်မြောက် Barcamp Yangon 2014 သို့ တက်ရောက်ချင်သော်လည်း သတ်
မှတ် ထားသော မှတ်ပုံတင်ရက်ထက်ကျော်လွန်ပြီးမှ လျှောက်ထားသည့်သူများအတွက် Left
Minute Registration အစီအစဉ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ယခုအခါ ဘားကမ့်သို့ တတ်ရောက်ရန်မှတ်ပုံ တင်ထားသူပေါင်း ၄,၀၀၀ ရှိပြီဖြစ်သောကြောင့်
မှတ်ပုံတင်ခွင့်ကို ရပ်ဆိုင်းထားသည်။ "ဘားကမ့် လာရောက်လျှောက်ထားသူဦးရေ ၄,၀၀၀ နဲ့
ဖောင်ပိတ်လိုက်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ Left Minute Registration အစီ အစဉ်တော့
လုပ်ဖို့ရှိပါတယ်။ အဲဒီဖောင်မှာ ဖြည့်တဲ့လူတွေက လူဦးရေလေးထောင်နဲ့ တန်းတူ ပါပဲ။ ဒါပေမဲ့
လက်ဆောင်ရတဲ့နေရာတွေမှာ တော့ ကွာသွားနိုင်ပါတယ်။ ကျွန်တော်တို့အနေ နဲ့ ဒီနှစ်မှာ
ဘားကမ့်တက်ရောက်သူ ၅,၀၀၀ နဲ့ ၆,၀၀၀ ကြားရှိနိုင်ပါတယ်" ဟု Barcamp Yangon
Organizer Team မှ ဦးဇော်ဇော်မျိုးလွင် က မြန်မာတိုင်း(မ်)ကိုပြောသည်။

Organizer Team မှ ဒေါ်ထိုက်ထိုက် အောင်ကလည်း Barcamp Fellow အစီအစဉ် ကို
လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ပြောသည်။ "အဓိကကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး
တွေမှာရှိတဲ့ Barcamp ကို စိတ်ဝင်စားတဲ့လူတွေ၊ ကိုယ့်ဒေသတွေမှာ Barcamp လုပ်ချင်တဲ့ သူ
တွေနဲ့ ကျောင်းတွေမှာ လုပ်ချင်တဲ့သူတွေ အတွက် ဆွေးနွေးဖို့ပါ။ ဒီအစီအစဉ်မှာ ပါ၀င်ဖို့အတွက်
ကအရင်ကတည်းက Barcamp Fellow ဖောင်ဖြည့်ရတယ်။ ကျွန်မတို့က နယ်က လျှောက်ထား
တဲ့သူတွေကို ဦးစားပေးပြီး အစီ အစဉ်မှာ ပါ၀င်ဖို့ ရွေးချယ်သွားမှာပါ။ အသက် အကန့်အသတ်
လည်း ရှိပါတယ်။ ၁၈ နှစ်နဲ့ အထက်ပါ။ Barcamp လာမယ့် လူတွေအတွက် ဟိုတယ်ဖြစ်ဖြစ်၊
ယုဒသန်ရိပ်သာမှာပဲဖြစ်ဖြစ် မှာ တည်းတာသတ်မှတ်ဖို့ စီစဉ်ထားပါတယ်။ သေသေချာချာတော့
မသတ်မှတ်ရသေးပါဘူး။ ခရီးစရိတ်တွေ၊ စားသောက်ဖို့အတွက်လည်း စီစဉ်ပေးထားပါတယ်" ဟု
ပြောသည်။

ပထမဦးဆုံးရန်ကုန်ဘားကမ့်ကို ၂၀၁၀ ပြည့် နှစ်မှစတင်ကျင်းပခဲ့ရာ တက်ရောက်သူပေါင်း ၃,၀၀၀
ခန့်ရှိခဲ့ပြီး ၂၀၁၁ တွင်ဒုတိယအကြိမ် ကျင်းပခဲ့သော ရန်ကုန်ဘားကမ့်တွင် တက်ရောက် သူပေါင်း
၄,၀၀၀ ခန် ့ရှိခဲ့သည်။ တတိယအကြိမ်မြောက် ရန်ကုန်ဘာကမ့်ကို ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့ပြီး
တက်ရောက်သူပေါင်း ၅,၀၀၀ ရှိခဲ့ သည်။ ၂၀၁၃ တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ရန်ကုန်
ဘားကမ့်ကို တက်ရောက်သူပေါင်း ၆,၃၀၀ ကျော်ရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်