ဆက်သွယ်ရေး လိုင်စင်တင်ဒါအောင်မြင်ခဲ့ သော ကုမ္မဏီနှစ်ခုဖြစ်သည့် နော်ဝေးနိုင်ငံ အခြေစိုက်
Telenor ကုမ္မဏီနှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္မဏီတို့၏ ဆက်သွယ် ရေး ၀န်ဆောင်
မှုလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် များသည် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင် အသက်ဝင်လာပြီဖြစ်ပြီး
လိုင်စင်၏ ပမာဏ သက်တမ်းမှာ ၁၅ နှစ်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်
နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း က နေပြည်တော်တွင် ဇန်နဝါရီလ ၃၀
ရက်နေ့က ကျင်းပသော Ooredoo အား လိုင်စင်ပေးအပ်ပွဲတွင် ပြောသည်။
ထို့ကြောင့် အဆိုပါကုမ္ပဏီနှစ်ခုသည် မြန်မာနိုင်ငံတွင် ကောင်းမွန်သော ဆက်သွယ်ရေး ကွန်ရက်
ရရှိစေရန်အတွက် ၎င်းတို့၏ အစီ အစဉ်များအတိုင်း လွတ်လပ်စွာ စတင်ဆောင်ရွက်နိုင်ကြပြီ ဖြစ်
သည်။
"ပထမဦးဆုံး ဖုန်းဆင်းကတ်တွေ ဒီနှစ်လယ်လောက်မှာ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်မှာ
အရင်ဆုံးဝယ်နိုင်မှာပါ။ လူတိုင်းသုံးစွဲနိုင်ဖို့ ရည်ရွယ်ထားတဲ့အတွက် အားလုံးဝယ်နိုင်မယ့်ဈေးနှုန်းနဲ့
ရောင်းချသွားမှာပါ" ဟု Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ် ရော့စ်ကောမက်ခ်က
ပြောသည်။
ရောင်းချရာတွင်လည်း ကတ်အရေအတွက် များများ ရောင်းချမည်ဖြစ်သောကြောင့် မှောင်ခိုဈေး
ကွက်များလည်း မရှိနိုင်ကြောင်း ၎င်းက ပြောသည်။ "နောက်ငါးနှစ်အတွင်း မြန်မာနိုင်ငံမှာရှိတဲ့
လူဦးရေ ၉၇ ရာခိုင်နှုန်းကို ဒီကွန်ရက်အသုံး ပြုနိုင်အောင်လို့ လုပ်ဆောင်သွားမယ်လို့ မျှော် လင့်
ထားပါတယ်။ နောက် ပြီး 3G Network ကို နေရာတိုင်းမှာ သုံးလို့ရအောင် လုပ်ထားပေးမှာပါ။
နယ်မြို့တွေအထိပါ ကောင်းမွန်တဲ့ဆက်သွယ်ရေးရအောင် လုပ်ဆောင်ပေးသွားမှာပါ" ဟု ၎င်းက
ပြောသည်။
၎င်းတို့အတွက် ပထမဦးဆုံးစိန်ခေါ်မှုမှာ ခြောက်လအတွင်း တာဝါတိုင်များ အပြီး ဆောက်လုပ်ရန်
ဖြစ်ကြောင်း ပြောသည်။
"အခက်အခဲတွေကတော့ တာဝါတိုင်တွေကို ဆောက်တဲ့အခါမှာ မြေတွေလိုမယ်။ အဲဒီမြေ တွေကို
၀ယ်ရမယ်။ တာဝါတိုင်တွေ ဆောက် ရမယ်။ အဲဒီအတွက်ကို အစိုးရကနေ ကူညီပေး ဖို့ ကတိပေး
ထားပါတယ်" ဟု ရော့စ်ကောမက်ခ် က ပြောသည်။
တာဝါတိုင်များ တည်ဆောက်ရာတွင် အကောင်အထည်ဖော် ငှားရမ်းပေးသွားရန် သဘောတူညီမှု
စာချုပ်ကို Ooredoo Myanmar နှင့် Digicel Asian Holdings တို့က ဒီဇင်ဘာလ ၂ ရက်နေ့က
စင်ကာပူနိုင်ငံ တွင် လက်မှတ်ရေးထိုးခဲ့သည်။
"၂၀၁၅ မှာ ဒီကွန်ရက်ကို တစ်နိုင်ငံလုံး လွှမ်းခြံုမိအောင်လို့ ဆောင်ရွက်ပေးမှာ ဖြစ်ပါ တယ်" ဟု
၎င်းက ပြောသည်။
Telenor ကုမ္ပဏီကလည်း 3G စနစ်အသုံး များသည့် နေရာများတွင် 3G နှင့် 2G များ ရရှိမည်ဖြစ်
ပြီး 2G အသုံးများသည့်နေရာများ တွင် 2G ညနအတသမု ကို ရရှိစေမည်ဟု Telenor Myanmar
၏ အမှုဆောင်ရာရှိချုပ် Petter Furberg က ပြောသည်။
ဖုန်းဆင်းကတ်များကို ကျပ် ၁,၅၀၀ ထက်နည်း သည့်ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဖုန်းပြော
ဆိုခကိုလည်း တစ်မိနစ် ၂၅ ကျပ် နည်းအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြော
သည်။ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက် ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ လုပ်
ကိုင်ရန် တရားဝင်မိတ်ဖက်လုပ်ငန်းအဖြစ် ဆက်သွယ်ရေး အဆောက်အအုံ ဆောက်လုပ် ရေးလုပ်
ကိုင်သူ Apollo Towers ကို Telenor က ဒီဇင်ဘာလ ၁၉ ရက်နေ့က ရွေးချယ်ခဲ့ပြီး ဖြစ်သည်။
"နိုင်ငံတော်အစိုးရရဲ့ အဓိကရည်ရွယ်ချက် မှာ နိုင်ငံအတွင်း တယ်လီဖုန်းအသုံးများဖို့၊ ဝေးလံတဲ့
ကျေးလက်ဒေသများအထိ ဆက်သွယ်ရေးကွန်ရက်တွေ ဖြန့်ချိနိုင်ဖို့နဲ့ လူတိုင်း ဈေးနှုန်းသက်သက်
သာသာနဲ့ ဆက်သွယ်နိုင်ဖို့ ဖြစ်ပါတယ်။ အခုလို ဆက်သွယ်ရေးကဏ္ဍကို လွတ်လပ်စွာ လုပ်ကိုင်
ခွင့်ပေးလိုက်လို့ အလုပ်အကိုင်သစ်တွေလည်း ပေါ်ထွက်လာပြီး ခေတ်မီနည်းပညာတွေကိုလည်း
ရရှိနိုင်မှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း က ပြောသည်။
ပြီးခဲ့သည့်နှစ် ဇွန်လအထိ မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆၀ ကျော်ရှိသည့်အနက် ရ ဒသမ ၈
ရာခိုင်နှုန်းခန့်သာ မိုဘိုင်းဖုန်းပိုင်ဆိုင်ထား ပြီး ငါးရာခိုင်နှုန်းသာ အင်တာနက်ကို တွင်ကျယ် စွာ
သုံးစွဲကြသေးကြောင်း အစိုးရစာရင်းများ တွင် ဖေါ်ပြသည်။

















