နိုင်ငံရေးသမားနှစ်ဦး ပါ၀င်ဆွေးနွေးခဲ့သည့် ဘားကမ့်

နိုင်ငံရေးသမားနှစ်ဦး ပါ၀င်ဆွေးနွေးခဲ့သည့် ဘားကမ့်

၂၀၁၄ ခုနှစ်တွင်လည်း ဘားကမ့်ကို ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ရက်နေ့များက ရန်ကုန်မြို့၊ မြန်မာ
အိုင်စီတီ၌ ပြုလုပ်ခဲ့ပြီး တက်ရောက်သူ ငါးထောင်ကျော်အထိ ရှိခဲ့ကြောင်း ဘားကမ့်စီစဉ်သူတစ်ဦး
ဖြစ်သူ ဦးဇော်ဇော်မျိုးလွင်၏ ပြောကြားချက်အရ သိရသည်။

ဘားကမ့် ( Bar Camp) သည် နိုင်ငံတကာ နည်းပညာလောကတွင် နာမည်ကြီး၍ အလွန်ထိ
ရောက်မှုရှိသော နည်းပညာနှီးနှော ဖလှယ်ပွဲတစ်ခုဖြစ်ပြီး နည်းပညာကို အထူးစိတ်ဝင်စားသော
လူငယ်အများစု တက်ရောက်ကြသည့် ပွဲတစ်ပွဲဟုလည်း ဆိုနိုင်သည်။

၂၀၁၀ ခုနှစ်မှ စတင်ကာ ဘားကမ့်ကို ရန်ကုန်မြို့၊ မြန်မာအိုင်စီတီ၌ နှစ်စဉ်ပြုလုပ်ခဲ့ပြီး တက်ရောက်
သည့် လူဦးရေ အရေအတွက်သည် နိုင်ငံတကာဘားကမ့်များထက် များပြားသောကြောင့် ဘားကမ့်
များအနက် အကြီးကျယ်ဆုံးနှင့် အအောင်မြင်ဆုံး ဘားကမ့်အဖြစ် နှစ်စဉ် စံချိန်သစ်များ တင်နိုင်ခဲ့
သည်။

ဘားကမ့်စီစဉ်သူအသင်း၏ ထုတ်ပြန်ချက်များအရ ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၀ခုနှစ်တွင် ပြု
လုပ်ခဲ့သော ဘားကမ့်သို့ တက်ရောက်သူ စုစုပေါင်း သုံးထောင်ခန့်ရှိခဲ့ပြီး ၂၀၁၁ခုနှစ်တွင် လေးထောင်၊
၂၀၁၂ခုနှစ်တွင် ငါးထောင်နှင့် ၂၀၁၃ခုနှစ်တွင် ခြောက်ထောင့်သုံးရာကျော် တက်ရောက်ခဲ့ကြကြောင်း
သိရသည်။

နှစ်စဉ် ပြုလုပ်ခဲ့သော ဘားကမ့်များတွင် ထူးခြားမှုများရှိခဲ့ပြီး ၂၀၁၂ခုနှစ်က ပြုလုပ်ခဲ့သော ဘားကမ့်ဖွင့်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်
ဖွင့်လှစ်ပေးခဲ့သည်။ယခုနှစ်တွင်လည်း ဘားကမ့်ဖွင့်ပွဲသို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ
ဖြစ်သော ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီးနှင့် ဥိးမင်းကိုနိုင်တို့
နှစ်ဦးတက်ရောက်ခဲ့သည်။

ဘားကမ့်တွင် နည်းပညာ၊ ဖန်တီးမှု၊ စွန့်ဦးတီထွင်နှင့် အထွေထွေဟူ၍ အကြောင်းအရာလေးမျိုးဖြင့်
စုစည်းတင်ဆက်ခဲ့ရာ နိုင်ငံရေး အကြောင်းအရာသည် အထွေထွေခေါင်းစဉ်အောက်တွင် ပါ၀င်ခဲ့
သည်။

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း၏ အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက မြန်မာနိုင်ငံတွင်
ပြည်သူများက အစိုးရကို အင်တာနက် ၀က်ဘ်ဆိုက်မှတဆင့် တိုက်ရိုက် သတင်းပေးနိုင်မည့်စနစ်
ကို အကောင်အထည်ဖော်ရန် စီစဉ်နေပြီး အစိုးရမှလည်း ထိုစနစ်ကို ကျွမ်းကျင်စွာ သုံးတတ်စေရန်
အတွက် ၎င်းတို့ဘက်မှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ဘားကမ့်ဆွေးနွေးပွဲတစ်ခုတွင် ပြော
ကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်