ပြတင်းပေါက်ကို ရိုက်ခွဲနေတဲ့၊ဓာတ်ဆီပုလင်းဗုံး ကို ပစ်ပေါက်နေတဲ့ ဒါမှမဟုတ် အဓိကရုဏ်း
နှိမ်နင်းရေးရဲက ရိုက်တာကို ခံနေရတဲ့ ယူကရိန်း ဆန္ဒပြသူတွေကို ဘေးကနေရပ်ကြည့်ပြီး စမတ်
ဖုန်းနဲ့ ဗီဒီယိုရိုက်ကာ အွန်လိုင်းပေါ်တိုက်ရိုက်ပြပေးနေတဲ့သူတွေ ရှိနေမှာပါ။
ယူကရိန်းဆန္ဒပြသူတွေရဲ့ ဖြစ်စဉ်တွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်ဖော်ပြပေးနေတဲ့ web
channel အမြောက်အမြား အလျင်အမြန် ပေါ်ပေါက်လာပြီး တချို့ web channel တွေမှာ ဆို
ကြံုရာကျပန်း ဖန်တီးထားတဲ့ စတူဒီယိုကနေ တင်ဆက်သူက ယူကရိန်းမြို့တော် ကိဗ်မြို့နဲ့ အနီး
အနားပတ်ဝန်းကျင်ကဆန္ဒပြပွဲတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေး နေ
တာ တွေ့ရပါတယ်။ တုန်လှုပ်ချောက်ချားစရာ အကောင်းဆုံး ပဋိပက္ခတချို့ရဲ့ ဗီဒီယိုအပိုင်းအစ
တွေလည်း ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေပါ တယ်။ ဆိုရှယ်မီဒီယာတွေဟာ ယူကရိန်းမှာရှိတဲ့
အဖြစ်အပျက်တွေကို နိုင်ငံတကာက သိရှိအောင် လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဆိုရှယ်မီဒီယာတွေကြောင့် ကိဗ်က သတင်းတွေ ဟာ ယူကရိန်းက တခြားမြို့တွေ
ဆီလည်း ရောက် သွားပြီး အဲဒီမြို့တွေမှာလည်း ဆန္ဒပြမှုတွေ မကြာသေးခင်ရက်ပိုင်းအတွင်းမှာ
အလားတူ ဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ်ရပ်တွေကို အချိန်နဲ့တစ်ပြေးညီတိုက်ရိုက် ပြသနေတဲ့ web
channel တွေဟာ ဆန္ဒပြပွဲ အကြောင်းအဓိကဖော်ပြပေးနေတဲ့ သတင်း ၀က်ဘ်ဆိုက်တွေဖြစ်
လာပြီး ဆန္ဒပြသူအရေ အတွက်နဲ့ ရဲတွေရဲ့ မတရားဖိနှိပ်ဖြိုခွင်းမှုကို သိရှိနိုင်ဖို့အတွက် channel
ပေါင်းများစွာကနေ ၂၄ နာရီ စောင့်ကြည့်ဖော်ပြနေတဲ့ အဓိကဆန္ဒပြ ရာနေရာတွေရဲ့ ပုံရိပ်တွေကို
လူတိုင်းကြည့်ရှုခွင့် ပေးထားပါတယ်။
"ဒါက ဆန္ဒပြသူတွေ ရနိုင်တဲ့ နည်းပညာတစ်မျိုး ဖြစ်ပြီး ဒါကို အသုံးပြုပြီးတော့ သတင်းတွေ တခြား
နေရာတွေကို ပျံ့နှ့ံသွားစေပါတယ်" လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ Netfield ကောလိပ် က သုတေသ
နအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အင်တာနက် အသုံးပြုမှုကို လေ့လာဆန်းစစ်နေတဲ့ Olga Onu-
ch က ပြောပါတယ်။
"ဒါက ဖြစ်ရပ်တွေကို Web Channel ကနေ ကြည့်ရှုနေသူတွေကို စောင့်ကြည့်သူတစ်ဦးအဖြစ်
ပါ၀င်နေသလိုမျိုး ခံစားရစေပါတယ်။ သူတို့ကို ဆန္ဒပြရာနေရာတွေကပုံရိပ်တွေကို အချိန်ပြည့်နေ့
တိုင်း ကြည့်ရှုခွင့်ပေးထားပါ တယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ တချို့ဆိုရှယ်မီဒီယာတွေကတော့ ကောလာဟလတွေဖြန့်ဖို့ ခွင့်ပြုပေးထားတယ်လို့ သူက
ပြောပါတယ်။ အပြင်းအထန်ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတစ်ခုအတွင်းမှာ ဆန္ဒပြသူတွေကို သေနတ်
နဲ့ ပစ်နေတဲ့သူကို ရုရှားလက်ဖြောင့်သေနတ်သမား လို့ စွပ်စွဲထားပြီး သူ့ရဲ့ပုံဟာ ဆိုရှယ်မီဒီယာမှာ
ပျံ့နှံ့နေတယ်လို့ သူက ဥပမာပေး ပြောပြပါ တယ်။ ဒီလိုမျိုးဖြစ်ရပ် အမှန်တကယ်ဖြစ်နေကြောင်း
အခိုင်အမာအချက်အလက်တွေတော့ မရှိပါ ဘူး။ ဆိုရှယ်မီဒီယာ အသုံးပြုမှုစစ်တမ်းအရ အင်တာ
နက်ဟာ ဆန္ဒပြသူတွေအတွက် အဓိက အရင်းအမြစ်တစ်ခုဖြစ်ပြီး ဆန္ဒပြပွဲမှာ ပါ၀င်ဖို့ ဆုံးဖြတ်ချက်
ဟာ ဖုန်းခေါ်ဆိုမှုနဲ့ စာသားမက်ဆေ့ချ်ပေးပို့မှုတွေကနေတစ်ဆင့် အချင်းချင်း နှိုးဆော်ပေးဖွယ်ရာ
ပိုများတာကို တွေ့ရှိခဲ့တယ် လို့ သူက ပြောပါတယ်။ စစ်တမ်းဖြေကြားပေးသူ ၁,၂၀၀ ကျော်မှာ
၅၁ ရာခိုင်နှုန်းဟာ ဆန္ဒပြတဲ့သတင်းကို အင်တာနက် သတင်းဝက်ဘ်ဆိုက်တွေကနေ စတင်သိရှိ
ရတယ်လို့ ဖြေကြပါတယ်။ အရင်တုန်းကဆိုရင် ယူကရိန်းမှာ တွစ်တာ ကို မသိခဲ့ကြပေမယ့် အခု
ဆန္ဒပြမှုဖြစ်ပေါ်နေ တဲ့ကာလအတွင်းမှာ တွစ်တာအသုံးပြုမှုနှုန်း တစ်ဟုန်ထိုး မြင့်တက်လာတယ်
လို့ သူက ပြောပါတယ်။
ဒါပေမဲ့ " လူဦးရေ ၄၅ သန်းရှိတဲ့ နိုင်ငံမှာ တွစ်တာအသုံးပြုသူ သိန်းနဲ့ချီပြီး တိုးလာ တာဟာ
သိပ်မများသေးဘူးလို့ ပြောရမှာပါ" လို့ သူက မှတ်ချက်ပေးထားပါတယ်။ အာဏာပိုင်တွေဟာ
ဒီအခြေအနေကို အလျင်အမြန် ဖြေရှင်းဆောင်ရွက်နေပြီး ဖြန့်ဝေမှုကို ပြစ်ဒဏ်ချမှတ်နိုင်စေမယ့်
ဥပဒေ ကို ဒီလအစောပိုင်းမှာ အတည်ပြုခဲ့ကြပါတယ်။ ဒါကတော့ ဒီတစ်ပတ်မှာ ရုပ်သိမ်းခဲ့တဲ့
ဆန္ဒပြမှု ကိုပိတ်ပင်ဖို့ ပြဋ္ဌာန်းထားတဲ့ အရမ်းကြမ်းတဲ့ ဥပဒေတွေထဲက တစ်ခုပါ။ " ယူကရိန်း
အစိုးရရဲ့ အင်တာနက် အသုံးပြုမှု ပိတ်ပင်တားဆီးရေး ကြိုးပမ်းမှုဟာ အီဂျစ်နဲ့ တူရကီမှာလောက်
မအောင်မြင်ပါဘူး" လို့ အဲဒီ နိုင်ငံတွေက ဆန္ဒပြပွဲတွေကို ရည်ညွှန်းပြီး သူက ပြောပါတယ်။
ဒီတစ်ပတ်မှာ ထုတ်ပြန်ခဲ့တဲ့ လူထုစစ်တမ်း အရ စစ်တမ်းဖြေကြားသူ ၈၃ ဒသမ ရ ရာခိုင်နှုန်း ဟာ
ဆန္ဒပြပွဲသတင်းတွေကို အင်တာနက်ကနေ ရရှိတယ်လို့ ဖြေကြားထားတာ တွေ့ရပါတယ်။ ဒီနှုန်း
ထားကတော့ ရုပ်မြင်သံကြား၊ ရေဒီယို ဒါမှ မဟုတ် မိသားစုဝင်နဲ့ မိတ်ဆွေတွေဆီကနေ သိရှိ ရတဲ့
အရေအတွက်နဲ့ယှဉ်လိုက်ရင် တော်တော် ကြီးကို ကွာဟနေပါတယ်။
"နိုင်ငံရေးအကျပ်အတည်း ဖြစ်နေစဉ်အတွင်း မှာ အင်တာနက်အသုံးပြုမှု မြင့်တက်လာပြီး အထူး
သဖြင့် အွန်လိုင်းသတင်းဝက်ဘ်ဆိုက်အသုံးပြုမှုနှုန်းထားတွေ မြင့်တက်လာပါတယ်" လို့ ဒီစစ်တမ်း
ကို ကောက်ယူခဲ့တဲ့ ကိဗ်မြို့က TNS Ukraine ပြည်သူ့ဆက်ဆံရေးဌာန မန်နေဂျာ အိုင်ဗန် မာတီ
ကိုက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုမှုဟာ ၁၀ ဆ မြင့်တက်ခဲ့
တယ်လို့ ့ုမငေညျုေ ဏမလေိေ သတင်း ၀က်ဘ်ဆိုက်ကလည်း ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့
အင်တာနက်အသုံးပြုမှုမြင့်တက်ခြင်း တွေဟာ ဆန္ဒပြပွဲရှိတဲ့ရက်တွေမှာပဲ ဖြစ်ပေါ်ခဲ့ တာကို တွေ့
ရပြီး ဒီလိုအင်တာနက်အသုံးပြုမှု မြင့်တက်ခြင်းမျိုးကို မကြာသေးခင်နှစ်တွေ အတွင်းမှာ ယူကရိန်း
က အင်တာနက်အသုံးပြု သူ အဆမတန်မြင့်တက်မှုနဲ့ ဆက်စပ်တဲ့အခြေ အနေမှာ တွေ့သင့်တယ်
လို့ မာတီကိုက ပြောပါ တယ်။
(အေအက်ဖ်ပီ)

















