မြန်မာစာအုပ်များကို အွန်လိုင်းမှရောင်းရန် စီစဉ်

မြန်မာစာအုပ်များကို အွန်လိုင်းမှရောင်းရန် စီစဉ်

မြန်မာစာပေများကို အင်တာနက်မှတစ်ဆင့် အခမဲ့မျှဝေဖတ်ရှုခြင်းများကို တားဆီးရန်နှင့် စာရေးသူ
နှင့် ထုတ်ဝေသူတို့၏ မူပိုင်ခွင့်ကို ထိန်းသိမ်းရန် စာအုပ်များအား အင်တာနက် (အွန်လိုင်း) တွင်
ရောင်းချခြင်းအတွက် မြန်မာ နိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ၏ အလုပ်အမှုဆောင်
များနှင့် JAS Phone (Internet Wallet, Ltd) တို့ကြား ဖေဖော်ဝါရီလ ၁၀ ရက်တွင် သဘောတူ
စာချုပ်လက်မှတ်ရေးထိုး ခဲ့သည်။

လက်ရှိတွင် အင်တာနက်သုံးစွဲသူဦးရေများပြားလာသည်နှင့်အမျှ စာအုပ်များကို အွန်လိုင်းပေါ်တွင်
အခမဲ့မျှဝေဖတ်ရှုမှုမှာလည်း များပြားလာသည်။ "ထုတ်ဝေသူတွေအားလုံးလည်းသိပါတယ်။ ထုတ်
တဲ့အုပ်ရေများရင်များသလို ကုန်ကျစရိတ် တွေလည်း တိုးလာပါတယ်။ ဒါပေမဲ့ အွန်လိုင်း မှာက
တော့ တိုးလာတိုင်း ဘာစရိတ်မှ မရှိပါဘူး။ ဒီလိုလက်မှတ်ထိုးရတာကတော့ ကျွန်တော်တို့ ထုတ်
ဝေတဲ့ စာအုပ်တွေတိုင်း အွန်လိုင်းပေါ် မှာ ပျံ့နှံတာကိုတားဆီးဖို့နဲ့ စာရေးသူတွေရဲ့ Intellectual
Properties ကိုထိန်းသိမ်းတဲ့ သဘောပါ" ဟု မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း
ဥက္ကဋ္ဌ ဒေါက်တာသာထွန်း ဦးက ပြောသည်။

သုံးစွဲသူများအနေဖြင့် စာအုပ်ဒေါင်းလုတ် ရယူပါက iPay ကတ်ဖြင့်လည်းကောင်း၊ သုံးစွဲသူ ၏ ဖုန်း
ထဲမှ ကျသင့်ငွေဖြတ်တောက်ခြင်းဖြင့် လည်းကောင်း ပိုက်ဆံပေးချေနိုင်သည်။ ရောင်းချ သွားမည့်
ဈေးနှုန်းများမှာ ၁,၀၀၀ တန်စာအုပ်တစ်အုပ်လျှင် အွန်လိုင်းပေါ်တွင် ၉၉ ကျပ်နှုန်း ဖြင့် ရောင်းချသွား
မည် ဖြစ်သည်။

"ကျွန်တော်တို့တွေ ပုံနှိပ်လုပ်ငန်းတစ်ခုတည်း နဲ့ ရေရှည်မှာ ရပ်တည်လို့ မဖြစ်ပါဘူး။ စာအုပ်
တစ်အုပ်ဖြစ်ဖို့ဆိုတာ ကာယ၊ ဉာဏ စွမ်းအား တွေနဲ့ပေါင်းမှ ဖြစ်တာပါ။ ဒီနေ့မွန်းလွဲပိုင်းလောက်
ဈေးကွက်ထဲကို ဖြန့်လိုက်ပြီဆိုရင် ညနေစောင်းမှာ အခမဲ့အွန်လိုင်းကနေယူလို့ရ နေပါတယ်။
ဘယ်သူတွေတင်နေမှန်းလည်း မသိ ပါဘူး။ စာအုပ်တွေကို ၀ယ်ဖတ်တဲ့သူနဲ့ အွန်လိုင်း ပေါ်ကနေ
ဖတ်တဲ့သူ နှစ်မျိုးရှိလာတဲ့အတွက် ကျွန်တော်တို့ စာအုပ်တွေကို ခိုးနေပါတယ်လို့ အော်နေရုံနဲ့
မရပါဘူး။ ကျွန်တော်တို့ကလည်း အွန်လိုင်းပေါ်အထိ ဈေးကွက်မထိုးဖောက်ရင် တာဝန်မကျေပါဘူး"
ဟု အသင်း ဒုဥက္ကဋ္ဌ ဦးမျိုး အောင်က ပြောသည်။

ဒေါင်းလုတ်လုပ်ဝယ်ယူထားသော စာအုပ် များကို စက်တစ်ခုမှတစ်ခုသို့ ကူးယူဖတ်ရှုခြင်း မရှိနိုင်
စေရန် ကာကွယ်ထားပြီး မိမိရယူထား သော စာအုပ်များ ပျက်စီးပျောက်ဆုံးပါက မိမိ အကောင့်ဖြင့် ပိုက်ဆံထပ်မံပေးချေစရာမလိုပဲ ပြန်လည်ရယူနိုင်အောင်လည်း စီစဉ်ထား သည်။ အကျိုးအမြတ်ခွဲ
ဝေမှုအနေဖြင့် ထုတ်ဝေ သူနှင့် စာရေးသူမှ ၈၀ ရာခိုင်နှုန်း၊ JAS Phone က ၂၀ ရာခိုင်နှုန်းဖြစ်သည်။

ထုတ်ဝေသူများအနေဖြင့် စာရေးသူ၏ သဘောတူညီချက်ရရှိမှသာ စာအုပ်များကို အွန်လိုင်းပေါ်တွင်
ရောင်းချသွားမည်ဖြစ်ပြီး အွန်လိုင်းပေါ်ရှိ စာအုပ်များကိုလည်း စာရေးသူမှ ဆက်လက်ရောင်းချလိုခြင်း
မရှိတော့သည့် အချိန်တွင် ဖြုတ်ချပေးသွားမည်ဖြစ်သည်ဟု ဦးမျိုးအောင်က ပြောသည်။

"အရင်ကလည်း ဒီလိုအွန်လိုင်းပေါ်က စာအုပ် တွေကို ပိုက်ဆံပေးပြီးဖတ်ရတဲ့ အစီအစဉ်မျိုး ရှိခဲ့ဖူး
တယ်။ နှစ်ကုန်ရင် စာရေးဆရာတွေကို ပိုက်ဆံရှင်းပါတယ်။ ဆရာမတို့အနေနဲ့က လည်း ဘယ်နည်း
နဲ့ဖြစ်ဖြစ် ကိုယ်ရဲ့စာအုပ်တွေ စာဖတ်သူလက်ထဲ ရောက်စေချင်တာပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့
စာရေးဆရာရဲ့ စာအုပ် ကို အလွယ်တကူ အွန်လိုင်းပေါ်ကနေ အခမဲ့ ယူလို့ရတာလည်း ကောင်း
ပါတယ်။ ဒါပေမဲ့ အဲလိုမျိုးတွေ အရမ်းများသွားရင်တော့မကောင်း တော့ဘူး။ စာအုပ် ထုတ်ဝေသူ
ဈေးကွက်ပျက်သွားနိုင်တယ်" ဟု စာရေးဆရာမ မိချမ်းဝေက ပြောသည်။

လက်ရှိအွန်လိုင်းပေါ်တွင် အခမဲ့မျှဝေထား သော စာအုပ်များကိုလည်း ဖြုတ်ချပေးရန် လွှင့်တင်ထား
သော hosting website များ ကို အသင်းက ဆက်သွယ်တောင်းဆိုသွားမည် ဖြစ်သည်။ ယခင်
ကလည်း စာအုပ်စာစောင်များအား အွန်လိုင်းမှတစ်ဆင့် ရောင်းချသည့်အစီအစဉ် ကို Forever
Group က ဆောင်ရွက်ခဲ့ဖူးကာ အတန်အသင့် အောင်မြင်မှု ရရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်