တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ရေး ကမ္ဘာ့ဘဏ်ကူညီပေးမည်

တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ရေး ကမ္ဘာ့ဘဏ်ကူညီပေးမည်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင်
ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) က အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅ သန်းဖြင့်
ကူညီရန် ကမ္ဘာ့ဘဏ်အုပ်စု အမှုဆောင်ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုလိုက်ကြောင်း ဖေဖော်
၀ါရီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

"မြန်မာနိုင်ငံရဲ့ တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍဟာ သန်းပေါင်းများစွာ အခြေခံလူတန်းစား တွေ
ကို ဆင်းရဲတွင်းက လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်မယ့် အရေးကြီးတဲ့ ကဏ္ဍ တစ်ခုဖြစ်ပါ
တယ်။ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ အင်တာနက်ကို အသုံးချနိုင်မှု ဟာ ကမ္ဘာ့နိုင်ငံ
တွေနဲ့ နှိုင်းယှဉ်ရင် အနိမ့်ဆုံး အဆင့်မှာပဲ ရှိနေပါသေးတယ်" ဟု ကမ္ဘာ့ဘဏ် ၏ အရှေ့တောင်အာရှ
ဒေသဆိုင်ရာညွှန်ကြား ရေးမှူး ့ူမငခ့ ဇခေ့ကေ က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

အရည်အသွေးကောင်းမွန်ပြီး ဈေးချိုသည့် မိုဘိုင်းဖုန်းကွန်ရက် ပိုမိုတိုးချဲ့နိုင်စေရန် အဓိက  ရည်ရွယ်ထားပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြုပြင်ပြောင်းလဲရေးကို ကူညီဆောင်ရွက် ရန်နှင့်
ဝေးလံသည့် ကျေးလက်ဒေသများအထိ တယ်လီဖုန်းဝန်ဆောင်မှုများ ရောက်ရှိနိုင်ရန် 'လူတိုင်း
အတွက် တယ်လီဖုန်းဆက်သွယ်ရေး စနစ်' ကို အကောင်အထည်ဖော်ရန် ကနဦး စမ်းသပ်
ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

လူတိုင်းအတွက် တယ်လီဖုန်းဆက်သွယ်ရေး စနစ်ကို အကောင်အထည်ဖော်ရန် စမ်းသပ်ဆောင်
ရွက်မည့် စီမံကိန်းနေရာများအား သတ်မှတ်ပြီးစီးသွားပါက ဆက်သွယ်ရေးနှင့် သတင်းအချက်
အလက်နည်းပညာဝန်ကြီးဌာန သည် ဒေသခံများနှင့် အကြံဉာဏ်ရယူမည့် ဆွေးနွေးပွဲများကို
ယခုနှစ်အတွင်း ကျင်းပမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ၀န်ကြီးဌာနက ဦးဆောင်ကာ အကြံဉာဏ်ရယူ သည့် ဆွေးနွေး
ပွဲနှစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"အစိုးရက ဦးဆောင်ပြီး ကျင်းပတဲ့ အကြံဉာဏ် ရယူတဲ့ ဆွေးနွေးပွဲတွေကို ကမ္ဘာ့ဘဏ်က အားပေး
ထောက်ခံပါတယ်။ နောက်ထပ်ဆောင် ရွက်ဦးမယ့် ဆွေးနွေးပွဲတွေမှာလည်း အရပ်ဘက် ဆိုင်ရာ
လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့ တွေ၊ တိုင်းရင်းသားတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါ၀င်နိုင်
ပြီး စီမံကိန်းကို အကောင် အထည်ဖော်နိုင်ဖို့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေး မှုတွေ၊ အကြံဉာဏ်တွေ
ရရှိနိုင်ဖို့ မျှော်လင့်ပါ တယ်" ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ခန်သန်ရှန်
က ပြော သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်