ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားသော တယ်လီနောနှင့် အော်ရီးဒူးကုမ္ပဏီနှစ်ခုအား
ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ကို ပေးအပ်ခဲ့ပြီးဖြစ်ရာ လအနည်းငယ်ကြာတွင်
မိုဘိုင်းဖုန်းဆင်းကတ်များကို အဆိုပါ ကုမ္ပဏီများက ရောင်းချပေးတော့မည်ဖြစ်သည်။
ထို့ကြောင့် ပြင်ပဈေးကွက်တွင် ကျပ် ၁,၅၀၀ တန် ဆင်းကတ်များအား ၀ယ်ယူသူနည်းပါးလာ
သည်ကို တွေ့ရသည်။
"အခု ကျပ် ၁,၅၀၀ ဂျီအက်စ်အမ်ဆင်းကတ်တွေ အပြင်ပေါက်ဈေး ကျပ်တစ်သိန်းတစ်သောင်းခွဲ
ရှိနေသေးတယ်။ အဲဒီမှာကျပ် ၅,၀၀၀ ငွေဖြည့်ကတ်လည်း ပါပြီးသား။ ငွေဖြည့် ကတ်မပါရင်တော့
တစ်သိန်းတစ်သောင်းကျ မယ်။ စီဒီအမ်အေ နံပါတ် ၃၁ တွေကတော့ လက်ရှိပြင်ပပေါက်ဈေးက
ကျပ်ခြောက်သောင်းခွဲ ရှိနေသေးတယ်။ ဒါပေမဲ့ စီဒီအမ်အေတွေကို ဘယ်သူမှ မဝယ်ကြတော့ဘူး။
နောက်ပြီး အော်ပရေတာတွေကလည်း ဆင်းကတ်တွေ ရောင်းပေးမယ်ဆိုရင်တော့ အပြင်ပေါက်
ဈေး ကတော့ ပျောက်ကွယ်သွားနိုင်ပါတယ်" ဟု KKA Mobile မှ မပပက မြန်မာတိုင်း(မ်)ကို
ပြောသည်။
အင်တာနက်ကိုပါ ကောင်းမွန်စွာ သုံးစွဲနိုင် မည့် ဖုန်းများအား လူတိုင်းတတ်နိုင်သည့် ဈေးနှုန်းဖြင့်
ရောင်းချပေးသွားမည်ဟု တယ်လီနောနှင့် အော်ရီဒူးတို့က ကြေညာထားကြပြီး ဖြစ်သည်။
"ကျွန်တော်ကတော့ နောက်ခြောက်လမှာရောင်းမယ့် နိုင်ငံခြားအော်ပရေတာတွေရဲ့ ဆင်းကတ်တွေ
ကိုပဲ ၀ယ်သုံးတော့မယ်။ ၀ယ်နိုင်သလောက် ရောင်းပေးမယ်လို့လည်း သတင်းစာတွေ၊ ဂျာနယ်တွေ
မှာ ဖတ်လိုက်ရ တယ်လေ။ နောက်သူတို့ ဆင်းကတ်တွေက အင်တာနက်လည်း အရမ်းကောင်း
မယ်လို့ သိထားတယ်။ ဒါကတော့ စောင့်ကြည့်ရဦးမှာ ပဲ။ အခုလောလောဆယ်တော့ ပြောထားတဲ့
အတိုင်းဆိုရင် အရမ်းဝန်ဆောင်မှုကောင်းမယ့် ဆင်းကတ်တွေပါ" ဟု လူငယ်တစ်ဦးဖြစ်သူ
ကိုအောင်သူက ပြောသည်။
အနာဂတ်တွင် ပြင်ပပေါက်ဈေး ပျောက်ကွယ် ရန်မှာ အော်ပရေတာသစ်များအပေါ် အဓိက မူတည်
လျက်ရှိပြီး လက်ရှိတွင်လည်း ယခင်ကျပ် နှစ်သိန်းတန်နှင့် ငါးသိန်းတန်ဆင်းကတ်များ ပြန်လည်
ရောင်းချနေမှုများ ရှိနေသည်ဟု မြ. င်္သညန ွှနူနခသည ဃနညအနမ မှအထွေထွေ မန်နေဂျာ
ဦးထက်လင်းကျော်က ပြောသည်။
"အခုတောင်အရင် နှစ်သိန်းတန်၊ ငါးသိန်းတန် ဆင်းကတ်တွေကို ပြန်ရောင်းနေတဲ့သူတွေ တောင်
ရှိသေးတယ်။ ပြင်ပပေါက်ဈေးပျောက် ကွယ်သွားဖို့က အော်ပရေ တာတွေပေါ် မူတည် တယ်။
ဆင်းကတ်တွေကို အရေအတွက်အကန့်အသတ်နဲ့ မရောင်းဘဲ လိုသလို ရောင်းပေးမယ်ဆိုရင်တော့
ပြင်ပပေါက်ဈေးကတော့ ပျောက်ကွယ်သွားနိုင်ပါတယ်။ ပြင်ပပေါက်ဈေးဆိုတာ အကန့်အသတ်
ကြောင့်ဖြစ်လာတာပါ" ဟု ၎င်းက ပြောသည်။
အော်ရီဒူးကုမ္ပဏီက ဆင်းကတ်များကို ခြောက်လအကြာတွင် လိုသလောက် ရောင်းချ ပေးသွား
မည်ဖြစ်ပြီး တယ်လီနောကုမ္ပဏီက ရှစ်လအကြာတွင် ဆင်းကတ် သန်း ၃၀ ကို ကနဦး ရောင်းချ
ပေးသွားမည်ဟုဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ၂၀၁၃ ခုနှစ်၊ ဧပြီလမှစတင်ကာ လစဉ်ကျပ် ၁,၅၀၀ တန်
ဆင်းကတ်အရေအတွက် သုံးသိန်းခွဲ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များ၏ အစီအစဉ်
ဖြင့် ရောင်းချပေးနေသည်။
လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ တန်ဖိုးနည်းမိုဘိုင်း ဖုန်း ၃ ဒသမ ၂ သန်း
အပါအဝင် မိုဘိုင်းဖုန်း ခုနစ်သန်း ကျော်ရောင်းချခဲ့ပြီး ဖြစ်သည်။
















