နိုင်ငံတကာငွေကြေးကတ်မှ ရွှေ့ပြောင်းပေးချေလက်ခံဝန်ဆောင်မှုစနစ် မိတ်ဆက်

နိုင်ငံတကာငွေကြေးကတ်မှ ရွှေ့ပြောင်းပေးချေလက်ခံဝန်ဆောင်မှုစနစ် မိတ်ဆက်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်လာမည့် ငွေသားကတ်များမှ ရွှေ့ပြောင်း ပေးချေလက်ခံဝန်ဆောင်
မှုစနစ် အသစ်ကို Tablet သို့မဟုတ် Mobile device များတွင် စတင်အသုံးချနိုင်မည်ဖြစ်ကြောင်း
2C2P ကုမ္ပဏီ ဂရုပ်စီအီးအို ဦးအောင်ကျော်မိုးသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြန်မာတိုင်း(မ်)
ကို ပြောကြားခဲ့သည်။

iAccept ဟုအမည်ပေးထားသည့် ငွေပေးချေလက်ခံဝန်ဆောင်မှုအသစ်ကို အာရှပစိဖိတ်ဒေသတစ်ဝန်း ငွေပေးချေဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသော ထိပ်တန်း
ကုမ္ပဏီတစ်ခုဖြစ်သည် 2C2P နှင့် မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizens Bank) တို့
ပူးပေါင်းကာ စတင်ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။

ယင်းစနစ်သည် ဟိုတယ်၌ တည်းခိုသည့် အရေးကြီးပုဂ္ဂိုလ်က ငွေပေးချေရန် ဧည့်ကြိုကောင်တာ
သို့ လာရောက်ရန်မလိုတော့ဘဲ ဟိုတယ်ဝန်ထမ်းကို ခေါ်ယူ၍ အခန်းတွင်း၌ပင် မိမိတွင်ပါလာသည်
Master Card နှင့် Visa နိုင်ငံတကာ ငွေသားကတ်များဖြင့် အခန်းသုံးစွဲခ ကျသင့်ငွေကို ငွေပေးချေနိုင်
မည်ဖြစ်ကြောင်း၊ ပေးချေငွေကို လက်ခံနိုင်ရန် ထို၀န်ထမ်းသည် Tablet သို့မဟုတ် Mobile
Device ယူဆောင် လာရမည်ဖြစ်ပြီး ထိုစက်ကိရိယာများတွင် ၎င်းနှင့်အတူ ငွေသားကတ်ကို
ဖတ်ပေးမည့် အကူစက်ကိရိယာတစ်ခု တပ်ဆပ်ထားရမည်ဖြစ်ကြောင်း၊ လက်တလောတွင်
ယင်းစနစ်ကို အင်းလျားကန်ဟိုတယ် နှင့် စထရင်းဟိုတယ်တို့တွင်သာ ရရှိနိုင်ဦးမည်ဖြစ်ကြောင်း
ဦးအောင်ကျော်မိုးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အင်းလျားကန်ဟိုတယ်၌ ကျင်းပခဲ့သော
iAccept မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်