ဆက်သွယ်ရေးကုမ္ပဏီများတာဝါတိုင်နေရာ အခက်တွေ့

ဆက်သွယ်ရေးကုမ္ပဏီများတာဝါတိုင်နေရာ အခက်တွေ့

ပြည်တွင်းပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ၀န်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်
စတင်ပြင်ဆင်နေပြီဖြစ်ရာ ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူရေးလုပ်ငန်းတွင် မြေနေရာအခက်အခဲ
ဖြစ်နေသည်ဟု ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ဆက်သွယ်ရေးအခြေခံအဆောက်အအုံဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်လာသည့် ကုမ္ပဏီများက
ပြောကြားသည်။

ပြည်ပဆက်သွယ်ရေးကုမ္ပဏီများအား လုပ်ငန်းလိုင်စင်များချထားပေးခဲ့သည့်နည်းတူ ပြည်တွင်း
ဆက်သွယ်ရေးကုမ္ပဏီများအားလည်း မကြာမီကာလအတွင်း လုပ်ငန်းလိုင်စင်ထုတ်ပေးသွား
မည်ဖြစ်သည့်အပြင် အခြားဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်များလည်း ခွင့်ပြု
ပေးသွားရှိသည်ဟု အဆိုပါဆွေးနွေးပွဲတွင် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊
ဒုတိယဝန်ကြီးဖြစ်သူ ဦးသောင်းတင်က ပြောကြားခဲ့သည်။

ပြည်ပဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော တယ်လီနော်နှင့် အိုရီဒူးကုမ္ပဏီများသည် ပြီးခဲ့သည့်
ဇန်နဝါရီလကုန်ပိုင်းတွင် ဆက်သွယ်ရေးလုပ်ငန်းလိုင်းစင်များ ရရှိခဲ့ပြီးဖြစ်ရာ ဆက်သွယ်ရေးတာဝါ
တိုင်စိုက်ထူးရေးလုပ်ငန်းများအတွက် မိတ်ဖက်ကုမ္ပဏီများကိုလည်း ရွေးချယ်ထားပြီး ဖြစ်လေသည်။

"အစိုးရအနေနဲ့ အလုပ်တွေ အများကြီးလုပ်ပြီးသွားပါပြီ။ ဒါပေမယ့် လုပ်စရာတွေလည်း အများကြီး
ကျန်နေပါသေးတယ်။ ဆက်သွယ်ရေးတာဝါစိုက်ထူတဲ့ လုပ်ငန်းမှာ ပို့ဆောင်ရေးနဲ့ လမ်းပန်း ဆက်
သွယ်ရေး၊ လျှပ်စစ်တို့လို အခက်အခဲတွေ အများကြီးရှိနေပါ တယ်။ မြေနေရာကတော့ တာဝါ
ကုမ္ပဏီတွေ အတွက်အဓိကအခက်အခဲပါပဲ" ဟု Golden Towers  ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦး
ဖြစ်သူ Thomas Thalhammer က ပြောကြားသည်။

တာဝါတိုင်စိုက်ထူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေဖို့ မကြာမီအပြီးသတ်ထွက်ပေါ်လာမည့်
အသေးစိတ် ဆက်သွယ်ရေးနည်းဥပဒေများကိုလည်း စောင့်မျှော်နေသည်ဟု ၎င်းက ပြောကြား
သည်။

အပြည့်အစုံကို မြန်မာတိုင်းမ်(မြန်မာ)ဂျာနယ်တွင် ဖတ်ရှုပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်