အွန်လိိုင်းလူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်က နိဗ္ဗာန်ဆော်များ

အွန်လိိုင်းလူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်က နိဗ္ဗာန်ဆော်များ

နိဗ္ဗာန်ဆော်မူကား ကောင်းမှုကုသိုလ် ပြုလုပ်ရန် ဆော်ဩသူလို့ ကိုလိုနီခေတ် သိပ္ပံမောင်ဝ
ရေးသားထားတဲ့ နိဗ္ဗာန်ဆော်စကားပြေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

မြန်မာလူမျိုးတွေရဲ့ စိတ်နှလုံးသားထဲမှာ သူတစ်ပါးကို ပေးကမ်းစွန့်ကြဲခြင်း၊ အလှူဒါန ပြုလုပ်ခြင်း၊
သူတစ်ပါးအခက်အခဲတွေကို ၀ုိင်းဝန်းကူညီဖြေရှင်းပေးချင်တဲ့ စိတ်ထားတွေဟာ မွေးရာပါဗီဇတစ်ခု
ဖြစ်ပါတယ်။

ယခုအခါ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ် ဘွတ်ခ်အသုံးပြုမှု တွင်ကျယ်လာတာနဲ့အမျှ ဒီဖေ့စ်
ဘွတ်ခ်ကိုအသုံးပြုပြီး ဘယ်လိုအလှူ အတမ်းတွေလုပ်မယ်၊ ဘယ်လိုကူညီထောက်ပံ့ မှုလုပ်ငန်း
မျိုးတွေလုပ်ရင် ကောင်းမလဲလို့ စဉ်းစားလာကြပါတယ်။ ဖေ့စ်ဘွတ်ခ်နိဗ္ဗာန်ဆော်တစ်ဦးဖြစ်သူ
ဒေါ်ဝါ၀ါ ခိုင်မင်း က "တခြားအကြောင်းအရာ ကိစ္စတွေ အတွက် ဖေ့စ်ဘွတ်ခ်မသုံးဘဲနေရင်
နေနိုင်ပေ မယ့် နိုင်ငံတကာမှာ နေထိုင်နေကြတဲ့ ပရဟိတ စေတနာရှင် အလှူရှင်တွေနဲ့ ချိတ်ဆက်
ပြီး အလှူ ဒါန၊ ပရဟိတတွေ ပိုမိုဆောင်ရွက်နိုင်စေဖို့ အတွက် ဖေ့စ်ဘွတ်ခ်က အမှန်တကယ်
လိုအပ်ပါ တယ်။အလွန့်အလွန် အရေးပါတယ်လို့ပဲဖြေပါ ရစေရှင်။ ဖေ့စ်ဘွတ်ခ်ကြောင့်ပဲ အလှူဒါန
ပရ ဟိတ အလုပ်တွေ လုပ်ဖြစ်နေခဲ့တာမို့ ကျေးဇူး တင်စရာကောင်းလို့ ကျေးဇူးရှင်လို့တောင်
ပြောလို့ ရပါတယ်ရှင်"လို့ ပြောပါတယ်။

ဒေါ်ဝါ၀ါခိုင်မင်းဟာ ကိုယ်ပိုင်ဘလော့ဂ်ကတစ်ဆင့် အလှူခံခြင်းကို ၂၀၀၈ ခုနှစ် နှစ်ကုန် ပိုင်းက
စတင်ခဲ့တယ်လို့ ဆိုပါတယ်။ "ပထမတုန်းက ဖေ့စ်ဘွတ်ခ်ကနေ အလှူရှင် တွေဖိတ်ခေါ်ဖို့ အကြံ
ဉာဏ်မရှိခဲ့ပါဘူး။ ကျွန်မ နိုင်ငံခြားမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အထိနေစဉ်က ဘလော့ဂ်
စရေးခဲ့တာပါ။ ဘလော့ဂ်ကနေတစ်ဆင့် စစ်ကိုင်းမှာ ကျောင်း တစ်ကျောင်းအတွက် သောက်ရေ
သန့်စက် လိုအပ်နေတဲ့ ဆရာတော်တစ်ပါးနဲ ့ဆက်သွယ် မိပြီး ရေသန့်စက်အလှူအတွက် ကျွန်မ
ဘလော့ဂ် မှာ ပို့စ်တစ်ပုဒ်ရေးပြီးအလှူခံ ပေးခဲ့ပါတယ်။ နောက်တော့စစ်ကိုင်းတောင်ရိုးမှာ သံဃာ
တော် တွေ ဆွမ်းကွမ်း မလုံလောက်ကြကြောင်းကို ဆရာတော်ဦးကောဝိဒ (ယခု စစ်ကိုင်းတောင်
ရိုး ဆွမ်းလောင်းအသင်းဆရာတော်)ထံကနေ သိလိုက်ရပြီး စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံး
နေထိုင်နေကြတဲ့ သံဃာတော်အပါး ၄၀၀ ကျော်ကို အပတ်စဉ် တနင်္လာနေ့တိုင်း ဆွမ်းလောင်း
လှူဖို့အတွက် ဘလော့ဂ်ကနေ အလှူစခံဖြစ်ခဲ့ တာပါ"လို့ သူက ပြောပါတယ်။

ဘလော့ဂ်ကနေတစ်ဆင့် အလှူခံခဲ့ရာကနေ ဖေ့စ်ဘွတ်ခ်အလှူခံအဆင့် ရောက်ရှိသွားပုံကို လည်း
ဒေါ်ဝါ၀ါခိုင်မင်းက ပြောပြပါသေး တယ်။

"မြန်မာပြည်ပြန်ရောက်တော့ စီးပွားရေးတစ်ဖက်နဲ့မို့ အင်တာနက်လည်း သေချာမသုံးနိုင် ခဲ့ပါဘူး။
မြန်မာပြည်ပြန်ရောက်မှ ဖေ့စ်ဘွတ်ခ် ကို စသုံးဖြစ်ပါတယ်။ ဆွမ်းလောင်းအသင်းအတွက်လည်း
ဖွင့်ရခက်တဲ့ ဘလော့ဂ်ကိုမသုံး ဖြစ်တော့တာကြောင့် တနင်္လာပတ် ဆွမ်းအလှူ ဓာတ်ပုံလေးတွေ
ကို အလှူရှင်တွေ ကုသိုလ်သဒ္ဓါပွားပြီး သာဓုခေါ်ဆိုနိုင်ကြစေဖို့အတွက် ဖေ့စ်ဘွတ်ခ်မှာ ကွန်နက်
ရှင်ကောင်းရင် ကောင်းသလို စတင်ပေးဖြစ်ခဲ့တာဖြစ်ပါတယ်" လို့ ဒေါ်ဝါ၀ါခိုင်မင်းက ပြောပါတယ်။

ကျန်းမာရေးချို့တဲ့သူတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အကူအညီပေးနိုင်ဖို့ ပရဟိတအဖွဲ့ တွေက
အလှူရှင်ဖိတ်ခေါ်တာ၊ ဆွမ်းလောင်း လှူနိုင်ရန် အလှူရှင်တွေ ဖိတ်ခေါ်တာ၊ ပျောက်ဆုံး နေတဲ့
ကလေးငယ်တွေနဲ့ လူကြီးတွေကို ဓာတ်ပုံနဲ့တကွ ဖေ့စ်ဘွတ်ခ်မှာ ကြေညာတာ တွေကို တွင်တွင်
ကျယ်ကျယ်အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

"ကျွန်တော့် ဖေ့စ်ဘွတ်ခ်မှာလည်း အလှူခံတဲ့ status တွေ တက်လာတယ်။ အဲဒါတွေကို
ကျွန်တော်ကတော့ ကိုယ်မလှူနိုင်ပေမယ့် ကျွန်တော့်ဖေ့စ်ဘွတ်ခ်ကနေ တစ်နည်းနည်းနဲ့
အလှူပေးချင်တဲ့သူ တစ်ယောက်ယောက်ဆီ ရောက်လိုရောက်ငြားဆိုပြီးတော့ share ပေး
လိုက်တာပါပဲ။ ကျွန်တော် share ပေး လိုက်တာ ကနေ နောက်သူငယ်ချင်းတွေကလည်း
share ပေးလိုက်ရင် တစ်ချိန်ချိန်မှာ လှူဒါန်းနိုင်မယ့် သူဆီတော့ ရောက်သွားနိုင်တာပါပဲ။

ဖေ့စ် ဘွတ်ခ်မပေါ်ခင်တုန်းကဆိုရင် ဥပမာ ရပ်ကွက် တစ်ခုမှာဆို မဏ္ဍပ်ကြီးထိုးပြီး ဒီရပ်ကွက်က
လူ၊ ဒီရပ်ကွက်ကို အလည်လာတဲ့သူတွေလောက် ပဲ လှူလို့ရမှာလေ။ ဖေ့စ်ဘွတ်ခ်ကျတော့
တစ်ကမ္ဘာ လုံးကလူတွေ ဒီအလှူခံတဲ့ status ကြည့်ပြီး လှူဖို့ ဆန္ဒရှိရင် လာရောက် လှူဒါန်းနိုင်
တယ်။ ပိုပြီးအလှူခံဖို့ နယ်မြေကျယ်သွားတာပေါ့" လို့ ၂၀၀၇ ခုနှစ်ကပင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ
လူှုယ်တစ်ဦးဖြစ်တဲ့ ကိုသိန်းထူးအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖြစ်ရပ်လေးတစ်ခုကြောင့် လည်း ဖေ့စ်ဘွတ်ခ်ရဲ့ အကျိုးရှိပုံဟာ ပိုမို ပေါ်လွင်
ထင်ရှားခဲ့ပါတယ်။ နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်တွေကို သတ္တိအပြည့်နဲ့ တော်လှန်တိုက်ပွဲ
၀င်ခဲ့တဲ့ တော်လှန်ရေးရဲဘော်ဟောင်း သခင်လှကြိုင် ဟာ ပဲခူးတံတားပေါ်မှာ တောင်းရမ်းစား
သောက် နေရတဲ့ဖြစ်ရပ်ကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ဦးက ဖေ့စ်ဘွတ်ခ်ကနေ ဖော်ပြခဲ့လို့
လူအများသိရှိခဲ့ပြီး သခင်လှကြိုင်ကို ထောက်ပံ့ ပေးလိုသူများ ပေါ်လာခဲ့သလို သခင်လှကြိုင်
ဟာလည်း ကျန်ရှိတဲ့ ဘဝသက်တမ်းမှာ အဆင် ပြေပြေနေနိုင်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်မှာ ဘယ်သူဘယ်ဝါ မှန်းမသိ ဘယ်သူက အလှူခံမှန်းမသိဘဲ လှူဒါန်း ငွေတွေ
ကို အလှူရှင်တွေက ယုံယုံကြည်ကြည်နဲ့ လှူဒါန်းဝံ့မှာ မဟုတ်တဲ့အတွက် ဖေ့စ်ဘွတ်ခ် နိဗ္ဗာန်ဆော်
များကလည်း အလှူရှင်ယုံကြည်မှုရှိအောင် ဆောင်ရွက်ရပါသေးတယ်။

"အလှူရှင်တွေရဲ ့ယုံကြည်မှုကိုတော့ ကျွန်မ တို့ တကူးတကမတည်ဆောက်ခဲ့ရပါဘူး။ အလှူ
ဖြစ်မြောက်ရန်အတွက် စအလှူခံပေးကတည်း က ကျွန်မဂျပန်မှာနေစဉ်အချိန်တုန်းကဆို ကိုယ်
တိုင်လည်း လှူတယ်။ တခြားသူများ အလှူ ဖြစ်မြောက်အောင်လည်း တတ်နိုင်သလောက် ဖိတ်
ခေါ်ပေးခဲ့တယ်။ ကျွန်မဘလော့ဂ်ရေးတော့ ကျွန်မဘလော့ဂ်ကိုဖတ်ပြီး ကျွန်မကိုချစ်ခင်နေကြတဲ့
မောင်နှမတွေစင်ကာပူမှာအများဆုံးရှိကြတယ်။ အဲဒါကြောင့်စင်ကာပူမှ မောင်နှမများ လှူဒါန်းငွေ
လက်ခံပေးဖို့ ကျွန်မ ရင်းနှီးတဲ့ ဘလော့ဂ်ဂါမောင်ှုယ်တစ်ယောက် ကို အလှူငွေလက်ခံပေးခိုင်းသ
လို၊ အမေရိကား မှာလည်း ရင်းနှီးတဲ့ဘလော့ဂ်ဂါတစ်ဦးကို အလှူငွေလက်ခံပေးခိုင်းခဲ့ပါတယ်။

ဒီလိုနဲ့ မောင်နှမတွေစည်းစည်းလုံးလုံးနဲ့ အလှူငွေတွေ လက်ခံရတာနဲ့ မြန်မာပြည်ကို ပို့ပေးခဲ့ကြပါ
တယ်။ ကျွန်မကလည်း စီစဉ်ဆောင်ရွက်ပေးနေ တဲ့ ဆရာတော်ထံအလှူငွေများ လွှဲပြောင်းပါ
ကြောင်း ဘလော့ဂ်မှ တင်ပေးခဲ့သလိုမျိုး ဖေ့စ်ဘွတ်ခ်သုံးတော့လည်း ဖေ့စ်ဘွတ်ခ်မှာ ပြေစာများနဲ့
တင်ပြပေးခဲ့ပါတယ်။

ဒီလိုနဲ့ ဆရာတော်ဦးကောဝိနဲ့အတူ နိုင်ငံတကာမှ မောင်နှမများစည်းစည်းလုံးလုံး ဆောင်ရွက်ပေး
ခဲ့ကြလို့ နိုင်ငံတကာမှ အလှူရှင်များရဲ့ ယုံကြည်မှုကို ရခဲ့တာဖြစ်ပါတယ်" လို့ ဒေါ်ဝါ၀ါ ခိုင်မင်း
ပြောပါတယ်။

"ဖေ့စ်ဘွတ်ခ်ကိုအကျိုးရှိအောင် သုံးတတ် မယ်ဆိုရင် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့
ပရဟိတလုပ်ဆောင်မှုတွေအတွက်တော့ အကျိုး ရှိအောင် အသုံးချနိုင်ကြပါတယ်။ ဖြစ်နိုင်မယ်
ဆိုရင်တော့ ဖေ့စ်ဘွတ်ခ်နဲ့ နိုင်ငံတကာကိုဆက်သွယ်လို့ ရနေတာမို့ ကိုယ့်အတွက်ရော၊ အများ
အတွက်ပါ တတ်နိုင်သလောက် အကျိုး ရှိအောင်အသုံးပြုစေချင်ပါတယ်" လို့ သူက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်