မလေးရှားသွားမည့်သူများအတွက် အသက်အာမခံစနစ် ပါ၀င်သည့် ဖုန်းကတ် အခမဲ့ပေးမည်

မလေးရှားသွားမည့်သူများအတွက် အသက်အာမခံစနစ် ပါ၀င်သည့် ဖုန်းကတ် အခမဲ့ပေးမည်

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် ကြမည့် မြန်မာလုပ်သားများအတွက် အသက်
အာမခံစနစ်ပါ၀င်သည့် ဂျီအက်စ်အမ်ဖုန်းဆင်းကတ်များကို မတ်လ ၁ ရက်နေ့မှစတင်ကာ အခမဲ့
ဖြန့်ဖြူးပေးနိုင်ရန်အတွက် မလေးရှားနိုင်ငံရှိ Tone Plus ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အလုပ် သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနတို့ နားလည်မှုစာချွန်လွှာ (MoU) ကို ဖေဖော်ဝါရီလ
၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ
အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောသည်။

"ဆင်းကတ်တွေရဲ့ အသက်အာမခံစနစ်အကျုံးဝင်ဖို့အတွက် ဆင်းကတ်အသုံးပြုသူက တစ်လမှာ
ဖုန်းခေါ်ဆိုခအနည်းဆုံး ရင်းဂစ် ၃၀ အသုံးပြုရမှာဖြစ်ပါတယ်။ အသက်အာမခံစနစ်အနေနဲ့ ပွိုင့်
အလျောက် အသက်အာမခံမှုကို ရရှိမှာဖြစ်ပါတယ်။ ဥပမာ ရင်းဂစ် ၁၀၀ ဆိုရင် ပွိုင့်အားဖြင့် ၁,၂၀၀
ခံစားရမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ ရည်ရွယ်ထားတာကတော့ မလေးရှားမှာ အလုပ်သွားလုပ်မယ့်လူတွေ အတွက်ပါ။
ဒါ့အပြင် မလေးရှားနိုင်ငံကိုသွားရောက်မယ့် စီးပွားရေးသမားတွေရယ်၊ အလည်အပတ် သွားရောက်
မယ့်သူတွေပါ ဒီ ဆင်းကတ်တွေကို မလေးရှားသွားရောက်မယ့် ခိုင်မာတဲ့သက်သေပြပြီး ထုတ်
ယူနိုင်ပါတယ်" ဟု Tone Plus ကုမ္ပဏီမှ ကိုယ်စားလှယ် ဦးသန်းဝင်းက ပြောသည်။

ယင်းဆင်းကတ်အသုံးပြုသူသည် မတော် တဆအသက်ဆုံးရှုံးမှုဖြစ်ပါက အသက်အာမခံ ကြေး
အနေဖြင့် ရင်းဂစ်တစ်သိန်းတန်သည့် ကျပ်သိန်း ၃၀၀ ကို လျော်ကြေးအဖြစ်ပေးသွား မည်ဖြစ်
သည်။

ထို့အတူ Tone Plus ဆင်းကတ်သုံးစွဲသူ အချင်းချင်း စာတိုပို့စနစ်ကိုလည်း အခမဲ့သုံးနိုင် မည်
ဖြစ်ပြီး မလေးရှားနိုင်ငံသို့ ရောက်ရှိသော အခါ အကူအညီတစ်စုံတစ်ရာ မေးမြန်းနိုင်ရန် လည်း
မြန်မာဘာသာစကားဖြင့် ပြန်လည်ဖြေကြားပေးသည့် call center ဖုန်းနံပါတ်ကိုလည်း ဖော်ပြ
ပေးထားမည်ဖြစ်သည်။

အဆိုပါဆင်းကတ်များကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမား၊ ွှလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာနက ဖွင့်လှစ် ထားသော ပင်လုံသင်တန်ကျောင်းတွင် အခမဲ့ ထုတ်ပေး
သွားမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်