မိုဘိုင်းဖုန်းဟန်းဆက်ဈေးကွက်တွင် မြန်မာဘာသာစနစ်သုံး မိုဘိုင်းဖုန်းဟန်းဆက်များရှိနေပြီဖြစ်
သော်လည်း တိုင်းရင်းသားဘာသာအသုံးပြုထားသည့် ဟန်းဆက်များလည်း ထုတ်လုပ်သင့်သည်
ဟု ကွန်ပျူတာပညာရှင်များကပြောသည်။
ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိထားသော ကုမ္ပဏီများ သည်
လအနည်းငယ်အကြာတွင် ဈေးနှုန်း သက်သာသည့် မိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချပေးတော့
မည်ဖြစ်ရာ ပြည်တွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးမှာ မိုဘိုင်းဖုန်း များအား ဈေးနှုန်းသက်သာစွာ
ဖြင့် အသုံးပြု လာနိုင်တော့မည် ဖြစ်သည်။
"ဟန်းဆက်တွေမှာက ဘာသာစကားဆိုရင် မြန်မာလိုနဲ့ အင်္ဂလိပ်လိုပါတယ်။ ဒါပေမဲ့ ဒီဖုန်း ကို
ကျေးလက်ဒေသတွေအထိ လူတွေသုံးစွဲနိုင် အောင် လုပ်ပေးမယ်ဆိုတော့ အင်္ဂလိပ်လို အသုံးပြု
တတ်မှဆိုလည်း မဖြစ်သေးဘူး။ ကျေးလက်မှာနေတဲ့ တောင်သူဦးကြီးတွေ တိုင်းရင်းသားလူမျိုး
တွေ အသုံးပြုနိုင်ဖို့က သက်ဆိုင်တဲ့ တိုင်းရင်းသားတွေရဲ့ ဘာသာ စကားတွေ၊ သုံးလို့ရမယ့်
အက်ပလီကေးရှင်း တွေ၊ ဂိမ်းတွေ၊ ကြည့်လို့ရမယ့် ၀က်ဘ်ဆိုက်တွေ ဒါကိုလည်း အများကြီးပြင်
ဆင်ရဦးမယ်လို့ တော့ထင်ပါတယ်" ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အတွင်းရေးမှူး
ဦးသောင်းစုငြိမ်းက ပြောသည်။
လက်ရှိမှာ မိုဘိုင်းများတွင်သာမက အက်ပလီကေးရှင်းများတွင်ပါ မြန်မာဘာသာကို လုပ်ဆောင်
ရာတွင် အခက်အခဲများရှိနေသေးသောကြောင့် အခြားဘာသာစကားများဖြင့် ဖန်တီးနိုင်ရန်
အခက်အခဲအများအပြားရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်တို့လည်း မကြားဘူးဘူး။ ကရင် ဘာသာနဲ့ ရေးထားတဲ့ ဂိမ်းတို့၊ အက်ပလီ ကေးရှင်း
တို့၊ ၀က်ဘ်ဆိုက်တို့တွေကို မတွေ့ဖူး သေးဘူး။ တော်တော်လေးတော့ လုပ်ယူရမယ်။ ဒါပေမဲ့
နေ့ချင်းညချင်း နောက်ခြောက်လအတွင်း မှာလုပ်ဖို့ဆိုတာ ခက်ခဲသေးတယ်။ လက်ရှိ မြန်မာလို
တောင်မှ အခက်အခဲတွေရှိနေသေး တယ်" ဟု ၎င်းက ပြောသည်။
"ကျွန်တော်တို့ မြန်မာကိုပြောင်းလိုက်ရင် မြန်မာဘာသာ setting ပြောင်းသွားသလိုပဲ ကျွန်တော်
တို့ ကရင်၊ ကယားအစရှိတဲ့ ဘာသာ setting ကိုသွားလို့ရအောင် ယူနီကုတ်ထဲမှာ ဒါတွေကို
support လာလုပ်ရမှာပါ။ ယူနီကုတ် ဆိုတာသူ သူ့ဟာသူရှိပြီးသား။ ဖရိန်လည်းရှိ ပြီးသား။
ဒါပေမဲ့ သက်ဆိုင်တဲ့ဘာသာစကား ကျွမ်းကျင်တဲ့သူနဲ့ ဒီဟာကိုလုပ်ဆောင်သွား ရမှာပါ" ဟု
ကွန်ပျူတာအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။
















