မြန်မာနိုင်ငံတွင် ဆီးဂိတ်အမှတ်တံဆိပ်ပါထုတ်ကုန်များ ဖြန့်ချိနိုင်ရန် အင်ဂရမ်မိုက်ခရိုအေရှား
ကုမ္ပဏီ (Ingram Micro Asia နှင့် ဆင်းနက်စ်ထိုင်း (Synnex Thailand PLC) ကုမ္ပဏီတို့အား
မြန်မာနိုင်ငံတွင် ပထမဦးဆုံးတရားဝင်ဖြန့်ဝေသူ ကိုယ်စားလှယ်အဖြစ် ဆီးဂိတ်ကုမ္ပဏီက ဖေဖော်
၀ါရီလ ၂၅ ရက်နေ့တွင် ခန့်အပ် ခဲ့သည်။
အင်ဂရမ်မိုက်ခရိုအေးရှားသည် ဆီးဂိတ်၏ ကွန်ပျူတာအချက်အလက်သိုမှီးသည့် ထုတ်ကုန်များ
ဖြစ်သော Hard disk drives, Solid state drive နှင့် Solid state hybrid drives များ ဖြန့်ချိ
ပေးမည် ဖြစ်သည်။
ဆင်းနက်စထိုင်းကုမ္ပဏီကလည်း ဆီးဂိတ်၏ စားပွဲတင်သုံးနှင့် အိတ်ဆောင် ကွန်ပျူတာများ
အတွက် ကွန်ပျူတာ ပြင်ပတွင် ချိတ်ဆက်ကာ အသုံးပြုနိုင်မည့် အချက်အလက်များသိုမှီးသည့်
ပစ္စည်းများ (External hard drives)၊ အခြားကွန်ရက်များနှင့် ချိတ်ဆက်ကာအသုံးပြုနိုင်သည့်
အချက်အလက်သိုမှီးသည့် ပစ္စည်းများ (Network attached storage) နှင့် အိမ်တွင်းဖျော်ဖြေ
ရေးအတွက် အချက်အလက်များသိုမှီးသည့်ပစ္စည်းများ(Home entertainment storage
solutions) အား ဖြန့်ချိပေးမည်ဖြစ်သည်။
















