အမျိုးသမီးကျန်းမာရေးစောင့်ရှောက်မှု မိုဘိုင်းဝန်ဆောင်မှု မိတ်ဆက်မည်

အမျိုးသမီးကျန်းမာရေးစောင့်ရှောက်မှု မိုဘိုင်းဝန်ဆောင်မှု မိတ်ဆက်မည်

အူရီးဒူးမြန်မာသည် အဆင့်ဆင့်ပုံဖော်ထားသော မိခင်နှင့် ကလေး၊ အမျိုးသမီးကျန်းမာရေး
စောင့်ရှောက်သည့် မိုဘိုင်းဝန်ဆောင်မှုအစီ အစဉ်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်တော့
မည်ဟု ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသမီးများအတွက် မိုဘိုင်းဖုန်းမှ တစ်ဆင့် ရရှိသောသတင်းအချက်အလက်များ အခြေခံ
သည့် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင် မှုမှာ မိုဘိုင်းပစ္စည်းများမှတစ်ဆင့် မိခင်နှင့် ကလေး၊
အမျိုးသမီး ကျန်းမာရေး စောင့်ရှောက် သည့် ၀န်ဆောင်အစီအစဉ်ဖြစ်ပြီး အင်ဒိုနီးရှား၊ ကာတာ၊
အီရတ်နှင့် အယ်လ်ဂျီးရီးယားနိုင်ငံများ တွင် ထူးခြားစွာ အောင်မြင်လျက်ရှိကာ အပြည် ပြည်ဆိုင်
ရာ၏ အလေးပေးအသိအမှတ်ပြုခြင်း ကို လွန်ခဲ့သော နှစ်အနည်းငယ်မှ စတင်ရရှိ ခဲ့သည်။

အူရီဒူး၏ နောက်ဆုံးပေါ်ဈေးကွက်ဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း ယင်းအစီအစဉ်အား စတင်
မိတ်ဆက်တော့မည်ဖြစ်သည်။

ယခုအစီအစဉ်သည် အမျိုးသမီးများ အတွက် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ အခိုင်
အလုံ ရှိသည့်အပြင်၊ ကျန်းမာရေး အတတ်ပညာရှင်များ ဆရာဝန်များ သူနာပြုများနှင့်တိုက်ရိုက်
ဆက်သွယ်နိုင်ပြီး ခံစားနေရသော ဝေဒနာများ၊ ကျန်မားရေး ပြဿနာများကို ဆွေးနွေးမေးမြန်း
နိုင်ပြီး ကုထုံးများအဖြေရှာနိုင်မည် ဖြစ်သည်။

"အမျိုးသမီးထုအတွက် လိုအပ်သမျှ ဆီလျှော် တဲ့သတင်းအချက်အလက်တွေကို စိတ်တိုင်းကြ
လိုအပ်သလို ရရှိနိုင်စေဖို ့အစိုးရမဟုတ်တဲ့အဖွဲ့ အစည်းများ၊ ပညာရှင်များနှင့် အထင်ကရ
Developer တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်သွား ဖို့ရှိပါတယ်။ မြန်မာလူမှုဘဝတွေထဲက အဓိက
အရေးအကြီးဆုံးပြဿနာတွေကို အဓိကထားပြီး ထိပ်ဆုံးကဖြေရှင်းမယ့် မိုဘိုင်းဆက်သွယ်ရေး
၀န်ဆောင်မှုတွေကိုပေးသွားဖို့လည်း ရှိပါတယ်" ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ်
Mr. Ross Cormack က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်