ခန္ဓာကိုယ်အနှံ့မှာ တွေ့နေရပြီဖြစ်တဲ့ နည်းပညာ

ခန္ဓာကိုယ်အနှံ့မှာ တွေ့နေရပြီဖြစ်တဲ့ နည်းပညာ

ဒီခေတ်ကြီးမှာတော့ နည်းပညာကို ခန္ဓာကိုယ် အနှံ့မှာပါ တွေနေရပါပြီ။ ခြေအိတ်၊ အတွင်းခံ
ဘရာစီယာ၊ လက်၊ ရင်ဘတ်၊ နားရွက် တစ်ကိုယ်လုံးမှာ နည်းပညာပစ္စည်း တပ်ဆင်လို့မရတဲ့
နေရာမကျန်တော့ပါဘူး။ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ နည်းပညာပစ္စည်းပါ အဝတ်အထည်နဲ့
အဆင်တန်ဆာတွေ အသုံးပြုမှုများလာတာဟာ မွေးစကလေးကနေ သက်ကြီးရွယ်အိုအထိ
အရွယ်သုံးပါးမရွေး အတွက် အကျိုးရှိစေမယ့် ကျန်းမာကြံ့ခိုင်ရေး၊ ကျန်းမာရေးနဲ့ တခြားရည်ရွယ်
ချက်တွေ အတွက် လိုက်လျောညီထွေရှိတဲ့ ပစ္စည်းတွေ လည်း အမြောက်အမြား ထွက်ပေါ်လာ
ပါတယ်။

နည်းပညာနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို ပြသ တဲ့ အကြီးဆုံးပွဲကြီးဖြစ်တဲ့ လာ့စ်ဗေးဂတ်စ်မှာ
ကျင်းပခဲ့တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းပြပွဲ (စီအီးအက်စ်)မှာ နည်းပညာပစ္စည်းပါ အဝတ်အထည်
တွေနဲ့ အဆင်တန်ဆာတွေဟာ လူကြိုက်များ ကဏ္ဍတွေထဲမှာ တစ်ခုပါ၀င်ခဲ့ပါတယ်။

"ကျွန်တော်တို့ အမြင်ကတော့ နောက်ဆိုရင် အဝတ်အထည်တွေဟာ ကွန်ပျူတာတွေ ဖြစ်လာ
မှာပါ" လို့ Heapsylon ရဲ့ အမှုဆောင်အရာရှိချုပ် Davide Viganoက ပြောပါတယ်။ သူ့ကုမ္ပဏီ
ကတော့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေနဲ့ ကျန်းမာကြံ့ခိုင်မှုနဲ့ ပတ်သက်တဲ့ တိုးတက်
မှုတွေကို စောင့်ကြည့်လိုသူတွေနဲ့ အပြေးသမားတွေအတွက် ရည်ရွယ်ပြီး စမတ်ဖုန်းနဲ့ချိတ်ဆက်
အသုံးပြုလို့ရအောင် စီစဉ်ထုတ်လုပ်ထားတဲ့အာရုံခံစနစ်ပါ အားကစားသမားသုံး ဘရာ၊ တီရှပ်နဲ့
ခြေအိတ်တွေကို ထုတ်လုပ်ပါတယ်။ သူ့ကုမ္ပဏီက ပစ္စည်းတွေကိုလည်း ဒီပြပွဲကြီး မှာ ပါ၀င်ပြသ
ထားပါတယ်။ သူက သူ့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ၀တ်ဆင်ရာမှာ သက်သောင့်သက်သာ ဖြစ်စေ
ဖို့အတွက် '၁၀၀ ရာခိုင်နှုန်း ချည်သား အာရုံခံပစ္စည်း'တွေကို အထည်တွေထဲမှာ ထည့်သွင်းယက်
လုပ်ထားပြီ ခြေအိတ်မှာပါတဲ့ အသံလွှင့်စက်နဲ့ ရင်ဘတ်က လှုပ်ရှားမှု စောင့်ကြည့်ရေးမော်နီတာ
ကို ချိတ်ဆက်ပေးထားတယ်လို့ ပြောပြပါတယ်။

"ခြေအိတ်နဲ့ ဘရာက အာရုံခံပစ္စည်းတွေ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပိုပြီးတိကျမှန်ကန် တဲ့ပုံ
တွေရပါတယ်" လို့ Vigano က ပြောပါ တယ်။ ဈေးကွက်ထဲမှာ ရနေတဲ့ ၀တ်ဆင်စရာ နည်းပညာ
တော်များများလိုပဲ သူ့ရဲ့ အားကစားသမားသုံး အဝတ်အထည်တွေမှာ သုံးစွဲသူအတွက် လိုအပ်တဲ့
လှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ လိုအပ်တဲ့ နည်းစနစ်ကို အသုံးပြုဖို့ 'တကယ့်နည်းပြ'လို
အားထား ယုံကြည်ရတဲ့ စနစ်မျိုးလည်း ထည့်ပေးထားပါ တယ်။ ကျန်းမာကြံ့ခိုင်ရေးကဏ္ဍက
တော့ FitBit နဲ့ Nike Fuel Band လို ၀တ်ဆင်လို့ရတဲ့ နည်းပညာပစ္စည်းတွေက အဓိကကဏ္ဍ
တစ်ရပ် အဖြစ်ပါ၀င်ပါတယ်။

ဒေါ်လာ ၁၉ ဘီလျံတန်ဈေးကွက် ကျန်းမာကြံ့ခိုင်ရေး၊ကျန်းမာရေးနဲ့ လုံခြံုရေး လို ကဏ္ဍတွေ
အပါအဝင် ၀တ်ဆင်လို့ရတဲ့ စမတ်နည်းပညာပစ္စည်းဈေးကွက်ဟာ ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၁
ဒသမ ၄ ဘီလျံရှိခဲ့ရာက ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၁၉ ဘီလျံရှိလာမယ် လို့ Juniper သုတေသန
ကုမ္ပဏီက ခန့်မှန်း ထားပါတယ်။

လျှပ်စစ်ပစ္စည်းနဲ့ ဆားကစ်ပြားတွေ ထုတ်လုပ် ရာ Intel ကုမ္ပဏီဟာ ၀တ်ဆင်လို့ရတဲ့နည်းပညာ
တွေ ဖြစ်ပေါ်လာစေတဲ့ အဓိကတွန်းအား တစ်ရပ်ဖြစ်တယ်လို့ အင်တဲလ်အမှုဆောင်အရာရှိချုပ်
Brian Krzanich က စီအီးအက်စ် မှာ ပြောကြားခဲ့ပါတယ်။

အက်ပလီကေးရှင်း ထုတ်လုပ်သူတွေက တော့ စမတ်ဖုန်းနည်းပညာကို သွေးပေါင်ချိန်၊ နှလုံး
ခုန်နှုန်းနဲ့ ဆီးချိုသွေးချိုနှုန်းစတာတွေကို တိုင်းတာနိုင်တဲ့ ဆေးပညာဆိုင်ရာရည်ရွယ်ချက် အတွက်
ပိုမိုတိုးတက် ထုတ်လုပ်နိုင်ဖို့လည်း ကြိုးပမ်းနေကြပါတယ်။ "ကိုယ့်ရဲ့ကျန်းမာရေးကို ကိုယ်တိုင်
ထိန်းချုပ် နိုင်ခွင့်ရတာကတော့ ဒီနည်းပညာရဲ့ ကောင်း ကျိုးတွေထဲက တစ်ခုပါပဲ"လို့ ဆမ်ဆောင်း
ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ David Lowe က စီအီးအက်စ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုအခြေစိုက် Qardio ကလည်း နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို တိုင်းတာနိုင် တဲ့
၀တ်ဆင်စရာပစ္စည်းတွေကို ထုတ်လုပ်ထား ပါတယ်။ ဒီပစ္စည်းတွေကြောင့် သုံးစွဲသူတွေဟာ
သူတို့ရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို စမတ်ဖုန်းကနေ စောင့်ကြည့်နိုင်တဲ့အပြင်
ဆရာဝန်တွေဆီကိုတောင် ဒီအချက်အလက်တွေကို ပေးပို့နိုင်ပါသေးတယ်။

Qardio က Ros-ario Iannella ကလည်း ဒီပစ္စည်းတွေနဲ့ အီတလီမှာနေထိုင်တဲ့ သူ့ရဲ့ မိခင်အိုကြီး
ကို အဝေးကနေ စောင့်ကြည့်ပေးနိုင်ပါတယ်လို့ ပြောပါတယ်။ ပစ္စည်းသစ်ကို လူကြိုက်မများရတဲ့
အကြောင်းရင်း ဒါပေမဲ့ ၀တ်ဆင်လို့ရတဲ့ နည်းပညာပစ္စည်းတွေကို ထုတ်လုပ်သူတွေဟာ သုံးစွဲသူ
အများစု အထူးသဖြင့် အမျိုးသမီးထုက စိတ်ငင်စားမှုမရှိဖြစ်ရတဲ့ အချက်တွေကိုလည်း ကျော်လွှား
နိုင်ဖို့လည်း လိုပါတယ်။

"ဈေးကွက်ထဲမှာရှိနေတဲ့ ပထမဦးဆုံးထွက်ရှိ ခဲ့တဲ့ ၀တ်ဆင်စရာ နည်းပညာပစ္စည်းတွေက ကြီးပြီး
၀န်ကျယ်တဲ့အပြင် နည်းပညာကို စိတ်ဝင် စားတဲ့ အမျိုးသားတွေအတွက်ပဲ ဦးစားပေး စီစဉ်ပေး
ထားတာမျိုးပါ"လို့ Enderle Group က အကြံပေးနဲ့ ကျွမ်းကျင်သူဖြစ်တဲ့ Rob Enderle က
ပြောပါတယ်။

"အမျိုးသမီးတွေအတွက်ဆိုရင်တော့ ၀တ်ဆင် စရာနည်းပညာပစ္စည်းတွေဟာ ပိုသေးဖို့ လိုအပ်ပြီး
ဖက်ရှင်ကျဖို့လည်း လိုပါတယ်"လို့ သူက ပြောပါတယ်။ ပထမအသုတ် ထွက်လာတဲ့နည်းပညာ
ပစ္စည်းတွေဟာ လူတွေကို သိပ်မဆွဲဆောင်နိုင် ခဲ့ကြပါဘူး။ ဒါပေမဲ့ ဒုတိယအသုတ်နဲ့ တတိယ
အသုတ်ပစ္စည်းတွေကတော့ ပိုပြီး အရေးပါလာပါလိမ့်မယ်လို့ အေဘီအိုင်ဈေးကွက်သုတေသန
ဌာနက ဈေးကွက်ကျွမ်းကျင်သူ Jeff Orr က ပြောပါတယ်။ ဘယ်ပစ္စည်းမဆို ဖက်ရှင်ကျ ပြီး
လက်တွေ့အသုံးဝင်ဖို့ လိုပါတယ်လို့ သူက ပြောပါတယ်။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်