ကလေးငယ်လေးတွေကို ပျော်ရွှင်စေတဲ့ ဆွီဒင်က ဒစ်ဂျစ်တယ်မူကြို

ကလေးငယ်လေးတွေကို ပျော်ရွှင်စေတဲ့ ဆွီဒင်က ဒစ်ဂျစ်တယ်မူကြို

အသက်နှစ်နှစ်အရွယ် မီယာကလေးဟာ စကရင်ပေါ်မှာ ပြထားတဲ့စာလုံးတွေထဲကနေ စာလုံး
တစ်လုံးကို သူ့ရဲ့ လက်ညှိုးလေးနဲ့ ထောက်ပြီး လိုက်ရှာနေပါတယ်။ ခဏနေတော့ 'အရမ်းတော်
တယ်' ဆိုတဲ့ ချီးမွမ်းသံ ကွန်ပျူတာကနေ ထွက်ပေါ်လာပြီး လက်ခုပ်သံတွေလည်း ထွက်ပေါ်လာ
တဲ့အတွက် မီယာကလေးလည်း ကျေနပ်ဝမ်းသာစွာနဲ့ လက်ခုပ်တီးလိုက်ပါတယ်။

စတော့ဟုမ်းမြို့လယ်က တန်တိုနိုင်ငံတကာ ကျောင်းက မူကြိုကလေးတွေဟာ အိုင်ပက်တွေ
သုံးပြီး စာသင်နေကြရပါပြီ။ ကလေးနှစ်ယောက် ကို အိုင်ပက်တစ်လုံးနှုန်းနဲ့ သင်ကြားပေးနေ
တာဖြစ်ပြီး စာသင်ခန်းလေးကလည်း စီစီညံညံ နဲ့ ရင်းရင်းနှီးနှီးရှိလှတာကို တွေ့ရပါတယ်။

"ဒီအက်ပလီကေးရှင်းနဲ့ ကစားရတာကို သူတို့ တကယ်ကြိုက်ကြပါတယ်။ ဒါကတော့ အသံထွက်
အတွက် တကယ့်ကို ကောင်းပါ တယ်" လို့ မီယာလေးတို့ရဲ့ဆရာမ ဟယ်လင်န် ဘာ့ဂ်စရန်းက
ပြောပြပါတယ်။ အိုင်ပက်တွေနဲ့ တက်ဘလက်တွေဟာ ကလေးတွေ စာသင်ကြားရေးအတွက်
တွန်းအား တစ်ရပ်ဖြစ်စေတယ်လို့ မြို့တော်ကောင်စီက ပြုလုပ်တဲ့ စစ်တမ်းမှာ ၉၀ ရာခိုင်နှုန်းသော
ဆရာ၊ ဆရာမတွေနဲ့အတူ ဘာ့ဂ်စရန်းကလည်း ယုံကြည်ထားပါတယ်။

ပိုပြီးထိရောက်မှုရှိခြင်း
"အိုင်ပက်နဲ့ စာသင်ကြားတဲ့အတွက် ကလေး တွေအတွက် ဆွဲဆောင်မှုတစ်မျိုး ရှိပါတယ်။
ကလေးတွေက ဒီလိုသင်ကြားရတာကို ကြိုက်ကြ ပါတယ်" လို့ ကလေးတွေကို အကူအညီပေးဖို့
စားပွဲတွေကြား လျှောက်သွားနေတဲ့ ဘာ့ဂ်စရန်း က ကလေးတွေရဲ့ ညံစီနေတဲ့အသံတွေထက်
ပိုကျယ်အောင် အသံကို မြှင့်ပြီးပြောနေပါ တယ်။ "ဒါက စာရွက်နဲ့ခဲတံထက်ပိုပြီး အကျိုးရှိပါ တယ်"
လို့ သူက ပြောပါတယ်။

အပ်ပ်ဆာလာ တက္ကသိုလ်က ပက်ထရာပီတာဆန်က မူကြို ကျောင်းတွေမှာ တက်ဘလက်တွေ
ပိုပိုပြီး အသုံးပြုလာကြတာနဲ့ပတ်သက်ပြီး သုတေသန ပြုလုပ်ခဲ့ပြီး နည်းပညာကြောင့် ကလေး
အချင်းချင်းကြားမှာ အပြန်အလှန် တုံ့ပြန်မှုရှိတာကို မှတ်တမ်းတင်ထားပါတယ်။

"ကျွန်မသွားကြည့်ခဲ့တဲ့ ကျောင်းတွေမှာ အများအားဖြင့် ကလေးတွေဟာ အုပ်စုတစ်စုအတွင်းမှာ
အတူထိုင်နေကြပြီး ပူးပေါင်း ဆောင်ရွက်ကြတာကို တွေ့ရပါတယ်။ သူတို့ ကြားမှာ အချင်းချင်း
စကားပြောဖြစ်ကြသလို ကိုယ်လက်အမူအရာ၊ မျက်နှာရိပ်မျက်နှာကဲတွေနဲ့လည်း အချင်းချင်း
ဆက်သွယ်ပြောဆိုနေကြတာကို တွေ့ရပါတယ်" လို့ သူက ပြောပြပါတယ်။

"ဒီတက်ဘလက်တွေဟာ တော်တော်လေး အသုံးဝင်ပါတယ်။ အရောင်၊ အသံ၊ ပြောစကားတွေနဲ့
ကလေးတွေ စိတ်ဝင်စားတဲ့အရာတွေ တက်ဘလက်တွေမှာ ရှိပါတယ်။ "ဒါတွေက တက်ဘလက်
တွေ လူကြိုက်များ စေတဲ့ အချက်တချို့ပါ။ သင်ကြားရေးနဲ့ ပတ်သက်တဲ့ အဓိကအချက်ကတော့
ပျော်စရာ ကောင်းတာပါ။ တက်ဘလက်နဲ့ သင်ကြားပေး တဲ့အတွက် ကလေးတွေတော်တော်လေး
ပျော်ကြပါတယ်"လို့ သူက ပြောပါတယ်။

တခြားနိုင်ငံတော်တော်များများလိုပဲ ဆွီဒင် နိုင်ငံမှာလည်း ကလေးငယ်လေးတွေဟာ မူကြို
မတက်ခင်ကတည်းက အိမ်မှာ လက်တော့ပ် တွေ တက်ဘလက်တွေနဲ့ မကြာခဏဂိမ်းကစား
ဖြစ်ကြပါတယ်။ အမျိုးသားမီဒီယာကောင်စီရဲ့ အချက် အလက်တွေအရ ဆွီဒင်နိုင်ငံက နှစ်နှစ်
ကနေ လေးနှစ်အရွယ်ကလေးတွေရဲ့ ရ၀ ရာခိုင်နှုန်း ဟာ ဗီဒီယိုဂိမ်းကစားကြတယ်လို့ သိရ
ပါတယ်။ အသက်နှစ်နှစ်အရွယ်ကလေး ၄၅ ရာခိုင်နှုန်း ဟာ အင်တာနက် အသုံးပြုကြပါတယ်။
မိုဘိုင်း အင်တာနက် အမြင့်ဆုံးရှိတဲ့ နိုင်ငံအတွက် အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဒီလို
ပြောင်းလဲလာတဲ့အခြေအနေဟာ ဆရာ တွေကို အခြေအနေနဲ့အမှီလိုက်နိုင်အောင် အပူ တပြင်း
လုပ်နေရပါတယ်။ သူတို့တွေ အထူး သင်တန်းလိုအပ်နေပြီလို့ စစ်တမ်းဖြေကြားသူ ၅၀ ရာခိုင်နှုန်း
က ပြောကြပါတယ်။

ဆရာနေရာ အစားမထိုးနိုင်တဲ့ အိုင်ပက် ဂိုသန်ဘာ့ဂ်တက္ကသိုလ်ရဲ့ ပညာရေးဌာနက ဗီဒီယိုဂိမ်း
သုတေသီတစ်ဦးဖြစ်တဲ့ ဂျောနပ်စ် လင်န်ဒါရော့သ်က ကလေးငယ်တွေရဲ့လက်ထဲ တက်ဘလက်
အပ်တဲ့ လက်တလောကြိုးပမ်း မှုမှာ မထင်မှတ်ထားတဲ့ဘေးတွေ အများကြီး ရှိတယ်လို့ယူဆပြီး
ဗီဒီယိုဂိမ်းက သင်ကြားရေးအတွက် ကောင်းတယ်လို့ ပြောထားတဲ့ အချက် အလက်တွေဟာ
ချဲ့ကားပြောထားတာတွေလို့ သူက မြင်ပါတယ်။

"ဒီနည်းပညာကို လွန်ခဲ့တဲ့ သုံးနှစ်လောက် က မရနိုင်သေးပါဘူး။ အခုပြောတဲ့အချက် တွေကို
ကြည့်ရင် တက်ဘလက်ကွန်ပျူတာ မရှိဘဲ မူကြိုကျောင်း မရှိနိုင်သလိုပါပဲ။ သုံးနှစ်ဆိုတဲ့အရွယ်
ဟာ သင်ယူစရာတွေက များလွန်းလှပါတယ်။ ဒါကို အက်ပလီကေးရှင်း တွေနဲ့ ပိုပြီးရှုပ်ထွေးအောင်
လုပ်ဖို့ လိုရဲ့လား" လို့ သူက ပြောပါတယ်။

နည်းပညာအတွက် ကြောင့် တခြားကိစ္စတွေရဲ့အချိန်ကို ကုန်စေ တယ်လို့လည်း သူက ပြောပါ
တယ်။ "ဒီလိုနည်းပညာကို အိမ်မှာ ကလေးတော်တော်များများ အသုံးပြုနေကျပါ။ ကားနောက်
ခန်းမှာထိုင်ပြီး အက်ပလီကေးရှင်းတွေကို ဖွင့်ပြီး နှိပ်ကစားနေတတ်ကြပါ တယ်။ ဒါပေမဲ့ သူတို့ကို
ဖတ်ပြတဲ့ မိဘက နည်းနည်းလေးပဲရှိပါတယ်။ အဲဒါအတွက် မူကြိုကျောင်းတွေက ဖြည့်ဆည်း
ပေးသင့်ပါတယ်" လို့ သူက ပြောပါတယ်။

ဗီဒီယိုဂိမ်းကစားခြင်းအားဖြင့် ကျောင်းသား တွေ သက်သောင့်သက်သာ ပညာသင်ကြားနိုင်
စေတဲ့ အနာဂတ်ပညာရေးစိတ်ကူးအပေါ် သူက အထင်လည်း သေးနေပါတယ်။ စာလုံးတွေနဲ့
သင်ရတာ ပျင်းစရာကောင်းလာ ပြီဆိုရင် မီယာဟာ သူ့ကိုပေးထားတဲ့အိုင်ပက် မှာ Puppet
-makingအက်ပလီကေးရှင်းကို နှိပ်လိုက်ပါတယ်။ သူ့ရဲ့မျက်နှာလေး အိုင်ပက် စကရင်ပေါ်မှာ
ပေါ်လာပြီး သူပြံုးလိုက်တဲ့အခါ ဆရာမက သူ့ကို ဓာတ်ပုံကူရိုက်ပေးလိုက်ပြီး အဲဒီပုံကို ကာတွန်းပုံ
ပြောင်းပေးလိုက်ပါတယ်။

"အိုင်ပက်က ဆရာနေရာမှာ အစားထိုးလို့ မရပေမယ့်လည်း ကလေးတွေ ပျော်အောင်ကူညီ
ပေးနိုင်စွမ်းတော့ ရှိပါတယ်" လို့ သူက ပြောပါတယ်။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်