မကြာမီကာလတွင် ဆက်သွယ်ရေးလုပ်ငန်းအော်ပရေတာသစ်များ လုပ်ငန်းစတင်ချိန်၌
မိုဘိုင်းဖုန်းအင်တာနက်များ အရည်အသွေး ကောင်းမွန်လာပါက အင်တာနက်ဆိုင်ဖွင့်ကာ
စီးပွားရေးလုပ်ကိုင်နေကြသူများ၏ လုပ်ငန်း များ တစ်ဟုန်ထိုးကျဆင်းသွားနိုင်ကြောင်း
အင်တာနက်ဆိုင်ဖွင့်လှစ်ထားသူများက ပြော သည်။
"ဖုန်းအင်တာနက်တွေ ပေါ်လာတဲ့နောက်ပိုင်း မှာပဲ အင်တာနက်ဆိုင်တွေရဲ့ ဈေးကွက်က
ကျ သွားတယ်။ အခုအင်တာနက်လိုင်းတွေ လေး လည်း သုံးတဲ့သူတွေက လိုင်းကောင်းတဲ့
အချိန် တွေမှာ အိမ်မှာပဲ သုံးကြတယ်။ ဆိုင်ကိုမလာကြတော့ဘူး။ ကျွန်တော်တို့ ၂၀၁၃ တုန်း
က တစ်လ ကို ကျပ် ၁၁ သိန်းဝင်ငွေရှိတယ်ဆိုရင် ဒီနှစ်မှာ တော့ ၀င်ငွေလေးသိန်းလောက်ပဲ
ရှိတော့တယ်။ နောက်ပြီးအခုဆိုရင် ဂိမ်းကစားတဲ့သူတွေက လည်း အရမ်းကိုနည်းသွားပြီ။ ၂၀၁၃
ကဆိုရင် ဂိမ်းကစားတဲ့သူ တစ်ရက်ကို ၁၀ ယောက်လာ တယ်ဆိုရင် အခုဆိုရင် တစ်ရက်ကို
ငါးယောက် လောက်ပဲ လာကစားကြတော့တယ်" ဟု Cyber Shine အင်တာနက်ဆိုင်မှ
ဆိုင်ပိုင်ရှင် ဦးအောင်ဝင်းသူကပြောသည်။
၂၀၁၃ အောက်တိုဘာလအတွင်းကလည်း (SEA-Me-We 3) ရေအောက်ကေဘယ်လ် ကုန်းတွင်း
ပိုင်းဆက်ကြောင်း ချွတ်ယွင်းမှုဖြစ် ပေါ်ပြီး အင်တာနက် ကွန်နက်ရှင်များ နှေးကွေး ခဲ့ခြင်းကြောင့်
အင်တာနက်ဆိုင်များတွင် လုပ်ငန်း ထိခိုက်မှုများဖြစ်ပေါ်ခဲ့ရသေးသည်။
နောက်ပိုင်းတွင် အော်ပရေတာသစ်များ၏ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှု အခြေအနေကို ကြည့်ပြီး
စီးပွားရေးပြောင်းလဲသင့်လျှင် ပြောင်းလဲရမည်ဖြစ်ကြောင်း ဦးအောင်ဝင်းသူ က ပြောသည်။
"အင်တာနက်ဆိုင်တွေက နယ်တွေမှာတော့ ရှိနေနိုင်သေးတယ်။ ရန်ကုန်မှာတော့ အင်တာနက်
ဆိုင်အနည်းစုလောက်ပဲ ရှိတော့မယ်လို့ထင်ပါတယ်" ဟု ၎င်းက ပြောသည်။ လက်ရှိ၌ အင်တာ
နက်ဆိုင်များသည် ဂိမ်း ကစားသူများဖြင့်သာ စီးပွားရေးလည်ပတ်နေရ သည်ဟု မြောက်ဒဂုံမြို့
နယ်ရှိ နထခေအ အင်တာ နက်ဆိုင်မှ ဆိုင်ပိုင်ရှင်ဒေါ်သန်းအိက ပြော သည်။
"အင်တာနက်ဆိုင်ဖွင့်ဖို့ လစဉ်အခွန်ကြေးနဲ ့ တခြားကုန်ကျစရိတ်တွေနဲ့ဆိုရင် တစ်လကို ပျမ်းမျှ
ကျပ်သုံးသိန်းလောက်တော့ သုံးရတယ်။ တစ်ခါတလေဆိုရင် ကိုယ့်အိတ်ထဲက စိုက်ရ တာတွေ
တောင် ရှိသေးတယ်။ အခု နွေရာသီဆို တော့ မီးတွေကပျက်တယ်လေ။ အဲဒီတော့ မီးစက် တွေ
လည်း မောင်းရတယ်။ အခု အင်တာနက် ဆိုင်ကို မဖွင့်တော့ဘဲ ပြန်ရောင်းရင် ကိုယ်ရင်း ထား
သလောက် ပြန်ရမှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီအင်တာနက် လုပ်ငန်းလေးကိုတော့ မှေးပြီး
လုပ်သွားမှာပါ" ဟု ၎င်းကပြောသည်။ လက်ရှိ အင်တာနက်သုံးသူအများစုမှာ မိုဘိုင်း ဖုန်းများဖြင့်
သာ သုံးဆွဲနေကြခြင်း ဖြစ်သည်။
"ကျွန်တော်က အရင်တုန်းက သူငယ်ချင်း တွေနဲ့ အင်တာနက်သုံးရင်း ဂိမ်းကစား ဖြစ်တယ်။
အခု ဖုန်းထဲမှာအင်တာနက်ရှိနေတော့ ဆိုင်ကိုလည်း သွားသုံးစရာမလိုတော့ဘူး။ နောက်ပိုင်း
ဆိုရင် အင်တာနက်လိုင်းတွေက ဒီထက်တောင် ပိုကောင်းဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့
အော်ရီဒူး တို့၊ တယ်လီနောတို့ကရောင်းမယ့် ဆင်းကတ် တွေမှာက အင်တာနက်ပါ ပါမယ်
လို့ကြားတယ်။ အဲဒီအင်တာနက်ကလည်း လက်ရှိထက် ကောင်း မွန်တဲ့ အင်တာနက်ကွန်နက်ရှင်
တွေရလာမယ် ဆိုတော့ နောက်ပိုင်း ကျွန်တော်တို့ အင်တာနက် ဆိုင်တွေကို သိပ်မှီခိုရမယ်လို့
တော့ မထင်ပါ ဘူး" ဟု ကျောင်းသားတစ်ဦးဖြစ်သူ ကိုသိန်းထိုက်အောင်က ပြောသည်။
မိုဘိုင်းဖုန်း အင်တာနက်သုံးစွဲသူ မအေးမြတ် က "အခုတော့ လက်ရှိအင်တာနက်ကွန်နက်ရှင် ကိုပဲ
မှေးသုံးနေရတာပေါ့။ ကျွန်မကတော့ နောက်လာမယ့် ဆင်းကတ်ကို အင်တာနက်အသုံးပြုဖို့
အတွက် ၀ယ်ထားမယ်။ ဘာဖြစ်လို့ လဲဆိုတော့ အခုလာမယ့်ဆင်းကတ်တွေရဲ့ အင်တာနက်က
တော်တော်လေး ကောင်းမယ်လို့ သိထားတယ်" ဟု ပြောသည်။
















