ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် အော်ရီဒူးကုမ္ပဏီက ရောင်းချ
ပေးမည့် ဆင်းကတ်များကို မိုဘိုင်းဖုန်းဆိုင် များတွင် လာရောက် လျှောက်ထားသူများ ရှိနေသည်
ဟု သိရသည်။
"ကုမ္ပဏီက ဆင်းကတ်တွေကိုရောင်းချပေးဖို့လည်းဖြစ်နိုင်သလို သူတို့ဆင်းကတ်တွေကို စိတ်ဝင်
စားမှုဘယ်လောက်ရှိသလဲဆိုတာ စမ်းသပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ဆီမှာတော့
တစ်နေ့တစ်နေ့ကို အယောက် ၃၀ လောက် လာလာလျှောက်ကြ တယ်။ အခုဆိုရင် ၂၀၀
လောက်ရှိနေပြီ။ ကျွန်မ တို့ကို ဖောင်တွေ ကုမ္ပဏီက လာပေးထားတာ တစ်ပတ်လောက်တော့
ရှိပြီ။ လာလျှောက်ရင် မှတ်ပုံတင်နံပါတ်ပဲလိုတယ်" ဟု KKA Mobile အရောင်းဆိုင်မှတာဝန်ရှိသူ
မပပက ပြော သည်။
ဆင်းကတ်သွားရောက် လျှောက်ထားသူ ဦးကျော်ကျော်က "ကျွန်တော် အော်ရီဒူးက ရောင်းမယ့်
ဆင်းကတ် ၀ယ်ဖို့အတွက် မိုဘိုင်း ဆိုင်တွေမှာ လျှောက်ထားလို့ရတယ်လို့ ကြားတဲ့အချိန်ကစပြီး
လျှောက်ထားတာပါ။ အဲဒီဆင်းကတ်တွေက လိုင်းဆွဲအားတွေ ကောင်းတယ်ဆိုတော့ လိုချင်တာ
လည်း ပါပါ တယ်" ဟု ပြောသည်။
သို့သော် ဆင်းကတ်များ ရောင်းချမည့်အစီ အစဉ်ကို တရားဝင်သတင်းထုတ်ပြန်ထားခြင်း မရှိသေး
ဟု အော်ရီဒူးမြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ "ဒီဖောင်တွေ ဖြည့်တာနဲ့ ပတ်သက်ပြီး
တော့ တရားဝင် သတင်းထုတ်ပြန်ထားတာ တော့ မရှိသေးပါဘူး။ အဲဒီဆင်းကတ်တွေ ရောင်းချ
မယ့်ပုံစံကို အော်ရီဒူးမြန်မာက သတင်းတွေ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ" ဟု ၎င်းကပြောသည်။
ထိုသို့ လာရောက်လျှောက်ထားသူများကို အော်ရီဒူးကုမ္ပဏီက ွသိူ ကဒ်များပေးပြီး ပရိုမိုးရှင်း
ခံစားခွင့်များ ပေးသွားနိုင်မည်ဖြစ် ကြောင်း Mr. Fone Telecom Center (လှည်းတန်း)မှ
ကြီးကြပ်ရေးမှူးဖြစ်သူ ဦးဇင်မင်းဖြိုးက ပြောသည်။ "အခုလျှောက်ထားတဲ့သူတွေကို သင်္ကြန်
ပြီးရင် ွသိူ ကတ်တွေ ပေးလိမ့်မယ်။ အဲဒီကတ် ရထားတဲ့သူတွေက ဆင်းကတ်တွေရောင်းချတဲ့
အချိန်ကျရင် ဆင်းကတ်နဲ့အတူ အော်ရီဒူးက ပေးတဲ့ ပရိုးမိုးရှင်းကို ခံစားခွင့်ရမှာပါ။ ကျွန်တော်
တို့ဆိုင်ကိုတော့ ကုမ္ပဏီက ဖောင်တွေလာချ ထားပေးတာ မတ်လ ၁ ရက်နေ့လောက်ကပါ"
ဟု ၎င်းက ပြောသည်။
















