ပြည်ပဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူးသည် မိုးဘိုင်းဖုန်း အသုံးပြု ဆက်သွယ်ရေး
နည်းပညာ များကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း အော်ရီဒူးမှ စီအီးအို ရော့စ်ကောမက်၏
ပြောကြားချက်အရ သိရသည်။
ကွန်ချိတ်ဆက်အသုံးပြုရာတွင် အသုံးပိုင်းဆိုင်ရာ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပို့ခြင်းနှင့် လက်ခံခြင်း
များအပြင် အင်တာနက် စာမျက်နှာများကို အလွယ်တကူ ကြည့်ရှုနိုင်ခြင်း ဖုန်းကဒ်ငွေများကို
စာတိုပေးပို့ခြင်းဖြင့် ငွေဖြည့်နိုင်ခြင်း စသည့် နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်ချက်များကို
အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည် ကြောင်းမတ်လ ၁၅ ရက်နေ့ထုတ် Net Guide ဂျာနယ်က
ရေးသားခဲ့သည်။
ထို့ပြင် လက်တလောတွင် ပြည်ပဆက်သွယ်ရေးကုမ္ပဏီများသည် ၎င်းတို့ဘက်မှ တာဝါတိုင်
တည်ဆောက်ရန် စီမံကိန်းများအတွက် အသင့်အခြေအနေတွင် ရှိနေပြီဖြစ်သော်လည်း ဆက်
သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေခြင်း
ဖြစ်သည်ဟု ကုမ္ပဏီများထံမှ သိရ သည်။
အဆိုပါ ပြည်ပဆက်သွယ်ရေးကုမ္ပဏီများသည် တာဝါတိုင်များတည်ဆောက်ခွင့်သည် ယခုကဲ့သို့
ဆက်လက် ကြန့်ကြာနေပါက ကုမ္ပဏီအသီးသီး၏ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း၌
မိုဘိုင်းဖုန်း ၀န်ဆောင်မှု အသစ်များကို ပြည်သူများထံသို့ ရောင်းချနိုင်မည် မဟုတ်ကြောင်းနှင့်
နောက်ဆက်တွဲအနေဖြင့် ဆက်စပ် လုပ်ငန်းများတွင် နှောင့်နှေးမှုများ ဖြစ်လာနိုင်ကြောင်း
ကွန်ပျူတာပညာရှင်တချို့က သုံးသပ်ကြသည်။
















