ဂျပန် - ကေဒီဒီအိုင် အင်ဂျင်နီယာရင်း ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး
ကဏ္ဍသို့ ၀င်ရောက်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း
ရှင်များ အသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) ဥက္ကဌ ဦးဝင်းအောင်က မတ်လ ၁၃ ရက်နေ့၌ ကျင်းပ
ခဲ့သော မြန်မာနိုင်ငံလျှပ်စစ်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အဦးဆိုင်ရာ ဟောပြောပွဲတွင်
ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်သွယ်ရေးတာဝါတိုင်များ၊ ဖုန်းအမျိုးအစားသုံးမျိုးနှင့် ချိတ်ဆက်အသုံးပြုနိုင်မည့် အင်တာနာ
များ၊ ရွှေလျားတာဝါတိုင်များ၊ ကြိုးမဲ့စနစ်သုံး စောင့်ကြည့်ရေးကင်မရာများနှင့် လမ်းမီးတိုင်များ
အစရှိသည်တို့ကို ရောင်းချ၍ မြန်မာ့ဈေးကွက်သို့ ၀င်ရောက်ရန် ပြင်ဆင်နေကြောင်း ရှင်းလင်း
သည့် ဟောပြောပွဲကို ကိုးကား၍ The Voice Daily က ရေးသားထားသည်။
အဆိုပါ ကော်ပိုရေးရေးရှင်းသည် ဂျပန်နိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက် ၉၉ ရာခိုင်နှုန်းခန့်ကို
လွှမ်းခြံုထားပြီး ဂျပန်လူဦးရေ သန်း ၃၀ သည် အဆိုပါကွက်ရက်ကို အသုံးပြလျက်ရှိကြောင်း
သိရသည်။
















