နှစ်စဉ် လေးကြိမ်တိုင်တိုင်ကျင်းပလျက်ရှိသော Yangon ICT Fair အား ယခု ၂၀၁၄ခုနှစ်အတွက်
ပထမ အကြိမ် Yangon ICT Fair (March 2014) ကို ရန်ကုန်မြို ့ဦးဝိဇာရ လမ်းရှိ ၊ တပ်မတော်
ခန်းမ တွင် မတ်လ ၂၁ ရက်နေ ့မှ ၂၃ ရက်နေ ့အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြပွဲကို
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်း
ရှင် အသင်းမှ ပူးပေါင်းကာ မြန်မာနိုင်ငံ၏ မိုဘိုင်းနှင့်အိုင်တီ ကဏ္ဍဖွံ ့ဖြိုး တိုးတတ်ရေးအတွက်
ရည်ရွယ်ကာ စီစဉ်ပေး ခြင်းဖြစ်သည်။
ယင်းပြပွဲတွင် မိုဘိုင်းနှင့်အိုင်တီကဏ္ဍများကို အထူးစိတ်ဝင်စားသော နိုင်ငံဝန်ထမ်းများ၊ စီးပွားရေး
လုပ်ငန်းများ၊ မန်နေဂျာများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူလူထုတို့အား
ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာဆက်စပ် အပိုပစ္စည်းများ၊နောက်ဆုံးပေါ် အီလက်ထရောနစ်
ပစ္စည်းများ၊ဆက်သွယ်ရေးကိရိယာများ၊ မိုဘိုင်းနည်းပညာနှင့် ပစ္စည်းများ၊ ကွန်ပျူတာ အသုံးချ
ဆော့ဖ်ဝဲနည်းပညာများကို တစ်နေရာတည်းတွင် ကြည့်ရှု လေ့လာရန်ရည်ရွယ်လျက်လည်းကောင်း၊
နိုင်ငံတော်မှချမှတ်ထားသော ဈေးကွက်စီးပွားရေးစနစ်အား တစ်စိတ် တစ်ဒေသ အထောက်အကူ
ဖြစ်စေရန်ရည်ရွယ်၍လည်းကောင်း စီစဉ်ပေးခြင်းဖြစ်သည်။
၎င်းပြပွဲတွင် ကုမ္မဏီပေါင်း ၅၉ခုမှ ပြခန်းပေါင်း (၁၆၀) ခန်းအားခင်းကျင်းပြသမည်ဖြစ်ပြီး ပြခန်း
အားနံနက် ၉ နာရီမှ ညနေ ၆နာရီအထိဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး နောက်ဆုံးပေါ် ICT
Technology များကို လေ့လာနိုင်မည်ဖြစ်သည်။
အဆိုပါ ပွဲတွင် ကွန်ပျူတာ၊ မိုဘိုင်း နှင့် ဆက်စပ်ပစ္စည်းများကို အထူးအစီအစဉ် ပိုရိုမိုးရှင်းများ၊
New Year Discount များဖြင့်သက်သာစွာ ၀ယ်ယူနိုင်မည်ဖြစ်ပြီးထိုပွဲသို့ လာရောက် ကြည့်
ရှုရုံဖြင့် ကျပ် သိန်း (၃၀) တန်ဖိုးရှိပစ္စည်းများ နေ ့စဉ်ကံစမ်းနိုင်မည့် အခွင့်အရေးနှင့်ပြပွဲကာလ
အတွင်း ကျပ်တစ်သောင်းနှင့် အထက် ၀ယ်ယူရုံဖြင့် မော်တော်ကား တစ်စီး ကံစမ်းနိုင် မည့်
အခွင့်အရေးများအားပြပွဲလာဧည့်ပရိသတ်များ ပိုမိုစည်ကားများပြားရေးအတွက်ရည်ရွယ်၍
ထည့်သွင်းစီစဉ်ထားသည်။
















