ဂိမ်းချစ်သူတွေကိုဆွဲဆောင်မှုရှိစေမယ့် "ဆိုက်ကားဆရာ ငပိန်ရဲ ့သင်္ကြန်" မိုဘိုင်းဂိမ်းလေးတစ်ခု

ဂိမ်းချစ်သူတွေကိုဆွဲဆောင်မှုရှိစေမယ့် "ဆိုက်ကားဆရာ ငပိန်ရဲ ့သင်္ကြန်" မိုဘိုင်းဂိမ်းလေးတစ်ခု

ယခု ၂၀၁၄ ခုနှစ်မဟာသင်္ကြန်ကတော့ တော်တော်လေးထူးခြားတဲ့နှစ်လို ့တော့ဆိုရမှာပါဘဲ။
ယခုခေတ်အခြေအနေကလည်းမိုဘိုင်းခေတ် အဖြစ်ရေပန်းစားနေပြီ ဖြစ်တာကြောင့် ခေတ်ရေစီး
ကြောင်းပေါ်လိုက်ပြီးတော့ ဒီနှစ်သင်္ကြန်မှာ မိုဘိုင်းဖုန်းတွေနဲ ့ဂိမ်းကစားတတ်တဲ့ လူငယ်၊လူရွယ်
တွေအတွက် စိတ်ဝင်စားစရာကောင်းလှတဲ့ ဆိုက်ကားဆရာ ငပိန်ရဲ ့ သင်္ကြန်ခေါင်းစဉ်နဲ ့မို ဘိုင်း
ဂိမ်းလေးတစ်ခုုကို Total Game Play Studio က ဖန်းတီးကာ မတ်လ ၂၁ ရက်နေ ့မှာတော့
ဂိမ်းချစ်သူတွေဆိုအတွက် ဖြန် ့ချိပေးမှာဖြစ်ပါတယ်။

ဂိမ်းတော်တော်များများမှာ တွေ ့ရတာက ကားပြိုင်တာတို ့၊ပြေးတဲ့ဂိမ်းတို ့၊ တိုက်ခိုက်ရတဲ့ဂိမ်းတွေ
တော်တော်လေးတွေ ့ရပါတယ်။အခု Total Game Play Studio ကတော့ ဂိမ်းချစ်သူတွေ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာတို ့ရဲ ့တစ်နှစ်မှတစ်ခါကျင်းပတဲ့ မဟာသင်္ကြန်ပွဲကို အခြေ
ခံကာ လူတွေစိတ်ဝင်စားလောက်စေတဲ့ ဆိုက်ကားသမားရဲ ့ကာရိုက်တာ ကိုသုံးပြီး ဒီဂိမ်းလေးကို
ဖန်တီးထားခြင်းဟာအလွန်တရား စိတ်ဝင်စားဖို ့ကောင်းမယ်လို ့ထင်ရပါတယ်။

ဒီဂိမ်းကို ထုတ်လုပ်ရာမှာလည်းအခက်အခဲတွေရှိပါတယ်။ အဲ့ဒီအခက်အခဲတွေကိုလည်း Total
Game Play Studio က ရင်ဆိုင်ခဲ့ရပါသေးတယ်လို ့Total Game Play Studio မှ Chief
Technology Officer ဖြစ်သူ ဦးမြင့်ကျော်သူ ကမြန်မာတိုင်း(မ်) ကိုပြောပါတယ်။

"ရေတွေရွဲနေတဲ့ လမ်းမပေါ်မှာပိတောက်ပန်းတွေနဲ ့၊ သင်္ကြန်သီချင်းတွေနဲ ့မြူးနေတဲ့သူတွေကိုရော၊
မူးနေတဲ့သူတွေရော၊ ကားတွေ၊မဏ္ဍပ်တွေ ကြားမှာပါဆိုက်ကားနင်းရမှာဆိုတော့ သင်္ကြန် အနှစ်
သာရအပေါ်လွင်ဆုံးဖြစ်မယ်လို ့ယူဆပါတယ်" လို ့ ဦးမြင့်ကျော်သူကပြောပါတယ်။

လက်တလောမှာလဲ Total Game Play Studio ရဲ ့ဖေ့ဘုတ်စာမျက်နှာမှာလဲ ဒီဂိမ်းကိုဆော့ချင်လွန်းလို ့ တောင်းတနေတဲ့သူတွေကိုလည်းတွေ ့မြင်နေရပါတယ်။ ဒီတောင်းတ
တဲ့ ဂိမ်းချစ်သူတွေတဲမှာ အန်းဒရိုက်စနစ်သုံးဟန်ဆက်တွေအသုံးပြုတဲ့သူတွေရှိသလို အိုင်အို
အက်စနစ်သုံး ဟန်ဆက်တွေအသုံးပြုတဲ့သူတွေရှိပါတယ်။အဲ့ဒါကြောင့်ဒီသင်္ကြန် ဂိမ်းလေးကို
ကစားချင်တဲ့သူတွေက အန်းဒရိုက်ဟန်ဆက်အသုံးပြုသူတွေရှိသလို အိုင်အိုအက်ဟန်းဆက်
အသုံးပြုတဲ့သူတွေရှိမှာပါ အဲ့ဒါကြောင့် Total Game Play Studio က ဆိုက်ကား ဆရာ ငပိန်ရဲ ့
သင်္ကြန်ဂိမ်းကို အိုင်အိုအက်နဲ ့အန်ဒရိုက်အတွက်ပါ တစ်ပြိုင်တဲဖြန် ့ချိပေးသွားမှာပါ။

Total Game Play Studio က မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက်အရှေ ့တောင်အာရှအားကစားပြိုင်ပွဲကိုဂုဏ်ပြုသောအားဖြင့်လည်း ခြင်းလုံးမိုဘိုင်း
ဂိမ်းကို Zwenexsys Int'l Ltd ကုမ္မဏီတို ့ပူးပေါင်းကာ ၂၀၁၃ခုနှစ်အောက်တိုဘာလ ၂၅ ရက်နေ ့
ကဖြန် ့ချိခဲ့ပြီး ၂၀၁၄ ဇန်နဝါရီ ၂၀ ရက်နေ ့ကလည်း မြန်မာ စစ်တုရင်ဂိမ်းကို လည်း ထုတ်လုပ်ဖြန့်
ချိခဲ့သေးသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်