ရန်ကုန်တိုင်းဒေသကြီးအစိုးရက လွှင့်တင်ထားသည့် e Yangon ၀က်ဘ်ပေါ်တယ်ကို ပြည်သူ
များနှင့်၊ စီးပွားရေးပညာရှင်များ ပိုမိုသုံးစွဲချင်လာစေရန်နှင့် စိတ်ဝင်စားမှုရှိလာရန် ၀က်ဘ်ဆိုက်၏
ပုံစံများကို ပြင်ဆင်ရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ
ဦးမင်းဦးက ပြောသည်။
"လက်ရှိ e Yangon ၀က်ဘ်ပေါ်တယ်မှာ တင်ထားတဲ့ သတင်းအချက်အလက်က အစိုးရရဲ ့
Agency ရဲ ့ Focus ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း စတင်ကြော်ငြာထားတည်းကိုက
ဒီ န ့ညေါသည ၀က်ဘ်ပေါ်တယ် က အစိုးရရဲ ့Procedure သတင်းတွေကို တင်မယ်လို ့
ပြောထားတာဘဲ။ အဲဒီတော့ ဒီ e Yangon ၀က်ဘ်ဆိုက်သည် နေ့စဉ်သတင်းတွေ ဖြစ်မယ့်
၀က်ဘ်ဆိုက်တော့ မဟုတ်ဘူး။ ဘယ်အချိန်ကြမှ ကစိအေန ဖြစ်မလဲဆိုရင် သက်ဆိုင်ရာ ဌာန
ဗါနညခပ တစ်ခုက သူတို့ဌာနက ညွှန်ကြားချက် တစ်ခု ထုတ်ပြန်လိုက်တယ်၊ ဒါမှမဟုတ် ဌာန
မှာလုပ်နေတဲ့လုပ်ငန်းစဉ်တွေကို ပြင်လိုက် တယ်၊ လူတွေအတွက် ပိုကောင်းအောင် ဥပမာအားဖြင့်
အဆင့်တွေလျှော့ချလိုက် တွေတို့ကို ဌာနကနေမှထုတ်ပြန်ရင် ၀က်ဘ်ပေါ်တယ်မှာ တင်ပေးပါမယ်"
ဟု ဦးမင်းဦးက ပြောသည်။
ထို့ပြင် ၀က်ဘ်ပေါ်တယ်တွင် နိုင်ငံသားများသာမက နိုင်ငံခြားသားများပါ စိတ်ဝင်စားနိုင်မည့်
ကဏ္ဍများ ထည့်သွင်းရန် စီစဉ်နေကြောင်း ဦးမင်းဦးက ပြောသည်။ "နိုင်ငံသား တစ်ယောက်အနေ
နဲ့ e Yangon ၀က်ဘ်ပေါ်တယ်ကိုဝင်ရင် ငါ ဘာတွေသိချင်သလဲ၊ ဘာတွေမြင်ချင် သလဲ၊
ဘာတွေရချင်သလဲဆိုတဲ့ အချက်အလက်ပေါ်မှာ အခြေခံပြီးတော့ သွားကြည့်လို့ ရအောင်
တင်ပေးမယ်" ဟု ၎င်းက ပြောသည်။
ကုမ္ပဏီများအနေဖြင့် သိချင်သည့် သတင်းအချက်အလက်များကိုလည်း အလွယ်တကူဖတ်ရှုလေ့
လာနိုင်ရန် ၀က်ဘ်ဆိုက်တွင် ပြင်ဆင်ပေးသွား မည် ဖြစ်သည်။ အဆိုပါ ပြင်ဆင်မှုများပြီးစီးပါက
၎င်းဝက်ဘ်ပေါ်တယ်သို့ ပိုမိုဝင်ရောက် ကြည့်ရှုသူ များပြားလာနိုင်မည်ဖြစ်ကြောင်း ဦးမင်းဦး
ကပြောသည်။ "လက်ရှိ ၀င်ရောက်ကြည်ရှုတဲ့ အရေအတွက်က အရမ်းကိုနည်းပါတယ်" ဟု
ဦးမင်းဦးက ပြောသည်။
















