မိုဘိုင်းဂိမ်းပရိသတ်များကို စွဲလမ်းစေသည့် Candy Crush ဂိမ်းထုတ်လုပ်သော ကုမ္ပဏီ သည်
ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးကို ဒေါ်လာ ရ ဒသမ ၆ ဘီလျံအထိ သတ်မှတ်ပေးခဲ့သည့် နယူးယော့ခ်
ရှိ စတော့ဈေးကွက်တစ်ခုမှ ဒေါ်လာ ၅၃၂ ဒသမ ၈မီလျံခန့် ဘဏ္ဍာငွေမြှင့် တင်ရန် မျှော်လင့်လျက်
ရှိသည်။ ဗြိတိန်ကုမ္ပဏီ King Digital Entertainment သည် ရှယ်ယာတစ်ခုလျှင် ၂၁ ဒေါ်လာနှင့်
၂၄ ဒေါ်လာကြားရှိမည့် ရှယ်ယာ ၂၂ ဒသမ ၂ သန်း ရောင်းချမည့် အစီအစဉ်ကို အသိပေးခဲ့သော
ကုမ္ပဏီ၏ပထမအကြိမ် ရှယ်ယာထုတ်ရောင်း ခြင်း (အိုင်ပီအို)အတွက် မှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီ ၏
ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၆ ဒသမ ၆ ဘီလျံ မှ ရ ဒသမ ၆ ဘီလျံအတွင်း ဖြစ်လာနိုင်သည်ဟု
အိုင်ပီအိုက တန်ဖိုးဖြတ်ပေးထားသည်။
အဆိုပါပမာဏသည် ဂိမ်းရှေ့ဆက်ကစားရန်အတွက် ဂိမ်းကစားသူက ချိုချဉ်နှင့်သကြား လုံးလေး
များကို ထိပ်ဆုံးတန်းမှ ကျဆင်းသွား အောင် ကစားရသည့် Tetris ဂိမ်းကို အခြေခံ သည့် သာမန်
ဂိမ်းတစ်မျိုးအတွက် ရရှိသည့် ငွေရင်းကြီးများပင် ဖြစ်သည်။
သို့သော် Candy Crush ှေါေ ၏ စွဲလမ်းစေတတ်သော အရည်အချင်းနှင့် ကွန်ပျူတာ၊
တက်ဘလက်နှင့် ဆဲလ်ဖုန်းဖြင့် ဂိမ်းကစားကြ သည့် သုံးစွဲသူများကို အဆင့် ၅၀၀ အထိ အဆင့်
တက်ကစားနိုင်အောင် အပိုပေးထားခြင်းအားဖြင့် ဂိမ်းကို ဆက်လက်ကစားဖြစ်အောင် စွမ်းဆောင်
နိုင်သည့် ကုမ္ပဏီ၏ အစွမ်းထက်မှုကြောင့် ကုမ္ပဏီ ၏ ဈေးကွက်အတွင်း ယခုကဲ့သို့ ခေါင်ခိုက်
အောင် တန်ဖိုးမြင့်မားနေခြင်း ဖြစ်သည်။
Farm Heroes နှင့် Pet Rescue လည်း ပါ၀င်သည့် ၎င်းဂိမ်းများကို မိုဘိုင်းပစ္စည်းပေါင်း သန်း
၆၀၀တွင် တပ်ဆင်ထားပြီး တစ်ရက်လျှင် အကြိမ်ရေ ၁ ဒသမ ၄ ဘီလျံကစားကြကြောင်း နှင့်
Candy Crush ဂိမ်းတစ်ခုတည်းကို အကြိမ် ရေ တစ်ဘီလျံကျော် ကစားကြသည်ဟု ကုမ္ပဏီ
က ပြောသည်။
အဆိုပါအခြေအနေများကြောင့် ကုမ္ပဏီ၏ ၀င်ငွေ တစ်ဟုန်ထိုးမြင့်တက်ခဲ့ရာ ၂၀၁၂ ခုနှစ်
ပထမသုံးလပတ်တွင်ဝင်ငွေဒေါ်လာ ၂၂ သန်း ရှိရာမှ ပြီးခဲ့သည့်နှစ် နောက်ဆုံးသုံးလပတ်တွင်
ဒေါ်လာ ၆၀၂ သန်း ဖြစ်လာခဲ့သည်ဟု အမေ ရိကန် ငွေချေးသက်သေခံလက်မှတ်နှင့် စတော့
အိတ်ချိန်း ကော်မရှင် (US Securities and Exchange Commission) သို့ တင်ပြရာတွင်
ကုမ္ပဏီက ဖော်ပြထားသည်။ ကုမ္ပဏီ၏ စတုတ္ထသုံးလပတ်အမြတ်ငွေမှာ ၁၅၉ သန်းရှိသည်။
"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ အောင်မြင်မှုဆိုတဲ့အရာကို ခံစားရရှိစေတဲ့၊ စိန်ခေါ်မှုနဲ့
တိုးတက်မှုကို ပေါင်းစပ်ထားတဲ့၊ စိတ်ဝင်စားဖို့ အရမ်းကောင်းပြီး ထူးခြားတဲ့ စိတ်အပန်းပြေစရာ
အတွေ့အကြံုတွေ ပေးဖို့ပါပဲ" ဟု King Digital က ရှယ်ယာများ အများပြည်သူ သို့ စတင်ထုတ်
ရောင်းရန်အတွက် သတင်း အချက်အလက်များ ထုတ်ဖော်ပြောကြားရာ တွင် ဖော်ပြထားသည်။
" ဂိမ်းလောကမှာ ပြိုင်ဘက်ကင်းတဲ့၊ ဆက်တိုက် တိုးတက်နေပြီး စံချိန်လည်းမီတဲ့ ဂိမ်းဆိုင်ရာ
တိုးတက်မှုဖြစ်စဉ်တစ်ရပ် ကျွန်တော်တို့မှာရှိ တယ်လို့ ယုံကြည်ထားပါတယ်" ဟုလည်း ဖော်ပြ
ထားသည်။
"King & JU အဓိက စည်းမျဉ်းကတော့ ဘယ်ဂိမ်းတစ်ခုကမှ သုံးလေးမိနစ်ထက် ပိုမကြာ ပါဘူး"
ဟု အမှုဆောင်အရာရှိချုပ် ရီကာဒို ဇက်ကိုနီက အိုင်ပီအို ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
"အဲဒါကို ကျွန်တော်တို့က အချိန်တိုအတွင်း က ကျွမ်းကျင်မှုလို့ အမည်ပေးထားပါတယ်။ အားလပ်
ချိန်သုံးမိနစ်လောက်ကို အကောင်းဆုံး အသုံးချတဲ့ နည်းလေးပါ" ဟု ၎င်းက ပြောသည်။ စတော့
ရှယ်ယာရောင်းဝယ်ရေး၌ ငါးနှစ်ကြာ အခိုင်အမာရပ်တည်ခဲ့သော ဈေးကွက်တန်ဖိုး မြင့်မားသည့်
နည်းပညာကုမ္ပဏီရှယ်ယာများ အား ပြီးခဲ့သည့်လတွင် ကြေငြာခဲ့သည့် အိုင်ပီအို သည် ယူအက်စ်
ဈေးကွက်၏ လက်သင့်ခံနိုင်မှု ကို ပြသနိုင်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများက အကျိုးအမြတ်ပိုရှိလာ
စေရန်နှင့် ရှယ်ယာဈေး ပိုုမြင့်လာစေရန် ကြိုးပမ်းသည့်အနေဖြင့် မကြာသေးခင်က ရက်သတ္တပတ်
များတွင် စတော့ရှယ်ယာများ ရပ်နားထားခဲ့ပြီး ယခုနှစ်တွင် ကုမ္ပဏီကြီး ၅၀၀ ၏ စတော့ဈေးကွက်
ညွှန်းကိန်းသည် ယခုအချိန် အထိ တစ်ရာခိုင်နှုန်းအောက်သာ မြင့်တက်ခဲ့ သည်။
အစပိုင်းတွင် ရှယ််ယာတန်ဖိုး မြင့်လွန်းနေ သည့်အတွက် စိုးရိမ်မှုများ ရှိခဲ့သော်လည်း ပြီးခဲ့
သည့်နှစ်နှစ်အတွင်း ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာတို့၏ စတော့ရှယ်ယာများ အောင်မြင်မှုခဲ့သည်။
သို့သော် လူကြိုက်များ အွန်လိုင်းဂိမ်း Farm-Ville ကို ထုတ်လုပ်ခဲ့သည့် Zynga ကုမ္ပဏီသည်
၂၀၁၁ ဒီဇင်ဘာ ဈေးကွက်တွင်း ၀င်ရောက် လာချိန်တွင် ဈေးကွက်တန်ဖိုး ဒေါ်လာ ခုနစ် ဘီလျံ
ပေါက်သော်လည်း ထိုအချိန်ကတည်းက အဆိုပါ တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကျဆင်း လျက်ရှိနေ
သည်။
ဆီလီကွန်ဗယ်လီမှ ဈေးကွက်ကျွမ်းကျင်သူ ရော့ဘ်အန်ဒါလီက King အိုင်ပီအိုတန်ဖိုး သည်
'မြင့်လွန်းပြီး အန္တရာယ်များ' သည်ဟုထင်ကြောင်းနှင့် ရှယ်ယာများစတင်ရောင်းချပြီးသည့်နောက်
တွင် အဆိုပါတန်ဖိုးကို ထိန်းထား နိုင်ချင်မှ ထိန်းထားနိုင်မည်ဟု အေအက်ဖ်ပီကို ပြောသည်။
(အေအက်ဖ်ပီ)

















