အင်တာနက်ဂျာနယ်နှင့် Outlab Biz Group တို့က ပူးပေါင်း ကောက်ခံခဲ့သည့် ၂၀၁၃ မိုဘိုင်း
စစ်တမ်းများအရ ဟွာဝေးဖုန်းအမျိုးအစားမှာ ရောင်းအားအကောင်းဆုံးဆု ရရှိခဲ့သည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့၌ ရန်ကုန်မြို့ရှိ My Garden စားသောက်ဆိုင်
တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆုပေးပွဲတွင် ဆုနှစ်ခုကို ချီးမြှင့်ပေးခဲ့ပြီး၊ ရောင်းအားအကောင်း
ဆုံး ဖုန်းအမျိုးအစားဆုကို တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ဟွာဝေးဖုန်းအမျိုးအစား ရရှိသွားပြီး
အကောင်းဆုံး ဖုန်းအမျိုးအစားဆုကို အိပ်ချ်တီစီဖုန်း အမျိုးအစားက ရရှိခဲ့သည်။
"၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ရ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း ကျင်းပခဲ့တဲ့ Mobile & Tablet Fair
2013 ကို လာရောက်ခဲ့ကြတဲ့ ဧည့်သည်တွေရဲ့ မှတ်ချက်တွေကို ကျွန်တော်တို့ အင်တာနက်
ဂျာနယ်နဲ့ Outlab Biz Group တို့က ပူးပေါင်းပြီး ဆာဗေးကောက်ခဲ့တယ်။ အဲ့ဒီလိုကောက်ရာမှာ
လည်း ကျွန်တော်တို့ကနေပြီး ီငမနခအ Direct Interview Subject ပုံစံမျိုးနဲ့ ကောက်ခံခဲ့ပြီး
ရရှိတဲ့ရလဒ်အပေါ် ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်"ဟု အင်တာနက်ဂျာနယ်မှ အမှုဆောင် အယ်ဒီတာ
စည်သူဟိန်းမြတ်က ပြောကြားခဲ့သည်။
ဆာဗေးကောက်ခံခြင်းများကို နောင်လာမည့် မိုဘိုင်းပြပွဲများတွင်လည်း လုပ်ဆောင်သွားရန်
ကြိုးစားသွားမည်ဟု ၎င်းကပင် ပြောကြားခဲ့သည်။
















