တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် အမှန်တကယ် လိုအပ်သည့် အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေး၊
အစိုးရယန္တရားတစ်ခုလုံးတွင် အိုင်စီတီအသုံးပြုစေရေး၊ အိုင်စီတီကို တိုင်းပြည်၏ စီးပွားရေး၊
ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတို့တွင် အသုံးပြု စေရန် အစိုးရကဦးဆောင်ပြီး စနစ်တကျ
လေ့လာကာ မဟာဗျူဟာမြောက်အစီအစဉ် (Strategic Plan) တစ်ခု ရေးဆွဲရန်လိုအပ်
ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက မတ်လ ၁၈ ရက်နေ့၌
ရန်ကုန်မြို့ MICT Park တွင်ကျင်းပခဲ့သည် ICT4M Forum တွင်ပြောသည်။
"ကျွန်တော်တို့ ကွန်ပျုတာအသင်းအနေနဲ့ လည်း အစိုးရကလက်ခံအောင် ပြည်သူတွေ အားလုံး
သိရှိလက်ခံနိုင်ဖို့ တိုင်းပြည်နဲ့အစိုးရ ကို သတင်းစကားပေးချင်လို့ ဒီအိုင်စီတီဖိုရမ်ကြီး ကို ကျင်းပ
ရခြင်းပဲ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ခု ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အိုင်စီတီအသုံးပြုမှုဟာ ဆက်စပ်
လျက်ရှိပါတယ်" ဟု ၎င်းက ပြောသည်။
အစိုးရက အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက် စေရန် အိုင်စီတီကိုအသုံးပြုပြီး လုပ်ငန်းများ အောင်မြင်စွာ
လုပ်ဆောင်နိုင်ရေးအတွက် လူအင်အား၊ ငွေကြေးအင်အား စိုက်ထုတ်မှုများ စွာဖြင့် ကာလရှည်ကြာ
ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးခွန်ဦးကပြောသည်။
"ဥပမာတစ်ခုအနေနဲ့ မကြာခင်မှာ အလယ် တန်းပညာအဆင့်ကနေစပြီး ကွန်ပျူတာကို ဘာသာ
ရပ်တစ်ခုအနေနဲ့ ထည့်သွင်းပြီး သင်ကြားတော့မယ်လို့ သိရပါတယ်။ ဒါကိုလည်း ကျွန်တော်တို့
အနေနဲ့ ထောက်ခံပါတယ်။ ဒီလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ချပြီးလုပ်ခဲ့တဲ့ အတွက်လည်း
ကျွန်တော်တို့အနေနဲ့ အင်မတန် မှ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်မယ်ဆို ရင်တော့
ငွေကြေးကုန်ကျမှုတွေ အထိုက် အလျောက် ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီငွေကြေး ကုန်ကျမှုအပေါ်
ကုန်မှာစိုးလို့ မလုပ်ရင်တော့ ကျွန်တော်တို့ ပြည်သူပြည်သားတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုကို
ရရှိမှာမဟုတ်ပါဘူး။ ဒီလိုငွေကြေးသုံးစွဲတယ်ဆိုတာလည်း အလဟဿ မဟုတ်ဘဲ တိုင်းပြည်ဖွံ့
ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်"
ဟု ၎င်းက ပြောသည်။
"နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ အိုင်စီတီကဘယ်လောက်အရေးကြီးတယ်ဆိုတာကို အစိုးရ က သိရှိ
နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို သဘောပေါက်နေပေမယ့် လက်တွေ့ မှာ အစိုး
ရအနေနဲ့ အိုင်စီတီနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်တွေ သိသိသာသာထင်ထင် ရှားရှား လုပ်ဆောင်
တာကို မတွေ့ရသေးပါ ဘူး။ အဲဒါကြောင့် အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေး၊ အိုင်စီတီအသုံးချမှုတိုးတက်
ရေးကို အကောင် အထည်ဖော်ဆောင်ရွက်ဖို့အတွက် နိုင်ငံအကြီး အကဲများကိုယ်တိုင် ဖြစ်နိုင်ရင်
ကျွန်တော်တို့ သမ္မတကြီးကိုယ်တိုင်ဦးဆောင်ပြီး (Strategic Plan) တစ်ခုချမှတ် ဆောင်ရွက်သင့်
ကြောင်း ကိုလည်း လေးလေးနက်နက်အကြံပြုလိုပါ တယ်" ဟု ဦးခွန်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက အိုင်စီတီကဏ္ဍမှာ
မကြာခင်မှာပင် ဖွံ့ဖြိုးတိုးတက် တော့မည့် အရိပ်အယောင်များ တွေ့မြင်နေရ သည်ဟု ပြောသည်။
"ကျွန်တော့်တို့နိုင်ငံ အိုင်စီတီကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ စုနှစ်ကနေ စပြီးတော့
အစိုးရပုဂ္ဂလိကကဏ္ဍတွေက ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ထင်သလောက် ခရီးမရောက်
ခဲ့တာကို ကျွန်တော်တို့ တွေ့ရပါ တယ်။ အခုအခါမှာ ကျွန်တော်တို့ အိုင်စီတီ Infrastructure
(အခြေခံအဆောက်အအုံ) ကဏ္ဍ ကို ကျွန်တော်တို့ တယ်လီကွန်းဥပဒေပြီးတဲ့ နောက်မှာ ပုဂ္ဂလိ
ကကဏ္ဍကို ခွင့်ပြုပေးခဲ့တာ ဖြစ်တဲ့အတွက် မကြာမီအချိန်အတွင်းမှာ အိုင်စီတီကဏ္ဍတစ်ခုလုံး
ဖွံ့ဖြိုးတိုးတက်တော့ မယ့်အရိပ်အယောင်တွေကို ကျွန်တော်တို့ တွေ့ နေရပြီဖြစ်ပါတယ်" ဟု
၎င်းကပြောသည်။
"အိုင်စီတီကိုနှလုံးသွင်း၊ အိုင်စီတီဂါထာကိုရွတ်နေရုံနဲ့တော့ မဖြစ်ပါဘူး။ ကျွန်တော်တို့ ဘာလုပ်
ရမလဲဆိုတော့ ကိုယ်တိုင်ရှင်းလင်း ပြတ်သားတဲ့ Strategic decision လိုမှာဖြစ်ပါ တယ်။ ဒါပြင်
အဲဒီ Strategic decision ကိုလည်း အားလုံးသိအောင် ချပြရမှာဖြစ်ပါတယ်" ဟု ၎င်းက ပြော
သည်။
"နိုင်ငံတော် အနေနဲ့တော့ Strategic decision တစ်ခုကို ချမှတ်ပြီးတော့ မဆုတ်မနစ် အကောင်
အထည်ဖော်မယ့် အဖွဲ့အစည်းတစ်ခု ကိုတာဝန်ပေးသင့်တယ်" ဟု ၎င်းက ပြောသည်။
"ကျွန်တော်တို့မှာ ကံကောင်းတဲ့တစ်ချက် ရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ၁၉၉၆ ခုနှစ်ရဲ့ ကွန်ပျူ
တာဖွံ့ဖြိုးရေး ဥပဒေပဲ ဖြစ်ပါတယ်။ နာမည်ကိုက ကွန်ပျူတာဖွံ့ဖြိုးရေး ဥပဒေဖြစ်ပါ တယ်။ တချို့
ဟာလေးတွေက အနည်းငယ် မဖွံ့ဖြိုး တာလေးတွေတွေ့ရပါတယ်။ ဒီတော့ဘာလုပ်ဖို့ လိုလဲဆို
တော့ ဒီကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေကို လက်ရှိ အခြေအနေနဲ့ သင့်လျော်အောင်၊ အိုင်စီတီတကယ်ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည် ပြင်ဆင်ရေးဆွဲရမှာ ဖြစ်ပါတယ်" ဟု
ဦးဇော်မင်း ဦးက ပြောသည်။

















