ကနေဒါမှာကျင်းပခဲ့တဲ့ နှစ် ၃၀ ပြည့် တီအီးဒီညီလာခံ

ကနေဒါမှာကျင်းပခဲ့တဲ့ နှစ် ၃၀ ပြည့် တီအီးဒီညီလာခံ

စိတ်ဝင်စားစရာတွေ၊ အံ့အားသင့်စရာတွေ၊ စိတ်ထက်သန်ပြင်းပြမှုတွေနဲ့အတူ ကနေဒါ နိုင်ငံမှာ
ကျင်းပခဲ့တဲ့ နည်းပညာ၊ ဖျော်ဖြေရေးနဲ့ ဒီဇိုင်းဆိုင်ရာ ညီလာခံ (တီအီးဒီ)ကတော့ နှစ်ပေါင်း ၃၀
ပြည့်သွားပါပြီ။

ကယ်လီဖိုးနီးယားနိုင်ငံမှာ ၁၉၈၄ ခုနှစ်က တည်းက စတင်ခဲ့တဲ့ ညီလာခံလေးတစ်ခုဟာ အခု
တော့ ကမ္ဘာလုံးဆိုင်ရာညီလာခံကြီးတစ်ခုဖြစ် လာပါတယ်။ ပြီးခဲ့တဲ့အချိန်တွေကို လေးလေးနက်
နက် ပြန်လည်သုံးသပ်ပြီး ရှေ့ရေးအတွက် လည်း အကောင်းမြင်ကြည့်ပြီးတဲ့နောက်မှာ တော့
တီအီးဒီကမ္ဘာလုံးဆိုင်ရာညီလာခံကြီး ကို 'ဖြန့်ချိပေးသင့်တဲ့စိတ်ကူးကောင်းတွေ'ဆို တဲ့ ခေါင်းစဉ်နဲ့
မတ်လ ၂၁ ရက်နေ့မှာ ကျင်းပခဲ့ ပါတယ်။

"ဒီညီလာခံကတော့ လူတွေအတွက် စိတ်ဝင်စားစရာတွေ ပိုများလာပါတယ်" လို့ တီအီးဒီတာဝန်ခံ
ခရစီအန်ဒါဆန်က အေအက်ဖ်ပီကို ပြောပါတယ်။ "ကိစ္စတွေကို အတွင်းကျကျလေ့လာဖို့၊ အဓိက
အချက်တစ်ချက်ကို တင်ပြပြီး ဖြေရှင်းလို့ ရမယ့်နည်းလမ်းတွေကို အဲဒီအချက်မှာထပ်ဖြည့်ပေးနိုင်ဖို့
အခွင့်အရေးတိုင်းကို ကျွန်တော်တို့ ရယူဖို့ စီစဉ်နေပါတယ်" လို့ သူကပြောပါတယ်။

တီအီးဒီဟာ သူ့ရဲ့မူပိုင် 'ဆွေးနွေးခန်း'တွေကို အကြောင်းပြုပြီး ကမ္ဘာ့အဆင့်ညီလာခံတစ်ခု အဖြစ်
ကို ရရှိခဲ့တာပါ။ သူ့ရဲ့ ဆွေးနွေးခန်းတွေမှာ အတွေးပွားစေတဲ့ တင်ပြချက်တွေက်ို ၁၈ မိနစ်
လောက်အတွင်းမှာပဲ ထူးခြားပြောင်မြောက် ပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆန်းသစ်စွာ ဟောပြော
ကြပါတယ်။

အကြောင်းအရာစုံလင်လှတဲ့ တီအီးဒီ ညီလာခံ
ငါးရက်ကြာကျင်းပတဲ့ တီအီးဒီညီလာခံမှာ ဆွေးနွေးတင်ပြတဲ့ အကြောင်းအရာတွေက တော့
အမျိုးအစားစုံလင်လှပါတယ်။ စိတ်ကို ထိန်းချုပ်ထားတဲ့ ကပ်ပါးကောင်တွေအကြောင်း နဲ့ စက်တပ်
ဆင်ထားတဲ့လက်တုတွေ အကြောင်းကနေ အူတွင်းအဏုဇီဝရုပ်တွေနဲ့ လူ့အဖွဲ့ အစည်းအတွင်း
လက်ခံထားကြတဲ့ အယူအဆတွေအထိ အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေး ကြပါတယ်။

အမျိုးသမီးဖက်ရှင်မော်ဒယ် ဂီးနာရိုဆယ်ရို က သူမဟာ ဖိလစ်ပိုင်မှာ ယောက်ျားလေးတစ်ဦး
အဖြစ်မွေးဖွားခဲ့ကြောင်း ဒါပေမဲ့ သူမရဲ့ လျှို့ဝှက်အမှန်တရားလို့ပြောရမယ့် အမျိုးသမီးတစ်ဦးဖြစ်
လာခဲ့ကြောင်းကို ပထမဦးဆုံးအကြိမ် အနေနဲ့ တီအီးဒီစင်မြင့်ကို အသုံးချပြီး ပြောပြခဲ့ ပါတယ်။

"ကျွန်မရဲ့ အိမ်နီးချင်းတချို့၊ မိတ်ဆွေတချို့နဲ့ လုပ်ဖော်ကိုင်ဖက်တချို့က ကျွန်မရဲ့ အတိတ်ကို
မသိကြပါဘူး။ ကျွန်မရဲ့ အေဂျင်စီကတောင် ကျွန်မရဲ့ အတိတ်ဘဝကို မသိပါဘူး" လို့ ရိုဆယ်ရို
က တီအီးဒီစင်ြ့မင့်မှာ ပြောကြားခဲ့ပါတယ်။ "လိင်ပြောင်းအမျိုးသမီးတွေအတွက် ပထမဦး ဆုံး
အလုပ်က အလှမယ်ဖြစ်ခဲ့တယ်ဆိုတာကို လူတော်တော်များများက မပြောနိုင်ကြပါဘူး။

ဒါပေမဲ့ ကျွန်မကတော့ လိင််ပြောင်းပြီးတာနဲ့ အလှမယ်ဖြစ်ခဲ့တာပါ" လို့ သူက ပြောပါတယ်။
ဂူးဂဲလ်၊အမ်မဇုန်နဲ့ နက်တ်ဖလစ်စတာတွေကို တည်ထောင်ခဲ့တဲ့ အင်တာနက်တည်ထောင်သူတွေ
ကို စိတ်ဝင်စားစေတဲ့ အကြောင်းအရာတွေဖြစ်တဲ့ အင်တာနက်သတင်းလျှို့ဝှက်ထောက်လှမ်းခြင်း
နဲ့ အွန်လိုင်းမှာ အနှောင့်အယှက်ကင်း စေရေးကတော့ ဒီညီလာခံရဲ့ ရေပန်းအစားဆုံး အကြောင်း
အရာတွေ ဖြစ်ပါတယ်။ ယူအက်စ်အမျိုးသားလုံခြံုရေးအေဂျင်စီ (အင်န်အက်စ်အေ) ကန်ထရိုက်
တာဟောင်း စနိုးဒန်က သူပုန်းအောင်းရာနေရာ ရုရှားနိုင်ငံ ကနေ ထိန်းချုပ်ထားတဲ့ စက်ရုပ်တစ်ရုပ်
အနေနဲ့ ဆွေးနွေးပွဲမှာ ပါ၀င်ခဲ့တဲ့အခါမှာတော့ တီအီးဒီ ဆွေးနွေးပွဲကြီးလည်း ပိုပြီး သက်ဝင်လှုပ်ရှား
လာ ခဲ့ပါတယ်။

"စက်ရုပ်တစ်ရုပ်အဖြစ်နဲ့ ပါ၀င်ဆွေးနွေးခွင့် ရတဲ့အတွက် စနိုးဒန်ကို တကယ်စိတ်လှုပ်ရှား
စေပါတယ်"လို့ ဆွေးနွေးခန်းထဲမှာ လှည့်ပတ်သွားနေပြီး ဂူးဂဲလ်ပူးတွဲတည်ထောင်သူဆာဂျီ
ဘရင်းန်နဲ့ တခြားသူတွေနဲ့အတူ တွဲရပ်ပြီးတော့ တောင် ဓာတ်ပုံရိုက်ခံခဲ့တဲ့ စနိုးဒန်မျက်နှာပုံပေါ်
နေတဲ့ စက်ရုပ်နဲ့ပတ်သက်ပြီး အန်ဒါဆန်က ပြောပါတယ်။

"ကွန်ပျူတာပရိုဂရမ်ရဲ့ အမှတ်သင်္ကေတဖြစ် ပြီး ကွန်ပျူတာပရိုဂရမ်နဲ့ပတ်သက်ပြီး နှံ့နှံ့ စပ်စပ်
ကျွမ်းကျင်မှုကိုလည်းပြတဲ့ ဒီစက်ရုပ်ကို စနိုးဒန် နှစ်သက်ပါတယ်" လို့ သူက ပြောပါ တယ်။
စနိုးဒန်ရဲ့ တီအီးဒီညီလာခံမှာ ပါ၀င်ဆွေးနွေး မှုနဲ့ နောက်ထပ်ဖွင့်ချချက်တွေပေးဦးမယ်ဆိုတဲ့
သူ့ရဲ့ကတိစကားတွေဟာ အင်န်အက်စ်အေကို ဗီဒီယိုလင့်ခ်ကနေ ဆွေးနွေးပွဲနောက်တစ်နေ့ မှာ
ပါ၀င်စေခဲ့ပါတယ်။ စနိုးဒန်ရဲ့ ထီမထင်ပြုမူ မှုဟာ လူတွေအတွက် အန္တရာယ်များစေပြီး အကြမ်း
ဖက် သမားတွေကို သတိနဲ့နေအောင် လုပ်ပေးရာရောက်တယ်လို့ အင်န်အက်စ်အေ က ၀င်ရောက်
ပြောကြားထားပါတယ်။

"ဒါက ပြင်းထန်လှတဲ့ အနေအထားတစ်ရပ်ပါပဲ။ ဒီပြောကြားချက်က ကျွန်တော့်ကို စိတ်မသက်
မသာဖြစ်စေပါတယ်" လို့ အင်န်ဒါဆန် က ပြောပါတယ်။ ကယ်လီဖိုးနီးယားမှာ ကျင်းပနေကျဖြစ်
တဲ့ ဒီညီလာခံကို ဒီနှစ်မှာ ဗန်ကူးဗားမှာ ကျင်းပဖြစ် တာဟာ ထင်မြင်ချက်တွေအတွက် ကမ္ဘာ့စင်
မြင့် တစ်ခုအဖြစ် ညီလာခံကြီး ပြောင်းလဲဖြစ်ပေါ် လာတဲ့ လက္ခဏာပဲလို့ အန်ဒါဆင်က မြင်ပါ
တယ်။

တီအီးဒီဆွေးနွေးပွဲမှာ အားလုံးက မတ်တပ် ရပ်ဩဘာပေးရလောက်တဲ့ သဘာဝကို တုပပြု လုပ်
ထားတဲ့ ပထမဦးဆုံးဖန်တီးချက်တွေနဲ့ ပတ်သက်ပြီး ပြိုင်ပွဲတစ်ရပ်ရှိတယ်လို့ အန်ဒါဆန်နဲ့ X PRIZE
ဖောင်ဒေးရှင်း တည်ထောင်သူ Peter Diamandis တို့က ဒီဆွေးနွေးပွဲမှာ ကြေညာခဲ့ပါတယ်။

ပထမဦးဆုံးအတွေ့အကြံု တီအီးဒီရဲ့ ပြီးခဲ့တဲ့အချိန်နဲ့ ရှေ့လာမယ့်အနာဂတ်အချိန်တွေနဲ့ ပတ်သက်
တဲ့ အမြင်တွေ ကို ပြောကြားရာမှာ အမ်အိုင်တီမီဒီယာ စမ်းသပ် ခန်းကို တည်ထောင်သူ နီကို
လပ်စ်နီဂရိုပွန်တေး က လာမယ့် နှစ်ပေါင်း ၃၀ အကုန်ပိုင်းလောက် မှာ လူတွေဟာ အခုဗီတာမင်
တွေသောက်ကြ သလို အသိပညာတွေကိုလည်း မြိုချကြလိမ့် မယ် လို့ ခန့်မှန်းပြောကြားခဲ့ပါ
တယ်။

"နောက်ဆုံးတော့ တီအီးဒီဟာ တော်တော် လေး မူလဘူတကျတဲ့ အရာတစ်ခုကို အသုံးချ နေပါ
တယ်။ အဲဒါကတော့ လူတစ်စုက စင်မြင့် ထက်မှာ ပြောကြားနေ တဲ့သူတစ်ဦးကို ၀ိုင်းကြည့် ပြီး
ပြောနေတဲ့အကြောင်းအရာကို နားထောင် ကာ မျှဝေပေးနေတဲ့ အကြောင်းအရာတွေကို ပြောကြား
သူနဲ့ထပ်တူထပ်မျှခံစားကြမယ်ဆိုတာပဲ" လို့ အန်ဒါဆန်က ပြောပါတယ်။

ပထမဦးဆုံးတီအီးဒီဆွေးနွေးပွဲကတော့ အတွေးအခေါ်သမားတစ်စုက စိတ်ကူးသစ် တွေနဲ့ ပတ်
သက်ပြီး ဆွေးနွေးနားထောင်ကြတဲ့ နေရာလေးတစ်ခုပါ။ သိပ္ပံပညာရှင်တွေ၊ နိုင်ငံရေးလောကက
ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ စီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ ဂီတပညာရှင်တွေဟာ
နည်းပညာကို အဓိကထားဆွေးနွေးတဲ့ ညီလာခံ က စင်မြင့်ထက်ပေါ်ကို အဲဒီအချိန်ကတည်းက
ရောက်လာခဲ့ကြပါတယ်။

၂၀၀၆ ခုနှစ်မှာ တီအီးဒီဟာ ဆွေးနွေးချက် တွေကို အသံဖမ်းရိုက်ကူးထားပြီး တီအီးဒီဝက်ဘ်ဆိုက်
(TED.com) မှာ အခမဲ့ကြည့်ရှုနိုင် အောင် တင်ပေးထားပါတယ်။ ကြည့်ရှုသူတွေ က အတွေး
အခေါ်တွေနဲ့ပတ်သက်ပြီး ပိုစူးစူး စိုက်စိုက်လေ့လာနိုင်အောင်အတွက် ၀က်ဘ်ဆိုက် ကိုလည်း
မကြာသေးခင်က အဆင့်မြှင့်ပေး ထားပါတယ်။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်