Galaxy S5 နှင့် Gear Device များ ကြိုတင်မိတ်ဆက်

Galaxy S5 နှင့် Gear Device များ ကြိုတင်မိတ်ဆက်

မတ်လ ၂၁ ရက်နေ့က စတင်ပြီး ကမ္ဘာတစ်ဝန်းရှိ ဆိုင်ပေါင်း ၁,၄၀၀ ကျော်တွင် ကြိုတင်မှာ
ယူနိုင် ပြီဖြစ်သည့် ဆမ်ဆောင်း Galaxy S5 နှင့် Gear Device တို့ကို ဧပြီလ ၁ ရက်နေ့မှ
၉ ရက်နေ့အတွင်း ကြိုတင်မှာယူနိုင်သည်ဟု ဆိုသည်။

ကြိုတင်စာရင်းပေး မှာယူသူများသည် စရန် ငွေအဖြစ် ကျပ်တစ်သိန်းပေးရန် လိုအပ်ပြီး ဧပြီလ
၁၁ ရက်နေ့တွင် ကျင်းပမည့် Galaxy S5 Music Festival အတွက် လက်မှတ်များပါရနိုင် မည်
ဖြစ်သည်။

အဆိုပါစမတ်ဖုန်းကို မြန်မာ နိုင်ငံတွင် ဧပြီလ ၂၁ ရက်နေ့၌ စတင်ရရှိနိုင်မည် ဖြစ်သည်။
Galaxy S5 ကို ကျပ် ၆၄၅,၀၀၀ ဖြင့်ရောင်းချပေးမည်ဖြစ်ပြီး၊ Gear 2 ကို ကျပ် ၂၅၀,၀၀၀
၀န်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ် ကာ Gear Fit ကို ကျပ် ၁၈၀,၀၀၀ ၀န်းကျင်ဖြင့် ရောင်း
ချပေးမည် ဖြစ်သည်။

အဆိုပါ ဆမ်ဆောင်း Galaxy S5 နှင့် Gear Fit တို့ကို မတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့၌
ခင်းကျင်း မိတ်ဆက်ပြသခဲ့သည်။ Galaxy S5 သည် အဆင့်မြင့်ကင်မရာ၊ အမြန်ဆုံးကွန်ရက်
ချိတ်ဆက်မှု၊ ကျန်းမာကြံ့ခိုင် ရေးအထောက်အကူပြုစွမ်းဆောင်ရည်များ၊ အဆင့်မြင့်ဖုန်းကာ
ကွယ်မှု လုပ်ဆောင်ချက် အသစ်များကို ပေါင်းစပ်ထားသည့် ဆမ်ဆောင်း ၏ နောက်ဆုံးပေါ်
စမတ်ဖုန်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်