စွန့်ဦးတီထွင်သူများကို မြေတောင်မြှောက်သော အစီအစဉ်

စွန့်ဦးတီထွင်သူများကို မြေတောင်မြှောက်သော အစီအစဉ်

ဆက်သွယ်ရေးလိုင်စင်ရရှိထားသော ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီသည် မြန်မာနိုင်ငံ ရှိ
စွန့်ဦးတီထွင်သူများကို အရည်အချင်းများ ပိုမိုတောက်ပြောင်လာစေရန်၊ လူငယ်များ အတွက်
အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလားစေရန်၊ ဒေသတွင်းတွင် မိုဘိုင်းဆက်သွယ်ရေးနှင့်
ပတ်သက်သည့် တီထွင်ကြံဆ မှုများ ပိုမိုများပြားလာစေရန်နှင့် အက်ပလီ ကေးရှင်းများနှင့် စီးပွားရေးအကြံဉာဏ်များ ပေါ်ပေါက်လာစေရန် မြေတောင်မြှောက်ပေးခြင်းအစီအစဉ်ကို တိုးချဲ့
လျက်ရှိသည်။

ထိုအစီအစဉ်များသည် ဈေးကွက်ထဲသို့ ဆန်းသစ်သော ၀န်ဆောင်မှုများနှင့် အက်ပလီ ကေးရှင်း
များ ယူဆောင်စေချင်သောရည်ရွယ် ချက်အပြင် တီထွင်ကြံဆသော နယ်ပယ်များ တွင် စွန့်ဦး
တည်ထောင်လိုသော လူငယ်ကိုယ်ပိုင် စီးပွားရေးပညာရှင်များ၏ တီထွင်ကြံဆမှုများ ကို ဆက်
လက်မွေးထုတ်လိုခြင်းနှင့် ပိုမို စွမ်းအားဖြည့်လိုသော ရည်ရွယ်ချက်ဖြစ်သည်။

ပဏာမခြေလှမ်းအားဖြင့် အော်ရီဒူး တူနီးရှား ၏ Start-up Factory ၊ အင်ဒိုနီးရှားရှိ
အင်ဒိုဆက် ၏ Ideabox နှင့် အော်ရီဒူး အယ်လ်ဂျီးရီးယား၏ Tstart နှင့် Istart  အပါအဝင်
အော်ရီဒူး၏ ဈေးကွက်များတွင် စီးပွားရေးမြေတောင်မြှောက်ခြင်းဆိုင်ရာများကို အောင်မြင်စွာ
စတင်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်