တယ်လီနော်မြန်မာ၏ Live Core Network မှ တစ်ဆင့်ဖုန်းခေါ်ဆိုမှုကို ဧပြီလ ရ ရက်နေ့က
အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး တယ်လီနော မြန်မာ၏ Live Core Network မှတစ်ဆင့် ဗဟန်း
မြို့နယ်ရှိ တယ်လီနောမြန်မာရုံးချုပ်သို့ အသံနှင့် ဗွီဒီယိုခေါ်ဆိုမှုကို စမ်းသပ်ခေါ်ဆိုခဲ့ကြသည်။
အဆိုပါခေါ်ဆိုမှုကို တယ်လီနော၏ 3G ကွန်ရက်ပေါ်တွင် စမ်းသပ်ခဲ့ခြင်းဖြစ်ကာ
မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဦးမြတ်ဟိန်းက လာရောက်လေ့လာ စမ်းသပ်ခဲ့သည်။ "ရှစ်လအကြာမှာ ရောင်းချမယ့် ဆင်းကတ်
တွေမှာ ဖုန်းအသံရော ဗီဒီယိုခေါ်ဆိုမှုကိုပါ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ဗီဒီယိုခေါ်ဆိုမှုကို အင်တာနက်
Data နှုန်းထားအတိုင်း ကောက်ခံ သွားပါမယ်" ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်
Mr.Petter Furberg က ပြောသည်။

















